ယူနိုက်တက်နဲ့ ပထမအကျော့မှာ ဘယ်ကြောင့် သရေကျခဲ့လဲဆိုတာကို လှလှပပနဲ့ ဖြေကြားသွားခဲ့တဲ့ ဆာလာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာက အင်တာဗျူးတစ်ခုမှာ ယူနိုက်တက်နဲ့ ပထမအကျော့ သရေပွဲအကြောင်းကို လှပစွာနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ ပထမအကျော့မှာ ယူနိုက်တက်တို့ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ လယ်လာနာက ချေပဂိုး ပြန်သွင်းခဲ့လို့ ၁-၁ သရေပွဲနဲ့ ပြီးဆုံးခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဘာကြောင့် သရေကျခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ဆာလာကို မေးမြန်းရာခဲ့ရာမှာ အီဂျစ်သားက “ဟုတ်တယ်လေ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာရနေလို့ပါ”လို့ ရိုးရိုးရှင်းရှင်း ဖြေကြားသွားခဲ့ပါတယ်။

ဆာလာဟာ အဆိုပါ ပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အိုရီဂီတို့ တိုက်စစ်မှာ ပွဲထွက်ပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ပထမဂိုးကို အိုရီဂီ လူချခံခဲ့ရပေမဲ့ ကွင်းလယ်ဒိုင်က ပွဲကို ဆက်ကစားစေဖဲ့တာကြောင့် ဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးမှုကနေ ရက်ရှ်ဖို့ဒ်က ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဂိုးအတွက် VARက ပြန်လည် ကြည့်ရှုခဲ့ပေမဲ့ ဂိုးပေးခဲ့ပါတယ်။

ချိန်လာလိန်နဲ့ လယ်လာတို့ ဝင်လာချိန်မှာတော့ ယူနိုက်တက် ခံစစ် ပြိုကွဲလာခဲ့ပြီး ပွဲပြီးခါနီမှာ လယ်လာနာက ခြေပဂိုး ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ လီဗာပူးတို့ မန်စီးတီးကို ၁၄မှတ် ဖြတ်ထားခဲ့ပြီး ယူနိုက်တက်ကို ၂၇မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဆာလာဟာ မနက်ဖြန်မှာ ကစားမယ့်ပွဲစဉ်မှာတော့ ပါဝင်လာမှာ ဖြစ်ပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပါဝင်လာနိုင်တယ်လို့ ကလော့ပ်က ဆိုထားခဲ့ပါတယ်။