ယူနိုက်တက်တို့ ဇန်နဝါရီမှာ ဂျီမီနက်ဇ်ကို ခေါ်ယူနိုင်မယ်လို့ ဘာကြောင့် ယုံကြည်မှုအပြည့် ရှိနေတာလဲ??

ယူနိုက်တက်အသင်းဟာ ဝုဗ်တိုက်စစ်မှူး ရာအူး ဂျီမီနက်ဇ်ကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ အဓိက အကြောင်းအရာ၂ချက်ကတော့ ဂျော့ချ် မန်ဒက်စ်နဲ့ ဆက်ဆံရေးနဲ့ ဝုဗ်တို့ ဇန်နဝါရီမှာ ကစားသမားရောင်းချဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းရယ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဂျီမီနက်ဇ်ဟာ နည်းပြ ဆိုးလ်ရှားရဲ့ ပစ်မှတ်၁ခုအဖြစ် ပြီးခဲ့တဲ့ အပတ်တွေအတွင်းကပဲ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ဂျီမီနက်ဇ်ရဲ့ ခြေစွမ်းကို အထူးကြိုက်နှစ်သက်နေပြီး ဝုဗ်နဲ့ပွဲအပြီးမှာလည်း မက်ဆီကိုသားကို အထူးချီးကျူးသွားခဲ့ပါတယ်။

Goalရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တို့ ဂျီမီနက်ဇ်ကို ခေါ်ယူခွင့်ရမယ်လို့ အကောင်းမြင်နေတဲ့ အချက်၂ချက်ရှိတယ်လို့ သိရပါတယ်။ ပထမအကြောင်းအရင်းကတော့ ဂျီမီနက်ဇ်ရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ်နဲ့ ယူနိုက်တက်တို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပါတယ်။

ဂျော့မန်ဒက်စ်ဟာ ယူနိုက်တက်ကို ခရစ္စတီယာနို ရော်နယ်ဒို၊ ဒီဂီယာ၊ ဖယ်ကာအို၊ ဒီမာရီယာတို့လို ကစားသမားကောင်းတွေကို ခေါ်ယူလာပေးခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာကြောင့် ဝုဒ်ဝါ့နဲ့ မန်ဒက်စ်တို့ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

နောက်၁ချက်ကတော့ ဝုဗ်အသင်းဟာ ဂျီမီနက်ဇ်ကို အဆုံးရှုံးမခံနိုင်ပေမဲ့ ကစားသမား ရောင်းချမယ်ဆိုတဲ့ အချက်ကိုလည်း ငြင်းပယ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်တို့ ငွေကြေးအလုံးအရင်းနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ ဂျီမီနက်ဇ်ကို ရောင်းချဖို့ ဝုဗ်တို့ စဉ်းစားလာနိုင်ပါတယ်။

ဝုဗ်နည်းပြ နူနို ဆန်းတို့စ်ကလည်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖြေကြာဖို့ ငြင်းဆန်ထားခဲ့ပါတယ်။