ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ ယူနိုက်တက်အသင်းဟာ နေက်ခံလူ အဲရစ်ဘိုင်လီကို နောက်ထပ် ၂ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘိုင်လီဟာ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲလ်အသင်းကနေ ပေါင် ၃၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။


>>> သတင်းတွေအရ ယူနိုက်တက်ဟာ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ချ်ကို ခေါ်ယူဖို့ လက်လျော့လိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ ဒီရာသီ ဗီလာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ဗီလာအသင်းဘက်ကလည်း ရောင်းချဖို့ အစီအစဉ်မရှိတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ နောက်ခံလူ အက်ရှ်လေယန်းရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်ဟာ ယန်းရဲ့နေရာမှာ ပီအက်စ်ဂျီနောက်ခံလူ မူနီယာကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားကာ အခုအပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ စီစဉ်နေပါတယ်။


>>> အီတလီသတင်းထောက် ဖေဘီယို ဆန်တီနီက ယူနိုက်တက်ဟာ နာပိုလီနောက်ခံလူ ကူလီဘာလေကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ နာပိုလီအသင်းနဲ့ ပေါင် ၆၀ သန်းကျော်နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး လာမယ့်နွေရာသီမှာ ယူနိုက်တက်နဲ့ ပူးပေါင်းမယ်လို့ ဆိုပါတယ်။


>>> Daily Mail သတင်းဌာနကတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ဒမ်ဘီလီကိုချိန်ရွယ်လာခဲ့တယ်လို့ ဖော်ပြခဲ့ပြန်ပါတယ်။ လက်ရှိယူနိုက်တက်တိုက်စစ်ပိုင်းမှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ကိုသာ အားကိုးနေရပြီး နောက်ထပ်အားကိုးလို့ရမယ့်ကစားသမား မရှိတာကြောင့် ဒမ်ဘီလီကို ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဒီရာသီမှာ အသင်းအတွက် ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။