ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> မန်ချက်စတာကလာတဲ့သတင်းတွေအရ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ သိပ်မကြာတော့တဲ့အချိန်မှာ ယူနိုက်တက်ကစားသမား ဖြစ်လာတော့မယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အဆိုပါပေါ်တူဂီသားရဲ့အပြောင်းအရွှေ့ ပြောင်းရွှေ့ကြေးကြောင့် ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
>>> ယူနိုက်တက်နောက်ခံလူ အက်ရှ်လေယန်းဟာ အင်တာမီလန်ကို ဆေးစစ်ဖို့ ရောက်ရှိနေပြီဖြစ်တယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂သင်းကြားပြောင်းရွှေ့ကြေးပေါင် ၁.၃ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး ယန်းဟာ ယူနိုက်တက်ကနေ အင်တာကို ရောက်ရှိမယ့် လူကာကူ ၊ ဆန်းချက်တို့ ပြီးနောက် တတိယမြောက်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

>>> ပြင်သစ်ကလာတဲ့သတင်းတွေမှာတော့ ယူနိုက်တက်ဟာ ယန်းရဲ့နေရာမှာ ပီအက်စ်ဂျီနောက်ခံလူ မူနီယာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ယူနိုက်တက်ဟာ အက်ရှ်လေယန်းနေရာအတွက် အစားထိုးဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

>>> ယူနိုက်တက်အသင်းလူငယ်ကစားသမား တာဟစ်ချောင်ကို ခေါ်ယူဖို့ရေးတိုက်ပွဲမှာ အင်တာမီလန် ၊ ဂျူဗင်တပ်စ်တို့အပြင် နာပိုလီအသင်းပါ ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဆိုပါအသက် ၂၀ အရွယ်ကစားသမားဟာ အသင်းနဲ့ ၆ လစာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး စာချုပ်သစ်မချုပ်ဆိုတော့တာကြောင့် စီးရီးအေကလပ်တွေက ခေါ်ယူဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

>>> မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းက ခန့်အပ်ဖို့ စီစဉ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ မန်ချက်စတာက လာတဲ့သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားနေရာမှာ ပိုချက်တီနိုကို အစားထိုးဖို့ စီစဉ်ထားတာဖြစ်ပြီး စီးတီးထက် ခြေတစ်လှမ်းပိုသာနေတာ ဖြစ်ပါတယ်။