ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်အပြောင်းအရွှေ့အတွက် အဆုံးမသတ်နိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆုံးသတင်းတွေအရ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် နောက်ခံလူ မားကို့စ်ရိုဂျိုကိုပါ အပြောင်းအရွှေ့အတွက် ထည့်သွင်းထားတယ်လို့ ဖော်ပြနေကြပါတယ်။


>>> Daily Star သတင်းဌာနကတော့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပြောင်းအရွှေ့ပြီးနောက် လိုင်လီကွင်းလယ်လူ ဆိုမာရေးစ်ကို ထပ်မံခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အမှုဆောင် ဝုဒ်ဝါ့ဟာ အခုအပတ်ထဲမှာပဲ ပြင်သစ်ကို ထွက်ခွာသွားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဆိုပါသွားရောက်မှုဟာ ဆိုမာရေးစ်အပြောင်းအရွှေ့အတွက် ဖြစ်နိုင်ချေရှိနေပါတယ်။

>>> ပြင်သစ်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ချိန်ရွယ်လာတယ်လို့ ဖော်ပြနေကြပါတယ်။ မူလက ကာဗာနီဟာ အက်သလက်တီကို ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စိတ်ပြောင်းသွားခဲ့တာကြောင့် ယူနိုက်တက်အတွက် အခွင့်ကောင်းဖြစ်လာခဲ့ပါတယ်။

>>> ယူနိုက်တက်တိုက်စစ်မှူး လင်ဂတ်တစ်ယောက် စူပါအေးဂျင့် ရွိုင်းအိုလာနဲ့ ချိတ်ဆက်ပြီးနောက်မှာတော့ အီတလီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သတင်းတွေကဆိုပါတယ်။ အဆိုပါအင်္ဂလန်သားကို အေစီမီလန်အသင်းက ပေါင် ၂၄ သန်းနဲ့ ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်ဖက်က ပေါင် ၃၄ သန်းအထိ တန်ကြေးသတ်မှတ်ထားခဲ့ ဖြစ်ပါတယ်။

>>> အင်တာမီလန်အသင်းက ခေါ်ယူဖို့ နီးစပ်နေတဲ့ ယူနိုက်တက်နောက်ခံလူ အက်ရှ်လေယန်းကို ခရစ္စတယ်ပဲလေ့စ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ လန်ဒန်ကလာတဲ့သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် လာဇီယိုအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြန်တာကြောင့် ယန်းကို အသင်း ၃ သင်းလောက် အပြိုင်လုရဖွယ်ရှိနေပါတယ်။