ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ


>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ မားကို့စ် လော်ရန်တေးကို အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ ရီးရဲလ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့လာပြီးနောက် အသင်းမှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

>>> ယူနိုက်တက်အမှုဆောင် ဝုဒ်ဝါ့ဟာ အင်္ဂါနေ့က ပြင်သစ်ကို ထွက်ခွာသွားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ပြင်သစ်ကလာတဲ့သတင်းတွေအရ ဝုဒ်ဝါ့ဟာ လိုင်လီကွင်းလယ်လူ ဆိုမာရေးစ်ရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


>>> လိုင်ယွန်အသင်းဥက္ကဌ အော့လက်စ်ကတော့ သူတို့ဟာ အသင်းရဲ့တိုက်စစ်မှူး ဒမ်ဘီလီကို အခုအပြောင်းအရွှေ့မှာ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အဆိုပါတိုက်စစ်မှူးကို ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေကာ လက်ရှိလိုင်ယွန်ဥက္ကဌရဲ့ပြောကြားချက်ကြောင့် ယူနိုက်တက်ဟာ ပစ်မှတ်ပြောင်းရဖွယ် ရှိနေပါတယ်။


>>> ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို အာဆင်နယ်က ကြားဖြတ်ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မက်ဒီဆင်ကို နွေရာသီမှသာ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။


>>> အီတလီကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ နာပိုလီနောက်ခံလူ ကူလီဘာလေကို ပေါင် ၆၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကစားသမားဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ ပူးပေါင်းဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါနောက်တန်းကစားသမားကို အသင်းကြီးတော်တော်များက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။