ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

> ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိလာပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ပေါင် ၆၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရတော့မှာဖြစ်ပြီး လာမယ့်အပတ်ထဲမှာ အပြောင်းအရွှေ့အပြီးသတ်တော့မယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

>> အက်စတွန်ဗီလာအသင်းကွင်းလယ်လူ ဂရီးလစ်ဂျ်ဟာ တွစ်တာက “This but in a red shirt”ဆိုတဲ့ စာသားကို လိုက်ခ်လုပ်မိခဲ့တာကြောင့် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းတွေက ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပြင် ဂရီးလစ်ဂျ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


>>> ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့အခြေအနေကို စောင့်ကြည့်ဖို့ ကင်းထောက်တစ်ယောက်ကို သီးသန့်စေလွှတ်ခဲ့တယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ နော်ဝေသားဟာ ပေါ့ဂ်ဘာ ၊ တိုမီနေးတို့ မရှိတဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ စီစဉ်နေပြီး ဖာနန်ဒက်စ်အပြင် အခြားကွင်းလယ်ကစားသမားတွေကိုလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ခေါ်ယူပြီးပါက လက်ရှိအသင်းရဲ့ကွင်းလယ်လူ မာတစ်ကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတာ်။ အဆိုပါကွင်းလယ်ကစားသမားကို အင်တာမီလန် နဲ့ မေဂျာလိဂ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။


>>> သတင်းတွေအရ ယူနိုက်တက် နဲ့ အာဆင်နယ်အသင်းတို့ဟာ ဝက်ဖို့ဒ်နောက်ခံလူ ကာဘာဆီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကာဘာဆီလီနဲ့ ဝက်ဖို့ဒ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ နောက်တန်းနေရာအတွက် အသက် ၂၈ နှစ်သားကို ခေါ်ယူဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။