ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

0
14421

>>> ယူနိုက်တက်အသင်းကွင်းလယ်လူ လင်ဂတ်ကို လက်စတာအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အဆိုပါအင်္ဂလန်သားဟာ မနေ့ကကစားခဲ့တဲ့ ထရမ်မဲလ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


>>> Daily Mail သတင်းဌာနအရ ယူနိုက်တက်အသင်းကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို ဆန်းဒါးလန်းအသင်းက အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအသက် ၁၈ နှစ်သားဟာ ဒီရာသီယူနိုက်တက်အသင်းနဲ့ ၇ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။
>>> Metro သတင်းဌာနကတော့ ယူနိုက်တက်ဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ အမ်မရီချန်ကို ခေါ်ယူဖို့ လက်မလျော့သေးကြောင်း ဖော်ပြခဲ့ပါတယ်။ ဂျာမန်သားဟာ တူရင်မြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ဂျူဗင်တပ်စ်အသင်းကတော့ တန်ကြေးပေါင် ၂၅ သန်းရရင် ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။


>>> The Guardian သတင်းဌာနက ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူအတွက် ပေါင် ၃၈ သန်းအပြင် အပိုဆုကြေးပါတိုးမြှင့် ကမ်းလှမ်းခဲ့ပြီး သောကြာနေ့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင် အရခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။
>>> Mirror သတင်းဌာနကတော့ ယူနိုက်တက်ဟာ လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြန်တယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်စတာအသင်းကတော့ သူတို့ရဲ့အဓိကကြယ်ပွင့်ကို အခုအပြောင်းအရွှေ့မှာ ရောင်းချလိုခြင်းမရှိပဲ နွေရာသီမှသာ ရောင်းချသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။