ယနေ့ညအတွက် နောက်ဆုံးရသတင်းများ စုစည်းမှု

၁။ မန်ယူနိုက်တက်ဟာ အေဂျက်စ်ကွင်းလယ်တိုက်စစ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာဒီကစားသမားကို စတာလင်ပေါင် (၅၀)သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ဗန်ဒီဘိခ်ဟာ ဒီရာသီမှာ အေဂျက်စ် အတွက် သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားခဲ့တာပါ။

၂။ ချဲလ်ဆီးအသင်းဟာ ဘန်လေအသင်းထံအဌားချထားတဲ့ ကွင်းလယ်လူ ဒရင့်ဝါးတားကို အက်စတွန်ဗီလာအသင်းထံ ပြောင်းလဲ အဌားချထားလိုက်ပြီဖြစ်ပါတယ်။ဒရင့်ဝါးတာဟာ ဘန်လေမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရတာပါ။

၃။ ခရစ္စတယ်ပဲလေ့အသင်းဟာ အေစီမီလန်တိုက်စစ်မှုှး ဘိုရီနီကို ချိတ်ဆက်နေခဲ့တာကြောင့် ချယ်ဆီးအသင်းကို ဇာဟာ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ချယ်ဆီးဟာ အတ္တလန်တာတောင်ပံခံစစ်မှုး ရိုဘင် ဂိုဆင်ကိုလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

၄။ အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် အက်ရှ်လေယန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဝေဖန်မှုတွေအများအပြားခံနေရတဲ့ဒီကစားသမားဟာ ဒီရာသီမှာ ပွဲထွက်ခွင့်အနည်းငယ်သာရရှိထားခဲ့တာပါ။

၅။ ဒေါ့မွန်အသင်းဟာ ဒီရာသီမှာ ဂျေဒန်ဆန်ချိုကို အသင်းကနေ ရောင်းချသွားမှာ မဟုတ်ဘူးလို့ Sky Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ဆန်ချို ဟာ ပရီးမီးယားလိဂ်အသင်းကြီးအများအပြားစိတ်ဝင်စားခံနေရတာဖြစ်ပြီး ဒေါ့မွန်ကတော့ ကောင်းမွန်တဲ့ အစားထိုးမှုပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် နွေရာသီမှသာ ရောင်းချသွားဖွယ်ရှိနေတာပါ။

၆။ အက်စတွန်ဗီလာအသင်းဟာ အေစီမီလန်အသင်းက အရောင်းစာရင်တင်ထားတဲ့ ပိုလန်တိုက်စစ်မှှုး ပီယာတက်ခ်ကို ယူရို (၂၅.၅ )သန်းနဲ့ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ပီယာတက်ခ်ဟာ ဂျီနိုအာမှာအထူးခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်ရာသီ မီလန်မှာတော့ ခြေစွမ်းပျောက်ဆုံးနေတာပါ။

၇။ မန်ယူနိုက်တက်နဲ့ အစီးမကပ်လှတဲ့ အေးဂျင့် ရိုင်းအိုလာကို အေးဂျင့် အဖြစ်ပြောင်းလဲ ခန့်အပ်ခဲ့ပြီးနောက်မှာတော့ လင်ဂတ် အသင်းပြောင်းတော့မယ်ဆိုတဲ့သတင်းတွေ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။
လင်ဂတ်ဟာ ဒီတစ်နှစ်လုံးမှာ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုမရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာပါ။