ယခုအချိန်မှာ လီဗာပူးအသင်းကို ရပ်တန့်နိုင်တာဆိုလို့ တတိယကမ္ဘာစစ်သာ ရှိတော့ကြောင်း ပရိသတ်တွေ သုံးသပ်နေ

ယခုအချိန်မှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလားမရအောင် ရပ်တန့်နိုင်တာဆိုလို့ တတိယကမ္ဘာစစ်သာ ကျန်ရှိတော့ကြောင်း ဘောလုံးပရိသတ်တွေက ထင်မြင်ယူဆနေကြပါတယ်။ လီဗာပူးအသင်းဟာ ယခုနှစ်ရာသီမှာ ပွဲ၂၀ဆက် ရှုံးပွဲမရှိစံချိန်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက လက်စတာကို ၁၃မှတ်အထိဖြတ်ကာ ဦးဆောင်ထားခဲ့ပါတယ်။

ဒါပေမဲ့ ယမန်နေ့က အမေရိကန်လေကြောင်းမှ အီရန် ဗိုလ်ချုပ်ကြီး ဆိုလီမာနိုကို သတ်ဖြတ်သုတ်သင်ခဲ့ပြီးနောက် တတိယကမ္ဘာစစ် ဖြစ်လာတော့မယ်လို့ ထင်ကြေးပေးမှုအများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာကို အစပြုပြီး တွစ်တာမှာတော့ WWIIIဆိုတဲ့ အသုံးအနှုံးက Trend ဖြစ်နေခဲ့ကာ လူပြောများနေခဲ့ပြီး လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို ရပ်တန့်နိုင်ဖို့ တတိယကမ္ဘာစစ်ဖြစ်မှသာ ရတော့မယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲပြီးနောက် ရှုံးပွဲမရှိခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နောက်ဆုံး ရှုံးနိမ့်ခဲ့တာကတော့ မန်စီးတီးကို ဖြစ်တဲ့အတွက် ၃၇ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရရှိနေခဲ့တာပါ

အဆိုပါ မှတ်တမ်းကို ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းဆိုလို့ ၂၀၀၄-၀၅က ချဲလ်ဆီးနဲ့ ၂၀၀၃-၀၄က အာဆင်နယ်တို့သာ ရှိနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းသာ ဧပြီလ ၄ရက်နေ့မှာ ကစားမယ့် မန်စီးတီးကိုသာ ရှုံးပွဲမတွေ့အောင် ကစားနိုင်မယ်ဆိုရင်တော့ အာဆင်နယ်နဲ့တန်းတူ Invincibles ဘွဲ့ကို ရရှိသွာတော့မှာပဲ ဖြစ်ပါတယ်။