ယခုနှစ်ပရီးမီးယားလိဂ်မှာ ခြေစွမ်းနှင့်ကိုက်ညီမှုမရှိပဲ အလွန်အကျွံ လစာပေးချေနေရတဲ့ ကစားသမား (၁၀) ဦး

0
564

 

ဘောလုံးကလပ်အသင်းတစ်သင်းမှာ ခြေစွမ်းနဲ့ကိုက်ညီမှုမရှိဘဲ လစာအလွန်အကျွံ ပေးချေနေရတဲ့ ကစားသမားတွေရှိနေတတ်ကြပါတယ်။ကစားသမားတစ်ဦးကို တစ်ပတ် ယူရိုတစ်သိန်းခွဲလောက်ပေးချေတာဟာ ဒီကစားသမားက အပတ်တိုင်း ဂိုးတွေသွင်း ဂိုးဖန်တီးမှုတွေပြုလုပ်နေရင်ဒါဟာ ထိုက်တန်တယ်လို့ ယူဆရမှာ ဖြစ်ပြီး ဝင်ကစားတဲ့ ပွဲအရေအတွက်တွေပါ နည်းပါးနေတယ်ဆိုရင်တော့ ဒါဟာ ကလပ်အသင်းအနေနဲ့ကြီးမားတဲ့ နစ်နာမှုတစ်ခုပဲဖြစ်ပါတယ်။ယခုဖော်ပြပေးသွားမှာကတော့ Spotrac ကပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ လစာအလွန်အကျွံပေးချေနေရတဲ့
EPL ကစားသမား ၁၀ ဦးရဲ့စာရင်းပဲဖြစ်ပါတယ်။

၁၀။ မီဆွတ်အိုဇေးလ်(အာဆင်နယ်)

အိုဇေးလ်ရဲ့လစာဟာ တပတ်ကို ယူရို ၂၆၈၇၅၀ အထိရှိနေပေမယ့်ဒီနှစ်ရာသီမှာ နည်းပြဟောင်းအူနိုင်းအမ်မရီ လက်ထက်မှာ ကစားခွင့်တောင်မရခဲ့တာဖြစ်ပြီး
ဒီစာရင်းမှာပါဝင်လာဖို့ လုံးဝထိုက်တန်နေခဲ့ပါတယ်။

၉။ လုခ်ရှော (မန်ယူနိုက်တက်)

တပတ်ကို ယူရို ၁၂၀၀၀၀ ရရှိနေတဲ့ လုခ်ရှောဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ် (၁၀)ပွဲ အထိ ဒီရာသီမှာလွဲချော်ထားသူဖြစ်ပြီး ဒီစာရင်းရဲ့ နံပါတ် ၉ နေရာမှာနေရာယူထားခဲ့တာပါ။

၈။ မာမာဒူဆာခို (ပဲလေ့စ်)

တပတ် ယူရို တစ်သိန်းရရှိနေတဲ့ ဆာခိုကတော့ လီဗာပူးမှာ ကစားခဲ့တဲ့ ခြေစွမ်းတွေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို ယခုရာသီမှာလည်း ပဲလေ့စ်အတွက် ၆ ပွဲသာ ဝင်ကစားခွင့်ရရှိခဲ့တာပါ။

၇။ မားကို့စ် ရိုဂျို(မန်ယုူနိုက်တက်)

တပတ် ယူရို ၈၀၀၀၀ ရရှိနေတဲ့ ရိုဂျိုဟာ ဒီနှစ်ရာသီအစမှာ အဲဗာတန်ကို ရောက်ဖို့ အတော်လေးနီးစပ်ခဲ့ပေးမယ့် ပျက်ပြယ်သွားခဲ့တာကြောင့် ဒီရာသီမှာ မန်ယူနိုက်တက်မှာဆက်လက်ရှိနေခဲ့တာပါ။

ဒီကစားသမားဟာ ဒီရာသီမှာ မိနစ် ၁၂၀ သာအသင်းအတွက် ကစားပေးထားခဲ့ပါတယ်။

၆။ မူစတာဖီ (အာဆင်နယ်)

မူစတာဖီကတော့ အာဆင်နယ်ပရိသတ်ရဲ့ အဝေဖန်ခံရဆုံး နောက်ခံလူတစ်ယောက် ဖြစ်တာနဲ့အညီ ပွဲထွက်ခွင့်တစ်ပွဲသာ ရခဲ့ပေမယ့် သူ့ကို အာဆင်နယ်က တပတ် ယူရို ၉၀၀၀၀ ပေးချေနေရတာကတော့

လုံးဝကို မတန်ဘူးလို့ဆိုရမှာပါ။

၅။ ပေါ့ဂ်ဘာ (မန်ယူနိုက်တက်)

ထိပ်တန်းကွင်းတွင်းခြေစွမ်းနဲ့ ပေါ့ဂ်ဘာဟာလည်း ဒီနှစ်ရာသီမှာ ၇ ပွဲသာ ဝင်ကစားခွင့်ရထားတာကြောင့် သူ့တပတ်စာ ယူ ရို ၃၀၀၀၀၀ ကတော့ လုံးဝကိုဖြုန်းတီးမှုသက်သက်ဖြစ်နေခဲ့ပါတယ်။

၄။ မက်စ်မီယာ (ပဲလေ့စ်)

ရှော်ကေးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ မက်စ်မီယာကတော့ ပဲလေ့စ်အတွက် တစ်ရာသီလုံးမှာ ငါးခါသာ ဝင်ကစားထားခဲ့တာကြောင့် သူ့ရဲ့ တပတ်စာ ယူရို ၁၂၅၀၀၀ ဟာ တကယ်ကို များလွန်းနေခဲ့ပါတယ်။

၃။ နသန်ကလိုင်း (လီဗာပူးလ်)

တစ်နှစ်တိတိ ကစားကွင်းတွေနဲ့ ဝေးကွာနေတဲ့ ကလိုင်းအတွက် တပတ် ယူရို ၇၀၀၀၀ ပေးချေနေရတာဟာလည်း လီဗာပူးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေခဲ့တာပါ။

၂။ ဖီးလ်ဂျုံးစ် (မန်ယူနိုက်တက်)

ရှက်ဖီးယူနိုက်တက်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ၄၅ မိနစ်ဝင်ရောက်ကစားခဲ့တာဟာ ဖီးလ်ဂျုံစ်အတွက် ဒီရာသီ ပထမဆုံးနဲ့နောက်ဆုံးကစားခဲ့ရတာဖြစ်ပြီး သူ့ကို လစာ ၇၅၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့

ယူနိုက်တက် ဘုတ်အဖွဲ့ကတော့ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

၁။ ဘန်တီကီ (ပဲလေ့စ်)

လေးပွဲဝင်ကစားခဲ့ပြီး သွင်းဂိုးမရှိဘူးဆိုတာဟာ တပတ် ယူရိုတစ်သိန်းရနေတဲ့ တိုက်စစ်မှုးတစ်ယောက်အတွက်လုံးဝလက်ခံနိုင်စရာ ကိစ္စမဟုတ်တာကြောင့် ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရယူထားတာဟာလည်း

အံ့သြစရာတော့ ဟုတ်မယ်မထင်ပါဘူး။