မိနစ် ၂၀ အတွင်း ဟာလန်း ဟက်ထရစ်သွင်းတော့ မန်ယူပရိသတ်တွေဘာပြောလဲ

0
1564
Photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်အသင်းနဲ့ပွဲဦးထွက်မှာပဲ တိုက်စစ်မှူးသစ်ဟာလန်း ဟက်ထရစ်ဂိုးသွင်းယူသွားတာကြောင့် မန်ယူပရိသတ်တွေ နှမြောတသသဖြစ်နေကြရပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ဩစတြီးယားကလပ်ဆဲလ်ဘတ်အသင်းမှာခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူခဲ့တာကြောင့် သူ့ကို မန်ယူအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ကြပါတယ်။

ဟာလန်းဟာ ဒီရာသီ ဆဲလ်ဘတ်အသင်းမှာ ၂၂ ပွဲကစားပြီး ၂၈ ဂိုးအထိ သွင်းယူခဲ့တာကြောင့် မန်ယူ အသင်းက သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့သလို နည်းပြဆိုးလ်ရှားနဲ့ တစ်နိုင်ငံတည်းသာဖြစ်လို့လည်း အရခေါ်ယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် ဟာလန်းဟာ အေးဂျင့်ဖြစ်သူရိုင်အိုလာရဲ့ချိတ်ဆက်မှုနဲ့အတူ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့သွားခဲ့လို့ မန်ယူပရိသတ်တွေ အားမလိုအားမရတွေဖြစ်ခဲ့ပါတယ်။ အခုအခါ မှာတော့ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးကစားခွင့်ရတဲ့ ပွဲမှာပဲ မိနစ် ၂၀ အတွင်း ဟက်ထရစ် ဂိုးသွင်းယူခဲ့တာကြောင့် မန်ယူပရိသတ်တွေမှာ ယူကြုံမရ နှမြောတသသဖြစ်ခဲ့ကြရတာပါ။

အော့စ်ဘတ်နဲ့ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ဟာလန်းဟာ ပွဲချိန်ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရခဲ့ပြီး မိနစ် ၂၀ အတွင်း ဟက်ထရစ်ဂိုးသွင်းယူခဲ့လို့ ဒေါ့မွန်ဟာ အရှုံးကနေ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းရဲ့ ပွဲရလဒ်ကိုကြည့်ပြီး မန်ယူပရိသတ်တစ်ဦးက “ ဟာလန်းကို အရမခေါ်ယူနိုင်ခဲ့တာဟာ မန်ယူအတွက် တကယ့်ကိုကြီးမားတဲ့အမှားအယွင်းပဲ” လို့ ရေးသားဖော်ပြခဲ့ပြီး အခြားတစ်ဦးကလည်း “ ငါတို့လို မန်ယူပရိသတ်တွေအတွက်တော့ တကယ့်ကို အဖိုးတန်ကစားသမားတစ်ယောက်လွဲချော်ခဲ့ရ တာ” လို့ တွစ်တာစာမျက်နာမှာ ရေးသားခဲ့ကြပါတယ်။

မန်ယူအသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်မသွင်းနိုင်ခဲ့တာအခုထိပါပဲ။ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်ဂိုးကိုနောက်ဆုံးသွင်းယူပေးခဲ့သူက ဗန်ပါစီဖြစ်ပါတယ်။ ဟာလန်းကတော့ ဒေါ့မွန်အသင်းနဲ့အတူ ပွဲဦးထွက် မိနစ် ၂၀ အတွင်းမှာပဲ ဟက်ထရစ် သွင်းဂိုးကို အလွယ်တကူသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မန်ယူပရိသတ်တစ်ဦးက “ ဟာလန်းလို တကယ့်ကစားသမားကောင်းတစ်ယောက်လွဲချော်ခဲ့ရတယ်။ ဘရူနိုဖာနန်ဒက်စ်ကိုလည်း လွဲချော်မလိုဖြစ်နေတယ်ဆိုတော့ မန်ယူအသင်းရဲ့ စီမံခန့်ခွဲမှုတွေက တကယ့်ကို စိတ်ပျက်စရာပါပဲ” လို့ စိတ်ပျက်လက်ပျက်ရေးသားသွားကြတာဖြစ်ပါတယ်။

Photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

မိနစ္ ၂၀ အတြင္း ဟာလန္း ဟက္ထရစ္သြင္းေတာ့ မန္ယူပရိသတ္ေတြဘာေျပာလဲ
/////////////////////////////////////////////////
ေဒါ့မြန္အသင္းနဲ႔ပြဲဦးထြက္မွာပဲ တိုက္စစ္မႉးသစ္ဟာလန္း ဟက္ထရစ္ဂိုးသြင္းယူသြားတာေၾကာင့္ မန္ယူပရိသတ္ေတြ ႏွေျမာတသသျဖစ္ေနၾကရပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေနာ္ေဝတိုက္စစ္မႉးဟာလန္းဟာ ဩစႀတီးယားကလပ္ဆဲလ္ဘတ္အသင္းမွာေျခစြမ္းျပၿပီး ဂိုးေတြ သြင္းယူခဲ့တာေၾကာင့္ သူ႔ကို မန္ယူအသင္းအပါအဝင္ ဥေရာပထိပ္တန္းအသင္းႀကီးေတြက ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ၾကပါတယ္။

ဟာလန္းဟာ ဒီရာသီ ဆဲလ္ဘတ္အသင္းမွာ ၂၂ ပြဲကစားၿပီး ၂၈ ဂိုးအထိ သြင္းယူခဲ့တာေၾကာင့္ မန္ယူ အသင္းက သူ႔ကိုေခၚယူဖို႔ ပစ္မွတ္ထားခဲ့သလို နည္းျပဆိုးလ္ရွားနဲ႔ တစ္ႏိုင္ငံတည္းသာျဖစ္လို႔လည္း အရေခၚယူႏိုင္လိမ့္မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ဟာလန္းဟာ ေအးဂ်င့္ျဖစ္သူ႐ိုင္အိုလာရဲ႕ခ်ိတ္ဆက္မႈနဲ႔အတူ ေဒါ့မြန္အသင္းကိုေျပာင္းေ႐ႊ႕သြားခဲ့လို႔ မန္ယူပရိသတ္ေတြ အားမလိုအားမရေတြျဖစ္ခဲ့ပါတယ္။ အခုအခါ မွာေတာ့ ဟာလန္းဟာ ေဒါ့မြန္အသင္းအတြက္ ပထမဆုံးကစားခြင့္ရတဲ့ ပြဲမွာပဲ မိနစ္ ၂၀ အတြင္း ဟက္ထရစ္ ဂိုးသြင္းယူခဲ့တာေၾကာင့္ မန္ယူပရိသတ္ေတြမွာ ယူႀကဳံမရ ႏွေျမာတသသျဖစ္ခဲ့ၾကရတာပါ။

ေအာ့စ္ဘတ္နဲ႔ရင္ဆိုင္ကစားခဲ့တဲ့ပြဲမွာ ဟာလန္းဟာ ပြဲခ်ိန္ဒုတိယပိုင္းမွ လူစားဝင္ခြင့္ရခဲ့ၿပီး မိနစ္ ၂၀ အတြင္း ဟက္ထရစ္ဂိုးသြင္းယူခဲ့လို႔ ေဒါ့မြန္ဟာ အရႈံးကေန အႏိုင္ရလဒ္ေဖာ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဒါ့မြန္အသင္းရဲ႕ ပြဲရလဒ္ကိုၾကည့္ၿပီး မန္ယူပရိသတ္တစ္ဦးက “ ဟာလန္းကို အရမေခၚယူႏိုင္ခဲ့တာဟာ မန္ယူအတြက္ တကယ့္ကိုႀကီးမားတဲ့အမွားအယြင္းပဲ” လို႔ ေရးသားေဖာ္ျပခဲ့ၿပီး အျခားတစ္ဦးကလည္း “ ငါတို႔လို မန္ယူပရိသတ္ေတြအတြက္ေတာ့ တကယ့္ကို အဖိုးတန္ကစားသမားတစ္ေယာက္လြဲေခ်ာ္ခဲ့ရ တာ” လို႔ တြစ္တာစာမ်က္နာမွာ ေရးသားခဲ့ၾကပါတယ္။

မန္ယူအသင္းဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း လိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္မသြင္းႏိုင္ခဲ့တာအခုထိပါပဲ။ မန္ယူအသင္းအတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္ဂိုးကိုေနာက္ဆုံးသြင္းယူေပးခဲ့သူက ဗန္ပါစီျဖစ္ပါတယ္။ ဟာလန္းကေတာ့ ေဒါ့မြန္အသင္းနဲ႔အတူ ပြဲဦးထြက္ မိနစ္ ၂၀ အတြင္းမွာပဲ ဟက္ထရစ္ သြင္းဂိုးကို အလြယ္တကူသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ မန္ယူပရိသတ္တစ္ဦးက “ ဟာလန္းလို တကယ့္ကစားသမားေကာင္းတစ္ေယာက္လြဲေခ်ာ္ခဲ့ရတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ကိုလည္း လြဲေခ်ာ္မလိုျဖစ္ေနတယ္ဆိုေတာ့ မန္ယူအသင္းရဲ႕ စီမံခန႔္ခြဲမႈေတြက တကယ့္ကို စိတ္ပ်က္စရာပါပဲ” လို႔ စိတ္ပ်က္လက္ပ်က္ေရးသားသြားၾကတာျဖစ္ပါတယ္။