မဖြစ်မနေ သိထားသင့်တဲ့ ဝူဟန် ဗိုင်းရပ်စ်အကြောင်း

0
1394

တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့တဲ့ ဆားစ်(SARS) ဗိုင်းရပ်လို ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံကနေ စတင် ပျံ့ပွား လာနေပြန်ပါပြီ။ အခုလ ၂၂ ရက်အထိ စာရင်းတွေအရ ကူးစက်သူ ၅၀၀ ကျော်သွားပြီဖြစ်ပြီးတော့ သေဆုံးသူလည်း ၁၇ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီတစ်ခေါက် ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ တရုတ်နှစ်ကူး အချိန်အခါနဲ့ တိုက်ဆိုင်နေတာကြောင့် ပိုပြီးစိုးရိမ်စရာဖြစ်နေပါတယ်။ လာမယ့်သောကြာနေ့ဆိုရင် သန်းပေါင်းရာနဲ့ချီတဲ့ တရုတ်ပြည်သူတွေဟာ နှစ်သစ်ကူးကာလ ခရီးတွေ စတင်သွားတော့မှာဖြစ်ပါတယ်။


စတင်ကူးစက်

ဒီ ဗိုင်းရပ်စ်အသစ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေးပြည်နယ်ရဲ့ မြို့တော် ဝူဟန်မှာ စတင်တွေ့ရှိခဲ့တာပါ။ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ယောက် ရုတ်တရက် သေဆုံးခဲ့ပြီးနောက်ပိုင်း သတိပြုမိခဲ့တာပါ။ ဖြစ်စဉ် အစောပိုင်းမှာ ဝူဟန်မြို့ က ပင်လယ်စာစျေးနဲ့ ဆက်စပ်နေတယ်ဆိုပြီး တာဝန်ရှိသူတွေက စျေးကို ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဆေးသိပ္ပံ ပညာရှင်တွေ လေ့လောဆန်းစစ်မှုတွေမှာတော့ ပင်လယ်စာနဲ့ ပတ်သက်တာမျိုး ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ အခုလ ၂၀ ရက်နေ့မှာတော့ တရားမဝင် ကူးသန်းရောင်းဝယ်တဲ့ တိရစ္ဆာန်တွေကနေ စတင်ကူးစက်တာဖြစ်နိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သူတို့ အယူအဆကို ထုတ်ပြန်ပါတယ်။ သေချာတာကတော့ ဒီဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်တယ်ဆိုတာပါပဲ။


တုံ့ပြန်မှုများ စတင်

ဝူဟန်ဟာ တရုတ်ပြည်အလယ်ပိုင်းမှာ အကြီးဆုံးမြို့ကြီးဖြစ်ပြီးတော့ နိုင်ငံတော်တော်များများက မြို့ကြီးတွေနဲ့ တိုက်ရိုက် ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ် ကူးစက်ထားသူတွေကို ရက်ပိုင်းအတွင်းမှာပဲ ထိုင်း၊ ဂျပန်၊ သြစတြေး လျ၊ ထိုင်ဝမ်၊ မကာအိုနဲ့ အမေရိကန် ပြည်ထောင်စုတွေမှာ တွေ့ရှိခဲ့ရပါတယ်။ ပြည်တွင်း ကူးစက်မှုတွေက ပိုပြီး မြန်ဆန်ခဲ့ပါတယ်။ ပြည်နယ် တော်တော်များများကို မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့ခဲ့တာပါ။ ဒါကြောင့် နိုင်ငံ တော်တော် များများက ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတိပေးချက်တွေ ထုတ်ပြန်ပြီး တုံ့ပြန်မှုတွေ စတင်နေပါပြီ။ တရုတ် ပြည်တွင်းမှာလည်း အခုလ ၂၃ ရက်က စပြီး ဝူဟန်မြို့ကို ပိတ်ချလိုက်ပါပြီ။ ရထား၊ လေယာဉ်၊ ဘတ်စ်ကား ဆက်သွယ်မှုတွေအားလုံး ပိတ်လိုက်သလို မြို့တွင်း သယ်ယူပို့ဆောင်ရေးတွေဖြစ်တဲ့ ဘတ်စ်ကားတွေ၊ မြေအောက်ရထားတွေကိုလည်း ပိတ်လိုက်ပြီဖြစ်ပါတယ်။

ဘာသိထားပြီလဲ

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာတွေ သိထားပြီလဲလို့မေးရင်တော့ ဆေးသိပ္ပံ ပညာရှင်တွေကအစ ဘာမှမသိရသေးဘူးလို့ပဲ ဖြေနေကြတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မိသားစုဝင်ဖြစ်ပြီးတော့ အရင်တုန်းက တစ်ခါမှ မတွေ့ဖူးတဲ့ အမျိုးအစား လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုတာက သာမန် အအေးမိတာကနေ ပြင်းထန်ပြီး သေဆုံးနိုင်ခြေ မြင့်မားတဲ့ ဆားစ်လို အသက်ရှူလမ်းကြောင်း ရောဂါမျိုးအထိ ပါဝင်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်စုတစ်ခုပါ။ ၂၀၀၂-၀၃ တုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ် ရောဂါ ကြောင့် တရုတ်ပြည်မကြီးမှာ ၃၄၉ ယောက် ဟောင်ကောင်မှာ ၂၉၉ ယောက် သေဆုံးခဲ့တာ မှတ်မိကြဦးမှာပါ။ ပါရီမြို့က ပေစတာ ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ရောဂါကပ်ဘေးဌာန အကြီးအကဲ အာနိုးဖွန်တာနက်က အခု ဗိုင်းရပ်စအသစ်ဟာ မျိုး ဗီဇအားဖြင့် ဆားစ်ဗိုင်းရပ်စ်နဲ့ ၈၀ ရာခိုင်နှုန်း တူညီတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း နိုင်ငံတကာ သိပ္ပံအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး ရောဂါပိုးအသစ်ရဲ့ မျိုးဗီဇကို ဖော်ထုတ်နေပါတယ်။ ဆေးသိပ္ပံအားဖြင့် နာမည်ကို 2019-nCoV လို့ ပေး ထားပါတယ်။ ပြည်တွင်းပြည်ပ သတင်းတွေမှာတော့ ဝူဟန်ဗိုင်းရပ်စ်၊ ကိုရိုနာ ဗိုင်းရပ်စ်လိုပဲ ဖော်ပြကြပါတယ်။

ဘယ်လောက် အန္တရာယ်များလဲ

အထက်မှာ ဖော်ပြခဲ့သလိုပဲ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇ ယောက်ရှိသွားပြီဖြစ်သလို ကူးစက်ခံထားရတယ်လို့ အတည်ပြု ထားတဲ့သူ ၅၄၀ ကျော်ရှိသွားပါပြီ။ လောလောဆယ် နောက်ထပ် ၁၃၉၄ ယောက်ကိုလည်း သံသယရှိတာကြောင့် စစ်ဆေး စောင့်ကြည့်နေတယ်လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေ အတည်ပြုထားပါတယ်။
လန်ဒန်မြို့ ဘုရင့်ကောလိပ်က နာတာလီမက်ဒါမော့က ဒီ ဗိုင်းရပ်ဟာ နှာချေ၊ ချောင်းဆိုးဖြစ်ချိန်မှာ လေထဲကို ပျံ့နှံ့ပြီး ကူးစက် နိုင်တယ်လို့ဆိုပါတယ်။ ဟောင်ကောင် တက္ကသိုလ်က ဆရာဝန်တွေရဲ့ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် မိုဒယ်တည်ဆောက် တွက်ချက်မှုအရ ကူးစက်မှု ၁၃၄၃ ကြိမ်ရှိပြီလို့ ထွက်ပေါ်ခဲ့ပတယ်။ လန်ဒန် အင်ပီးရီးယဲလ် ကောလိပ်ရဲ့ တွက် ချက်မှုမှာတော့ ၁၇၀၀ လို့ ထွက်ပေါ်လာပါတယ်။ ဒီအဖြေနှစ်ရပ်လုံးဟာ တရားဝင် ကိန်းဂဏန်းတွေထက် တော်တော်လေး ကို ပိုများနေပါတယ်။

ဆုံးဖြတ်လို့မရ

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီဗိုင်းရပ်စ်ဟာ ဆားစ်လောက် မပြင်းထန်ဘူးလို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုနှုန်းကလည်း သိသိသာသာ ပိုနည်းတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒါပေမဲ့ ဂျီနီဗာ တက္ကသိုလ်က ကမ္ဘာ့ကျန်းမာရေး အင်စတီကျု ရဲ့ ဒါရိုက်တာ အန်တွိုင်း ဖလာဟော့က လူများစုဟာ စိုးရိမ်စိတ်ပိုများပြီး မဆိုစလောက် လက္ခဏာလေး ပေါ်လာတာနဲ့ ကုသ မှု ခံယူနေကြတာကြောင့် ဗိုင်းရပ်စ် ဆားစ်လောက်မပြင်းထန်တဲ့ ပုံစံမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ခုချိန်ထိတော့ ဝူဟန်ဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြေညာဖို့ လိုအပ်တဲ့ ကိစ္စမျိုးလားဆိုတာကို ဆုံးဖြတ်လို့မရသေးဘူး ဖြစ်နေပါတယ်။

ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများ

Mask အမြဲတပ်ပါ၊ လည်ချောင်းမခြောက်နေပါ‌စေနဲ့၊ ရေများများသောက်ပါ၊ ရေဆာမခံပါနဲ့၊ ဒီရောဂါပိုးဟာ လည်ချောင်းခြောက်နေမှသာ ကိုယ်ထဲကိုပျံ့နှံ့လွယ်တာပါ၊ ရေဆာချိန်သောက်ပါ၊ ခနလေးတောင် ရေဆာမခံရ၊ တစ်ခါသောက်ရင် ရေကျက်‌အေး 50-80 CC သောက်ပါ၊ ကလေးဆို 30-50 CC သောက်ပါ၊ အနားမှာ သောက်ရန်အမြဲ အဆင်သင့်ဆောင်ထားပါ၊ အများကြီး သောက်စရာမလိုပါ၊ လည်ချောင်းမခြောက် ရုံလေးဆိုရပြီ၊ လူစည်ကားရာ မသွားရ၊ လိုအပ်လို့ အပြင်ထွက်ရ ရထား၊ ဘတ်စ်ကားစီးရင် Mask အမြဲတပ်ပါ၊ ဆီကြော် စားခြင်းများကို ခနရှောင်ထားပါ၊
၁၊ အဖျားအတက်မြန်ပြီး၊ ပြန်ကျရန် ခက်မယ်၊ အဖျား ကျသွားလည်း ခဏလေးနေရင် ပြန်ဖျားလာဦးမယ်၊
၂၊ ဖျားပြီးနောက် ချောင်းဆိုးလာမယ်၊ ဖြစ်ချိန်ကြာမယ်၊
၃၊ ကလေးတွေ အဖြစ်များတယ်၊
၄၊ ပြင်းထန်စွာခံစားရပြီး၊ တော်ရုံနဲ့မပျောက်၊ အရွယ်ရောက်ပြီးသူများ ခေါင်းကိုက်ခြင်း နဲ့အတူ ကိုယ်၊ လက်ကိုက်ခဲတတ်တယ်၊
၅၊ ဖြစ်ပွားမှုမြန်ဆန်ပြီး၊ ရောဂါပြင်းထန်လို့ မိဘများအားလုံးဟာ ကိုယ့်မိသားစုရှိ ကလေးများ၊ သက်ကြီးရွယ်အို များကိုအထူး ဂရုပြုစေလိုပါတယ်၊

[Zawgyi]

မျဖစ္မေန သိထားသင့္တဲ့ ဝူဟန္ ဗိုင္းရပ္စ္အေၾကာင္း

တစ္ခ်ိန္က ကမာၻကို ၿခိမ္းေျခာက္ခဲ့တဲ့ ဆားစ္(SARS) ဗိုင္းရပ္လို ဗိုင္းရပ္စ္အသစ္တစ္မ်ိဳး တ႐ုတ္ႏိုင္ငံကေန စတင္ ပ်ံ႕ပြား လာေနျပန္ပါၿပီ။ အခုလ ၂၂ ရက္အထိ စာရင္းေတြအရ ကူးစက္သူ ၅၀၀ ေက်ာ္သြားၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူလည္း ၁၇ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဒီတစ္ေခါက္ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈဟာ တ႐ုတ္ႏွစ္ကူး အခ်ိန္အခါနဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ပိုၿပီးစိုးရိမ္စရာျဖစ္ေနပါတယ္။ လာမယ့္ေသာၾကာေန႔ဆိုရင္ သန္းေပါင္းရာနဲ႔ခ်ီတဲ့ တ႐ုတ္ျပည္သူေတြဟာ ႏွစ္သစ္ကူးကာလ ခရီးေတြ စတင္သြားေတာ့မွာျဖစ္ပါတယ္။

စတင္ကူးစက္

ဒီ ဗိုင္းရပ္စ္အသစ္ကို တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟူေပးျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ဝူဟန္မွာ စတင္ေတြ႕ရွိခဲ့တာပါ။ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ ႐ုတ္တရက္ ေသဆုံးခဲ့ၿပီးေနာက္ပိုင္း သတိျပဳမိခဲ့တာပါ။ ျဖစ္စဥ္ အေစာပိုင္းမွာ ဝူဟန္ၿမိဳ႕ က ပင္လယ္စာေစ်းနဲ႔ ဆက္စပ္ေနတယ္ဆိုၿပီး တာဝန္ရွိသူေတြက ေစ်းကို ပိတ္လိုက္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္း ေဆးသိပၸံ ပညာရွင္ေတြ ေလ့ေလာဆန္းစစ္မႈေတြမွာေတာ့ ပင္လယ္စာနဲ႔ ပတ္သက္တာမ်ိဳး ထုတ္ျပန္တာ မေတြ႕ရေသးပါဘူး။ အခုလ ၂၀ ရက္ေန႔မွာေတာ့ တရားမဝင္ ကူးသန္းေရာင္းဝယ္တဲ့ တိရစာၦန္ေတြကေန စတင္ကူးစက္တာျဖစ္ႏိုင္တယ္လို႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕က သူတို႔ အယူအဆကို ထုတ္ျပန္ပါတယ္။ ေသခ်ာတာကေတာ့ ဒီဗိုင္းရပ္စ္ဟာ လူလူခ်င္း ကူးစက္တယ္ဆိုတာပါပဲ။

တုံ႔ျပန္မႈမ်ား စတင္

ဝူဟန္ဟာ တ႐ုတ္ျပည္အလယ္ပိုင္းမွာ အႀကီးဆုံးၿမိဳ႕ႀကီးျဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ၿမိဳ႕ႀကီးေတြနဲ႔ တိုက္႐ိုက္ ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီဗိုင္းရပ္စ္ ကူးစက္ထားသူေတြကို ရက္ပိုင္းအတြင္းမွာပဲ ထိုင္း၊ ဂ်ပန္၊ ၾသစေၾတး လ်၊ ထိုင္ဝမ္၊ မကာအိုနဲ႔ အေမရိကန္ ျပည္ေထာင္စုေတြမွာ ေတြ႕ရွိခဲ့ရပါတယ္။ ျပည္တြင္း ကူးစက္မႈေတြက ပိုၿပီး ျမန္ဆန္ခဲ့ပါတယ္။ ျပည္နယ္ ေတာ္ေတာ္မ်ားမ်ားကို ျမန္ျမန္ဆန္ဆန္ ကူးစက္ပ်ံ႕ႏွံ႔ခဲ့တာပါ။ ဒါေၾကာင့္ ႏိုင္ငံ ေတာ္ေတာ္ မ်ားမ်ားက ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ၿပီး တုံ႔ျပန္မႈေတြ စတင္ေနပါၿပီ။ တ႐ုတ္ ျပည္တြင္းမွာလည္း အခုလ ၂၃ ရက္က စၿပီး ဝူဟန္ၿမိဳ႕ကို ပိတ္ခ်လိုက္ပါၿပီ။ ရထား၊ ေလယာဥ္၊ ဘတ္စ္ကား ဆက္သြယ္မႈေတြအားလုံး ပိတ္လိုက္သလို ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးေတြျဖစ္တဲ့ ဘတ္စ္ကားေတြ၊ ေျမေအာက္ရထားေတြကိုလည္း ပိတ္လိုက္ၿပီျဖစ္ပါတယ္။

ဘာသိထားၿပီလဲ

ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ဘာေတြ သိထားၿပီလဲလို႔ေမးရင္ေတာ့ ေဆးသိပၸံ ပညာရွင္ေတြကအစ ဘာမွမသိရေသးဘူးလို႔ပဲ ေျဖေနၾကတာကို ေတြ႕ရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ မိသားစုဝင္ျဖစ္ၿပီးေတာ့ အရင္တုန္းက တစ္ခါမွ မေတြ႕ဖူးတဲ့ အမ်ိဳးအစား လို႔ ဆိုပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဆိုတာက သာမန္ အေအးမိတာကေန ျပင္းထန္ၿပီး ေသဆုံးႏိုင္ေျခ ျမင့္မားတဲ့ ဆားစ္လို အသက္ရႉလမ္းေၾကာင္း ေရာဂါမ်ိဳးအထိ ပါဝင္တဲ့ ဗိုင္းရပ္စ္မ်ိဳးႏြယ္စုတစ္ခုပါ။ ၂၀၀၂-၀၃ တုန္းက ျဖစ္ပြားခဲ့တဲ့ ဆားစ္ ေရာဂါ ေၾကာင့္ တ႐ုတ္ျပည္မႀကီးမွာ ၃၄၉ ေယာက္ ေဟာင္ေကာင္မွာ ၂၉၉ ေယာက္ ေသဆုံးခဲ့တာ မွတ္မိၾကဦးမွာပါ။ ပါရီၿမိဳ႕က ေပစတာ ေဆးဘက္ဆိုင္ရာအဖြဲ႕ရဲ႕ ေရာဂါကပ္ေဘးဌာန အႀကီးအကဲ အာႏိုးဖြန္တာနက္က အခု ဗိုင္းရပ္စအသစ္ဟာ မ်ိဳး ဗီဇအားျဖင့္ ဆားစ္ဗိုင္းရပ္စ္နဲ႔ ၈၀ ရာခိုင္ႏႈန္း တူညီတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံကလည္း ႏိုင္ငံတကာ သိပၸံအသိုင္းအဝိုင္းနဲ႔ လက္တြဲၿပီး ေရာဂါပိုးအသစ္ရဲ႕ မ်ိဳးဗီဇကို ေဖာ္ထုတ္ေနပါတယ္။ ေဆးသိပၸံအားျဖင့္ နာမည္ကို 2019-nCoV လို႔ ေပး ထားပါတယ္။ ျပည္တြင္းျပည္ပ သတင္းေတြမွာေတာ့ ဝူဟန္ဗိုင္းရပ္စ္၊ ကို႐ိုနာ ဗိုင္းရပ္စ္လိုပဲ ေဖာ္ျပၾကပါတယ္။

ဘယ္ေလာက္ အႏၲရာယ္မ်ားလဲ

အထက္မွာ ေဖာ္ျပခဲ့သလိုပဲ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၇ ေယာက္ရွိသြားၿပီျဖစ္သလို ကူးစက္ခံထားရတယ္လို႔ အတည္ျပဳ ထားတဲ့သူ ၅၄၀ ေက်ာ္ရွိသြားပါၿပီ။ ေလာေလာဆယ္ ေနာက္ထပ္ ၁၃၉၄ ေယာက္ကိုလည္း သံသယရွိတာေၾကာင့္ စစ္ေဆး ေစာင့္ၾကည့္ေနတယ္လို႔ တ႐ုတ္က်န္းမာေရး တာဝန္ရွိသူေတြ အတည္ျပဳထားပါတယ္။
လန္ဒန္ၿမိဳ႕ ဘုရင့္ေကာလိပ္က နာတာလီမက္ဒါေမာ့က ဒီ ဗိုင္းရပ္ဟာ ႏွာေခ်၊ ေခ်ာင္းဆိုးျဖစ္ခ်ိန္မွာ ေလထဲကို ပ်ံ႕ႏွံ႔ၿပီး ကူးစက္ ႏိုင္တယ္လို႔ဆိုပါတယ္။ ေဟာင္ေကာင္ တကၠသိုလ္က ဆရာဝန္ေတြရဲ႕ ဝူဟန္ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈအေပၚ မိုဒယ္တည္ေဆာက္ တြက္ခ်က္မႈအရ ကူးစက္မႈ ၁၃၄၃ ႀကိမ္ရွိၿပီလို႔ ထြက္ေပၚခဲ့ပတယ္။ လန္ဒန္ အင္ပီးရီးယဲလ္ ေကာလိပ္ရဲ႕ တြက္ ခ်က္မႈမွာေတာ့ ၁၇၀၀ လို႔ ထြက္ေပၚလာပါတယ္။ ဒီအေျဖႏွစ္ရပ္လုံးဟာ တရားဝင္ ကိန္းဂဏန္းေတြထက္ ေတာ္ေတာ္ေလး ကို ပိုမ်ားေနပါတယ္။

ဆုံးျဖတ္လို႔မရ

ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီဗိုင္းရပ္စ္ဟာ ဆားစ္ေလာက္ မျပင္းထန္ဘူးလို႔ ဆိုႏိုင္ပါတယ္။ ေသဆုံးမႈႏႈန္းကလည္း သိသိသာသာ ပိုနည္းတယ္လို႔ ကြၽမ္းက်င္သူေတြကဆိုပါတယ္။ ဒါေပမဲ့ ဂ်ီနီဗာ တကၠသိုလ္က ကမာၻ႔က်န္းမာေရး အင္စတီက်ဳ ရဲ႕ ဒါ႐ိုက္တာ အန္တြိဳင္း ဖလာေဟာ့က လူမ်ားစုဟာ စိုးရိမ္စိတ္ပိုမ်ားၿပီး မဆိုစေလာက္ လကၡဏာေလး ေပၚလာတာနဲ႔ ကုသ မႈ ခံယူေနၾကတာေၾကာင့္ ဗိုင္းရပ္စ္ ဆားစ္ေလာက္မျပင္းထန္တဲ့ ပုံစံမ်ိဳး ျဖစ္ေနတာလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကလည္း ခုခ်ိန္ထိေတာ့ ဝူဟန္ဗိုင္းရပ္စ္ဟာ ကမာၻ႔က်န္းမာေရးအတြက္ အေရးေပၚ အေျခအေန ေၾကညာဖို႔ လိုအပ္တဲ့ ကိစၥမ်ိဳးလားဆိုတာကို ဆုံးျဖတ္လို႔မရေသးဘူး ျဖစ္ေနပါတယ္။

ႀကိဳတင္ကာကြယ္ရမယ့္နည္းလမ္းမ်ား

Mask အၿမဲတပ္ပါ၊ လည္ေခ်ာင္းမေျခာက္ေနပါ‌ေစနဲ႔၊ ေရမ်ားမ်ားေသာက္ပါ၊ ေရဆာမခံပါနဲ႔၊ ဒီေရာဂါပိုးဟာ လည္ေခ်ာင္းေျခာက္ေနမွသာ ကိုယ္ထဲကိုပ်ံ႕ႏွံ႔လြယ္တာပါ၊ ေရဆာခ်ိန္ေသာက္ပါ၊ ခနေလးေတာင္ ေရဆာမခံရ၊ တစ္ခါေသာက္ရင္ ေရက်က္‌ေအး 50-80 CC ေသာက္ပါ၊ ကေလးဆို 30-50 CC ေသာက္ပါ၊ အနားမွာ ေသာက္ရန္အၿမဲ အဆင္သင့္ေဆာင္ထားပါ၊ အမ်ားႀကီး ေသာက္စရာမလိုပါ၊ လည္ေခ်ာင္းမေျခာက္ ႐ုံေလးဆိုရၿပီ၊ လူစည္ကားရာ မသြားရ၊ လိုအပ္လို႔ အျပင္ထြက္ရ ရထား၊ ဘတ္စ္ကားစီးရင္ Mask အၿမဲတပ္ပါ၊ ဆီေၾကာ္ စားျခင္းမ်ားကို ခနေရွာင္ထားပါ၊
၁၊ အဖ်ားအတက္ျမန္ၿပီး၊ ျပန္က်ရန္ ခက္မယ္၊ အဖ်ား က်သြားလည္း ခဏေလးေနရင္ ျပန္ဖ်ားလာဦးမယ္၊
၂၊ ဖ်ားၿပီးေနာက္ ေခ်ာင္းဆိုးလာမယ္၊ ျဖစ္ခ်ိန္ၾကာမယ္၊
၃၊ ကေလးေတြ အျဖစ္မ်ားတယ္၊
၄၊ ျပင္းထန္စြာခံစားရၿပီး၊ ေတာ္႐ုံနဲ႔မေပ်ာက္၊ အ႐ြယ္ေရာက္ၿပီးသူမ်ား ေခါင္းကိုက္ျခင္း နဲ႔အတူ ကိုယ္၊ လက္ကိုက္ခဲတတ္တယ္၊
၅၊ ျဖစ္ပြားမႈျမန္ဆန္ၿပီး၊ ေရာဂါျပင္းထန္လို႔ မိဘမ်ားအားလုံးဟာ ကိုယ့္မိသားစုရွိ ကေလးမ်ား၊ သက္ႀကီး႐ြယ္အို မ်ားကိုအထူး ဂ႐ုျပဳေစလိုပါတယ္၊