မန်ယူနဲ့သတင်းတွေကြီးနေချိန် ဖာနန်ဒက်စ်ရဲ့အနာဂါတ်အတွက် စပို့တင်း နည်းပြ မရေရာစကားဆို

0
234

စပို့တင်လစ္စဘွန်းနည်းပြ ဆီလက်စ်က ကွင်းလယ်လူ ဘရိုနို ဖာနန်ဒက်စ်ရဲ့ အနာဂတ်အပေါ် မရေမရာစကားတွေ ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး မကြာခင်မှာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကလည်း ဖာနန်ဒက်စ်ကို ယူနိုက်တက်၊ စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ချိတ်ဆက်ခဲ့ကြပေမဲ့ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပဲ နိုင်ဝင်ဘာမှာ အသင်းနဲ့ စာချုပ်သက်တမ်းတောင် တိုးသွားခဲ့ပါတယ်။ စနေညက ဆီတူဘယ်အသင်းကို ၃-၁ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမျာတော့ ဆီလက်စ်က ပေါ်တူဂီသားကို ဘင်ဖီကာနဲ့ ပွဲမှာ မြင်တွေ့ရဖွယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဆီလက်စ်က “ကျွန်တော် မသိတဲ့ ဒီလို အရာတွေကို ဘာမှ အာမမခံနိုင်ပါဘူး။ ကျွန်တော် ဘင်ဖီကာနဲ့ ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပြီး ဖာနန်ဒက်စ်ကိုလည်း အသုံးပြုဖို့ စဉ်းစားထားပါတယ်”လို့ ပြောခဲ့ပါတယ်။

photo internet

ဖာနန်ဒက်စ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၅ဂိုး သွင်းထားခဲ့ပြီး ၇ဂိုး ဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ နောဝစ်ချ်အသင်းကို ၄ဂိုးပြတ် အနိုင်ရခဲ့ပေမဲ့ ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက “ယူနိုက်တက် နည်းပြဘဝက ဒီလိုပဲ ကောလဟာလတွေ ရှိနေတာပါပဲ။ ကျွန်တော် ပြောနိုင်တာကတော့ အသင်း တိုးတက်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေပြီး မှန်ကန်တဲ့ဈေးနဲ့ မှန်ကန်တဲ့ ကစားသမားကို တွေ့ရင် ကျွန်တော်တို့ ငွေသုံးမှာပါ”လို့ ပြောခဲ့ပါတယ်။

photo internet

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီက စပါးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့သာ ဆုံးဖြတ်သွားခဲ့ပါတယ်။