မန်ယူက ဆိုးလ်ရှားနေရာ အစားဝင်ချင်နေတဲ့ အယ်လီဂရီ

photo-gettyimages

photo-REX

ဂျူဗင်တပ်နည်းပြဟောင်းအယ်လီဂရီဟာ မန်ယူနည်းပြရာထူးအတွက် နည်းပြလောကထဲကို အလောသုံးဆယ်ပြန်မဝင်သေးဘဲ တောင့်ခံနေတယ်လို့ အင်္ဂလန်က Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ အသက် ၅၂ နှစ်အရွယ် အဲဒီအီတလီသားဟာ စီးရီးအေချန်ပီယံဆု ၅ နှစ်ဆက်ရယူပေးနိုင်ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေရှာဖွေဖို့အတွက် ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေ ထွက်ခွာလာခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ အယ်လီဂရီဟာ နည်းပြအပြောင်းအလဲလုပ်တဲ့အသင်းကြီးအတော်များျများနဲ့ သတင်းထွက်ခဲ့ပါတယ်။

photo-gettyimages

ဂျူဗင်တပ်နဲ့လမ်းခွဲပြီးနောက် အယ်လီဂရီကိုစိတ်ဝင်စားတဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့လက သူ့ကို ချဉ်းကပ်ခဲ့သေးတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမဲ့ မန်ယူကိုကိုင်တွယ်ချင်တာကြောင့် အယ်လီဂရီဟာ အာဆင်နယ်ကို ငြင်းပယ်ခဲ့တယ်လို့ ဆိုကြပါတယ်။ အယ်လီဂရီကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်ဖို့ လေ့လာသင်ယူနေကြောင်း ESPN သတင်းဌာနကို အတည်ပြုထားတာပါ။

photo-gettyimages

မန်ယူနည်းပြရာထူးအတွက် စပါးနည်းပြဟောင်းပိုချက်တီနိုကလည်း အရမ်းကိုစိတ်ဝင်စားနေပြီး ဆိုးလ်ရှားရဲ့အခြေအနေကို စောင့်ကြည့်နေကြောင်း Daily Mail သတင်းစာကြီးကပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။ လောလောဆယ်တော့ ဆိုးလ်ရှားရဲ့မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပါတယ်။ အခုချိန်ထိ ဆိုးလ်ရှားရဲ့အနာဂါတ်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိသေးပေမယ့် နောက်ပွဲတွေမှာလည်း ဆက်လက်ရလဒ်မကောင်းခဲ့ရင် အခြေအနေဟာ ပြောင်းလဲသွားနိုင်ပါတယ်။

[Zawgyi]

မန္ယူက ဆုိးလ္ရွားေနရာ အစား၀င္ခ်င္ေနတဲ့ အယ္လီဂရီ

ဂ်ဴဗင္တပ္နည္းျပေဟာင္းအယ္လီဂရီဟာ မန္ယူနည္းျပရာထူးအတြက္ နည္းျပေလာကထဲကို အေလာသုံးဆယ္ျပန္မ၀င္ေသးဘဲ ေတာင့္ခံေနတယ္လို႔ အဂၤလန္က Daily Mail သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။ အသက္ ၅၂ ႏွစ္အရြယ္ အဲဒီအီတလီသားဟာ စီးရီးေအခ်န္ပီယံဆု ၅ ႏွစ္ဆက္ရယူေပးႏိုင္ခဲ့ၿပီးေနာက္ စိန္ေခၚမႈအသစ္ေတြရွာေဖြဖို႔အတြက္ ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေန ထြက္ခြာလာခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာ အယ္လီဂရီဟာ နည္းျပအေျပာင္းအလဲလုပ္တဲ့အသင္းႀကီးအေတာ္မ်ား်မ်ားနဲ႔ သတင္းထြက္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္နဲ႔လမ္းခြဲၿပီးေနာက္ အယ္လီဂရီကိုစိတ္၀င္စားတဲ့အသင္းေတြထဲမွာ အာဆင္နယ္လည္း ပါ၀င္ခဲ့ၿပီး ၿပီးခဲ့တဲ့လက သူ႔ကုိ ခ်ဥ္းကပ္ခဲ့ေသးတယ္လို႔ သတင္းထြက္လာပါတယ္။ ဒါေပမဲ့ မန္ယူကိုကုိင္တြယ္ခ်င္တာေၾကာင့္ အယ္လီဂရီဟာ အာဆင္နယ္ကို ျငင္းပယ္ခဲ့တယ္လို႔ ဆုိၾကပါတယ္။ အယ္လီဂရီကိုယ္တုိင္ကလည္း အဂၤလိပ္စကားေကာင္းေကာင္းေျပာႏိုင္ဖို႔ ေလ့လာသင္ယူေနေၾကာင္း ESPN သတင္းဌာနကုိ အတည္ျပဳထားတာပါ။

မန္ယူနည္းျပရာထူးအတြက္ စပါးနည္းျပေဟာင္းပိုခ်က္တီႏုိကလည္း အရမ္းကိုစိတ္၀င္စားေနၿပီး ဆိုးလ္ရွားရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း Daily Mail သတင္းစာႀကီးကပဲ ဆက္လက္ေဖာ္ျပခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ဆိုးလ္ရွားရဲ႕မန္ယူဟာ ေနာက္ဆုံးကစားခ့ဲတဲ့ ၆ ပြဲမွာ ၂ ပြဲသာ အႏိုင္ရထားပါတယ္။ အခုခ်ိန္ထိ ဆိုးလ္ရွားရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ စုိးရိမ္စရာမရွိေသးေပမယ့္ ေနာက္ပြဲေတြမွာလည္း ဆက္လက္ရလဒ္မေကာင္းခဲ့ရင္ အေျခအေနဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။