မတူညီတဲ့ပြိုင်ပွဲ ၁၀ခုမှာ ဟက်ထရစ်ရှင်အဖြစ်လည်း စံချိန်တင်နိုင်ခဲ့တဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သဘာဝတရားနဲ့ ဆန့်ကျင်ဘက် လူထူးဆန်းတစ်ယောက်ဖြစ်ပါတယ်။ ဒါကို ပြီးခဲ့တဲ့တနင်္လာနေ့ကလည်း သူက ထပ်မံသက်သေပြခဲ့ပါတယ်။

Photo Credit

ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒိုဟာ ယခုဆယ်စုနှစ်ရဲ့ပထမဆုံးပွဲအဖြစ် ကက်ဂလီယာရီနဲ့ ကစားခဲ့ပြီး အသက် ၃၅နှစ်ပြည့်တော့မယ့် ကစားသမားတစ်ယောက်အနေနဲ့ မကြာခင်တစ်ဖြည်းဖြည်းကျဆင်းတော့မယ်ဆိုတဲ့ အယူအဆတွေကို အများစုက မယုံကြည်ရလောက်အောင် စွမ်းဆောင်ပြနေပါတယ်။

Photo Credit

သူဟာ ကက်ဂလီယာရီကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ်တိုင် ၃ဂိုးသွင်းယူပြီး ကျန်တစ်ဂိုးအတွက်လည်း သူက ဂိုးဖန်တီးသူအဖြစ်ပါ အဓိကနေရာကနေ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အဲဒီနောက် ရော်နယ်ဒိုလည်း စံချိန်သစ်တွေ ထပ်မံတင်နိုင်ခဲ့ပါတယ်။

Photo Credit

သူဟာ မတူညီတဲ့ပြိုင်ပွဲ ၁၀ရပ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ ပြိုင်ပွဲ ၁၀ခုပါ။ စီးရီးအေ၊ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ကမ္ဘာ့ဖလား၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ယူရိုခြေစစ်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။

Photo Credit

နောက်ပြီး ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့ နိုင်ငံအသင်းတို့အတွက် ၅၆ကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ ၃၆ ကြိမ်မြောက် ဟက်ထရစ်လည်းဖြစ်ခဲ့ရာ အနီးကပ်ဆုံးပြိုင်ဘက် မက်ဆီကို ၂ကြိမ်အသာနဲ့ ကျော်ဖြတ်ကာ အများဆုံးဟက်ထရစ်ရှင်အဖြစ် ရပ်တည်နေပါတယ်။

Photo Credit

ဖေဖော်ဝါရီလအတွင်း အသက် ၃၅ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ကက်ဂလီယာရီနဲ့ပွဲမှာ တစ်ပွဲလုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ Final Third Zone မှာ ပေးပို့မှု ၂၈ ကြိမ်အနက် ၂၄ ကြိမ်အထိ အောင်မြင်ခဲ့ပါတယ်။

Photo Credit

Zawgyi

မတူညီတဲ့ၿပိဳင္ပဲြ ၁၀ခုမွာ ဟက္ထရစ္ရွင္အျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သဘာ၀တရားနဲ႔ ဆန္႔က်င္ဘက္ လူထူးဆန္းတစ္ေယာက္ျဖစ္ပါတယ္။ ဒါကို ၿပီးခဲ့တဲ့တနလၤာေန႔ကလည္း သူက ထပ္မံသက္ေသျပခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ယခုဆယ္စုႏွစ္ရဲ႕ပထမဆုံးပြဲအျဖစ္ ကက္ဂလီယာရီနဲ႔ ကစားခဲ့ၿပီး အသက္ ၃၅ႏွစ္ျပည့္ေတာ့မယ့္ ကစားသမားတစ္ေယာက္အေနနဲ႔ မၾကာခင္တစ္ျဖည္းျဖည္းက်ဆင္းေတာ့မယ္ဆုိတဲ့ အယူအဆေတြကို အမ်ားစုက မယုံၾကည္ရေလာက္ေအာင္ စြမ္းေဆာင္ျပေနပါတယ္။
သူဟာ ကက္ဂလီယာရီကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ကုိယ္တုိင္ ၃ဂိုးသြင္းယူၿပီး က်န္တစ္ဂိုးအတြက္လည္း သူက ဂုိးဖန္တီးသူအျဖစ္ပါ အဓိကေနရာကေန ပါ၀င္ပတ္သက္ခဲ့ပါတယ္။ အဲဒီေနာက္ ေရာ္နယ္ဒိုလည္း စံခ်ိန္သစ္ေတြ ထပ္မံတင္ႏိုင္ခဲ့ပါတယ္။
သူဟာ မတူညီတဲ့ၿပိဳင္ပဲြ ၁၀ရပ္မွာ ဟက္ထရစ္သြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဟုတ္ပါတယ္။ ၿပိဳင္ပဲြ ၁၀ခုပါ။ စီးရီးေအ၊ ပရီးမီးယားလိဂ္၊ လာလီဂါ၊ ခ်န္ပီယံလိဂ္၊ စပိန္ဘုရင့္ဖလား၊ ဖီဖာကလပ္ကမၻာ့ဖလား၊ ကမၻာ့ဖလား၊ ကမၻာ့ဖလားေျခစစ္ပဲြ၊ ယူ႐ိုေျခစစ္ပြဲနဲ႔ ေနးရွင္းလိဂ္ၿပိဳင္ပြဲေတြမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာပါ။
ေနာက္ၿပီး ေရာ္နယ္ဒိုဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ကလပ္နဲ႔ ႏိုင္ငံအသင္းတုိ႔အတြက္ ၅၆ႀကိမ္ေျမာက္ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း အမွတ္ေပးၿပိဳင္ပြဲမွာ ၃၆ ႀကိမ္ေျမာက္ ဟက္ထရစ္လည္းျဖစ္ခဲ့ရာ အနီးကပ္ဆုံးၿပိဳင္ဘက္ မက္ဆီကို ၂ႀကိမ္အသာနဲ႔ ေက်ာ္ျဖတ္ကာ အမ်ားဆုံးဟက္ထရစ္ရွင္အျဖစ္ ရပ္တည္ေနပါတယ္။
ေဖေဖာ္၀ါရီလအတြင္း အသက္ ၃၅ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒုိဟာ ကက္ဂလီယာရီနဲ႔ပြဲမွာ တစ္ပြဲလုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းရဲ႕ Final Third Zone မွာ ေပးပို႔မႈ ၂၈ ႀကိမ္အနက္ ၂၄ ႀကိမ္အထိ ေအာင္ျမင္ခဲ့ပါတယ္။