မက်ဆီက စီရော်နယ်ဒိုထက် Ballon d’Or ဆုပိုများတာဟာ တကယ်ကိုစိတ်တိုစရာလို့ ဆာရီပြော

photo-gettyimages

photo-reuters

ဂျူဗင်တပ်နည်းပြဆာရီက အသင်းတိုက်စစ်မှုးစီရော်နယ်ဒိုထက် Ballon d’Or ဆုပိုများတဲ့ဘယ်ကစားသမားမဆို တကယ်ကိုစိတ်တိုစရာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက သူ့အတွက် ၆ ကြိမ်မြောက်ဖြစ်တဲ့ Ballon d’Or ဆုကို ဆွတ်ခူးခဲ့လို့ ဆုရရှိမှုအရေအတွက်မှာ စီရော်နယ်ဒိုထက် တစ်ကြိမ်ပိုသွားပါတယ်။ စီရော်နယ်ဒိုဟာ စီးရီးအေမှာ ဂျူဗင်တပ်နဲ့ဗိုလ်စွဲခဲ့ပြီး ပေါ်တူဂီနဲ့အတူ နေးရှင်းလိဂ်မှာလည်း ဗိုလ်ဝင်ခံနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အတွက် Ballon d’Or မှာ တတိယသာချိတ်ခဲ့တာပါ။

photo-gettyimages

ဒါကြောင့်လည်း ဆာရီက မက်ဆီနဲ့ စံချိန်တူနိုင်အောင် စီရော်နယ်ဒိုကို ကူညီပေးဖို့အတွက် စိတ်ပိုင်းဖြတ်ထားတာပါ။ ”Ballon d’Or ဆုကို စီရော်နယ်ဒို ၆ ကြိမ်မြောက်ရအောင် ကျွန်တော်ကူညီပေးချင်ပါတယ်။ သူ့ထက် တစ်စုံတစ်ယောက်က Ballon d’Or ဆုပိုရထားတယ်ဆိုတာကို တွေးမိလိုက်တိုင်း တကယ်ကိုစိတ်တိုစရာပါ။ ကျွန်တော်ကတော့ သူ့ကိုကူညီပေးနိုင်ဖို့ပဲ စဉ်းစားနေပါတယ်။ အဲဒါဟာ ကျွန်တော့်ရဲ့ရည်မှန်းချက်နဲ့ အသင်းရဲ့ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ အဲဒါဟာ သူ့အတွက်လည်း မှန်ကန်မှာပါ”လို့ ဆာရီက ပြောခဲ့တာပါ။

photo-gettyimages

ဒါ့အပြင် ဆာရီက အနာဂါတ်မှာ Ballon d’Or ဆုကို အသင်းတိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ ဒိုင်ဘာလာလည်း စိန်ခေါ်နိုင်လိမ့်မယ်လို့ တစ်ပေးလိုက်ပါတယ်။ အဲဒီအာဂျင်တီးနားသားတိုက်စစ်မှုးဟာ စီရော်နယ်ဒိုမပါတဲ့ အူဒီးနိစ်နဲ့ ကိုပါအီတာလီယာပွဲစဉ်မှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ”နောက်နှစ်တွေမှာ ဒိုင်ဘာလာလည်း Ballon d’Or ဆုကို စိန်ခေါ်နိုင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလို ထင်ပါတယ်”လို့ ဆာရီက ဆိုခဲ့တာပါ။

[Zawgyi]

မက္ဆီက စီေရာ္နယ္ဒိုထက္ Ballon d’Or ဆုပိုမ်ားတာဟာ တကယ္ကိုစိတ္တုိစရာလို႔ ဆာရီေျပာ

ဂ်ဴဗင္တပ္နည္းျပဆာရီက အသင္းတုိက္စစ္မႈးစီေရာ္နယ္ဒိုထက္ Ballon d’Or ဆုပိုမ်ားတဲ့ဘယ္ကစားသမားမဆုိ တကယ္ကိုစိတ္တိုစရာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဘာစီလုိနာအသင္းေခါငး္ေဆာင္မက္ဆီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာတုန္းက သူ႔အတြက္ ၆ ႀကိမ္ေျမာက္ျဖစ္တဲ့ Ballon d’Or ဆုကို ဆြတ္ခူးခဲ့လို႔ ဆုရရွိမႈအေရအတြက္မွာ စီေရာ္နယ္ဒိုထက္ တစ္ႀကိမ္ပိုသြားပါတယ္။ စီေရာ္နယ္ဒိုဟာ စီးရီးေအမွာ ဂ်ဴဗင္တပ္န႔ဲဗုိလ္စြဲခဲ့ၿပီး ေပၚတူဂီနဲ႔အတူ ေနးရွငး္လိဂ္မွာလည္း ဗုိလ္၀င္ခံႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္အတြက္ Ballon d’Or မွာ တတိယသာခ်ိတ္ခဲ့တာပါ။

ဒါေၾကာင့္လည္း ဆာရီက မက္ဆီနဲ႔ စံခ်ိန္တူႏိုင္ေအာင္ စီေရာ္နယ္ဒိုကို ကူညီေပးဖို႔အတြက္ စိတ္ပိုင္းျဖတ္ထားတာပါ။ ”Ballon d’Or ဆုကို စီေရာ္နယ္ဒို ၆ ႀကိမ္ေျမာက္ရေအာင္ ကၽြန္ေတာ္ကူညီေပးခ်င္ပါတယ္။ သူ႔ထက္ တစ္စံုတစ္ေယာက္က Ballon d’Or ဆုပိုရထားတယ္ဆိုတာကို ေတြးမိလိုက္တိုင္း တကယ္ကိုစိတ္တုိစရာပါ။ ကၽြန္ေတာ္ကေတာ့ သူ႔ကိုကူညီေပးႏိုင္ဖို႔ပဲ စဥ္းစားေနပါတယ္။ အဲဒါဟာ ကၽြန္ေတာ့္ရဲ႕ရည္မွန္းခ်က္နဲ႔ အသင္းရဲ႕ရည္မွန္းခ်က္လည္း ျဖစ္ပါတယ္။ အဲဒါဟာ သူ႔အတြက္လည္း မွန္ကန္မွာပါ”လို႔ ဆာရီက ေျပာခဲ့တာပါ။

ဒါ့အျပင္ ဆာရီက အနာဂါတ္မွာ Ballon d’Or ဆုကို အသင္းတိုက္စစ္မႈးတစ္ေယာက္ျဖစ္တဲ့ ဒုိင္ဘာလာလည္း စိန္ေခၚႏိုင္လိမ့္မယ္လုိ႔ တစ္ေပးလိုက္ပါတယ္။ အဲဒီအာဂ်င္တီးနားသားတိုက္စစ္မႈးဟာ စီေရာ္နယ္ဒိုမပါတဲ့ အူဒီးနိစ္နဲ႔ ကုိပါအီတာလီယာပြဲစဥ္မွာ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ ”ေနာက္ႏွစ္ေတြမွာ ဒုိင္ဘာလာလည္း Ballon d’Or ဆုကို စိန္ေခၚႏိုင္သူတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ အဲဒီလို ထင္ပါတယ္”လုိ႔ ဆာရီက ဆိုခဲ့တာပါ။