မက်ဂွါရီကို ပေါင် သန်း၈၀နဲ့ ရလိုက်တာ တော်တော်တန်တယ်လို့ ပြောလာတဲ့ ယူနိုက်တက် ကစားသမားဟောင်း

photo internet

ယူနိုက်တက်တို့ နောက်ခံလူ မက်ဂွါရီကို ပေါင် သန်း၈၀နဲ့ ခေါ်ယူခဲ့တာက တော်တော်လေး တန်တယ်လို့ နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွှေ့စရိတ် တော်တော်လေး အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

ဒန်နီရယ်ဂျိမ်းစ် တစ်ဦးပဲ ဈေးသက်သာခဲ့သလို ဝမ်ဘစ်ဆာကာနဲ မက်ဂွါရီကို ပြောင်းရွှေ့ကြေး တော်တော်လေး အသုံးပြုခဲ့ရပါတယ်။ ဘရောင်းကတော့ အင်္ဂလန်သားရဲ့ ခြေစွမ်းအပေါ်မှာ တော်တော်လေး ကျေနပ်နေပြီးတော့ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘရောင်းက “သူအသင်းရဲ့ ခံစစ်ကို တည်ငြိမ်မှ ပြန်ယူလာပေးတယ်လို့ ထင်ပါတယ်။ သူက ငယ်တုန်းပဲ ဖြစ်ပေမဲ့ အတွေ့အကြုံရင့်နေပါပြီ။ သူ့မှာ အကောင်းဆုံး ဘောလုံးအမြင်ရှိသလို နေရာယူမှုလည်း အတော်ကောင်းပါတယ်”

“သူကစားတာကို ခင်ဗျားတို့ သတိမထားမိတဲ့ ပွဲတွေလည်း ရှိမှာပါ။ ဒါဟာ သူ့အလုပ်သူလုပ်နေလို့ပါ။ သူ နောက်တန်းမှာ ရှိနေရင် ကျွန်တော်တို့ ပိုပြီးတောင့်တင်းပါတယ်။ သူ့ရဲ့ပုံစံနဲ့ လင်ဒီလော့ဖ်ကို တွဲပေးပြီး တည်ငြိမ်တဲ့ နောက်တန်းကို တည်ဆောက်နိုင်ပါတယ်။ သူတို့၂ဦးစလုံး နားလည်မှု တော်တော်ရှိကြပါတယ်”လို့ ပြောခဲ့ပါတယ်။

မက်ဂွါရီဟာ အသင်းမှာ အလျင်အမြန် နေရာရလာခဲ့ပြီး အသင်းခေါင်းဆောင်ပါ ဖြစ်လာခဲ့ပါတယ်။ အလားတူ ဝမ်ဘစ်ဆာကာရဲ့ ခြေစွမ်းကိုလည်း ဘရောင်းက ချီးကျူးသွားခဲ့ပါတယ်။