ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြောက်စရာကောင်းလှတဲ့ ဂိုးဖန်တီးမှုစွမ်းရည်က ယူနိုက်တက်အတွက် ဆေးတစ်ခွက် ဖြစ်လာနိုင်

အသက် ၂၅ နှစ်အရွယ် စပိ့ုတင်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက ယူနိုက်တက်အသင်းက ပေါင် ၅၁ သန်းနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။


ယူနိုက်တက်အသင်းဟာ စနေနေ့က နောဝစ်ချ်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ဒီရာသီမှာ အသင်းက သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရပြီး ပွဲစဉ် ၂၂ ပွဲမှာ ၃၆ ဂိုးပဲ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
ဒါဟာ ကြီး ၆ ကြီး အသင်းတွေမှာ ဒုတိယသွင်းဂိုး အနည်းဆုံးအသင်းအဖြစ် တည်ရှိနေစေပြီး ယူနိုက်တက်ရဲ့အောက်က ရှက်ဖီးလ်ယူနိုက်တက်အသင်းတောင် ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။


လီဗာပူးအသင်းက သွင်းဂိုး ၅၀ သွင်းယူထားနိုင်ပြီး မန်စီးတီးအသင်းကတေ့ာ ၆၂ ဂိုးအထိ သွင်းယူထားနိုင်ပါတယ် ။
ယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားကတော့ ဒီရာသီမှာ ဂျက်ဆီလင်ဂတ်နဲ့ အန်ဒရီးရက်စ်ပါရဲယားတို့ကို နံပါတ် 10 Role မှာ ကစားစေခဲ့ပေမယ့် သူတို့ ၂ ဦးဟာ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ဖိ့ု ရုန်းကန်နေရပါတယ်။


လင်ဂတ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဂိုးလည်းမသွင်းနိုင် ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ မရှိသေးတာဖြစ်ပြီး ပါရဲယားကတော့ ဒီရာသီ ပွဲစဉ် ၁၉ပွဲ ပွဲထွက်ကစားကာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။


ဒန်နီရယ်ဂျိမ်းစ်ကတော့ ယူနိုက်တက်မှာ အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် ပွဲစဉ် ၂၁ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ဒါပေမယ့် စပို့တင်းရဲ့ဖာနန်ဒက်စ်က ၁၅ ပွဲ ပွဲထွက်ကစားပြီး သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။


သူဟာ ယူနိုက်တက်ရဲ့ ဂျိမ်းစ် ၊ ပါရဲယား၊ ဖရက်ဒ် ၊ လင်ဂတ်နဲ့ မက်တိုမီနေးတို့ထက် ပွဲထွက်ခွင့်နည်းပါးပေမယ့် ဖန်တီးရှင်အဖြစ် အဆိုပါ ကစားသမားတွေရဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
စပို့တင်းရဲ့ တရားဝင်သတင်းတွေကတော့ ပြီးခဲ့တဲ့အပတ်က ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အကြီးအကဲတွေက စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားကြပြီး ယူနိုက်တက်ပရိသတ်တွေက နောက်ဆုံးမှာတော့ ဘရူနိုကို ခေါ်ယူနိုင်တော့မယ်လို့ မျှော်လင့်ယုံကြည်နေကြပါပြီ ။