ဗီလာနဲ့ပွဲမှာ အဂူရိုကို စောင့်မျှော်နေတဲ့ ဂုဏ်ယူဖွယ်စံချိန်တစ်ခု

0
147

Photo Credit

Photo Credit

တနင်္ဂနွေနေ့မှာ ကစားရမယ့် အက်စ်တွန်ဗီလာနဲ့ပွဲက စီးတီးတိုက်စစ်မှူး အဂူရိုအတွက် ဂုဏ်ယူဖွယ်ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခု တင်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အဂူရိုဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးပြည်ပကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီရဲ့မှတ်တမ်းကို လိုက်မီဖို့ ၁ဂိုးပဲလိုတော့တာပါ။

Photo Credit

အဂူရိုဟာ စီးတီးအတွက် ပရီးမီးယားလိဂ် ၂၅၄ ပွဲမှာ ၁၇၄ ဂိုးသွင်းယူထားပြီး အာဆင်နယ်မှာ ၁၉၉၈ ကနေ ၂၀၀၇ အထိ အွန်နရီကစားခဲ့စဉ်က သွင်းယူခဲ့တဲ့ဂိုးအရေအတွက်နဲ့ တူညီနေတာဖြစ်ပြီး ၂၀၁၂ မှာ အာဆင်နယ်ကို အွန်နရီ ဒုတိယအကြိမ်မြောက် ပြန်ရောက်လာပြီးနောက် ၄ပွဲမှာ ၁ဂိုးသွင်းယူကာ ၁၇၅ ဂိုးနဲ့ စံချိန်တင်ခဲ့တာပါ။

Photo Credit

အဂူရိုအတွက် ဗီလာက ဂိုးမသွင်းဖူးတဲ့အသင်းမဟုတ်ဘဲ ဗီလာဘက်ကို စုစုပေါင်း ၆ဂိုးအထိ သွင်းယူထားလို့ သူ့အနေနဲ့ တနင်္ဂနွေညပွဲအပြီးမှာ အနည်းဆုံး အွန်နရီရဲ့စံချိန်ကို လိုက်မီနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အဂူရိုဟာ ဗီလာနဲ့ကစားခဲ့တဲ့ ၆ပွဲမှာ ၆ဂိုးသွင်းယူထားတာဖြစ်ပြီး ယခုရာသီအစောပိုင်းကလည်း ၇၆ မိနစ်မှာ လူစားဝင်လာပြီးနောက် တစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။

Photo Credit

ပရီးမီးယားလိဂ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားမှုအရ အဂူရိုဟာ ပရီးမီးယားလိဂ်မှာ စတင်ကစားခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း တန်းတက်အသင်းတွေဘက်ကို ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၃၁ ဂိုးနဲ့ စံချိန်တင်ထားတယ်လို့ သိရပါတယ်။

Photo Credit

အွန်နရီနဲ့ အဂူရိုတို့ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာလည်း အဆင့် ၅နဲ့ အဆင့် ၆နေရာတွေမှာ အသီးသီးရပ်တည်နေပြီး အဂူရိုအနေနဲ့ ဗီလာဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ရင် ၁၇၇ ဂိုးနဲ့ လက်ရှိချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်နဲ့အတူ ပူးတွဲအဆင့် ၄နေရာမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Photo Credit

တတိယနေရာမှာ ရပ်တည်နေသူက နယူးကာဆယ်၊ ယူနိုက်တက်နဲ့ စီးတီးတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်(၁၈၇ဂိုး)ဖြစ်ပြီး အဲဒီနောက် ရွန်နီက ၂၀၈ဂိုး၊ အလန်ရှီးယားက ၂၆၀ ဂိုးတို့နဲ့ ဒုတိယ၊ ပထမနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။ ဂိုးသွင်းအများဆုံးပြည်ပကစားသမားစာရင်းမှာ အွန်နရီနဲ့ အဂူရိုတို့ရဲ့နောက် တတိယနေရာမှာ အာဆင်နယ်နဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်ပါစီက ၁၄၄ဂိုးနဲ့ ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ဗီလာနဲ႔ပဲြမွာ အဂူ႐ိုကို ေစာင့္ေမွ်ာ္ေနတဲ့ ဂုဏ္ယူဖြယ္စံခ်ိန္တစ္ခု

တနဂၤေႏြေန႔မွာ ကစားရမယ့္ အက္စ္တြန္ဗီလာနဲ႔ပဲြက စီးတီးတိုက္စစ္မွဴး အဂူ႐ိုအတြက္ ဂုဏ္ယူဖြယ္ပရီးမီးယားလိဂ္စံခ်ိန္သစ္တစ္ခု တင္ႏိုင္ဖို႔ အခြင့္အေရးရွိေနပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ အဂူ႐ိုဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ဂုိးသြင္းအမ်ားဆုံးျပည္ပကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ အာဆင္နယ္ဂႏၳ၀င္တုိက္စစ္မွဴး အြန္နရီရဲ႕မွတ္တမ္းကို လုိက္မီဖို႔ ၁ဂိုးပဲလိုေတာ့တာပါ။
အဂူ႐ိုဟာ စီးတီးအတြက္ ပရီးမီးယားလိဂ္ ၂၅၄ ပြဲမွာ ၁၇၄ ဂိုးသြင္းယူထားၿပီး အာဆင္နယ္မွာ ၁၉၉၈ ကေန ၂၀၀၇ အထိ အြန္နရီကစားခဲ့စဥ္က သြင္းယူခဲ့တဲ့ဂိုးအေရအတြက္နဲ႔ တူညီေနတာျဖစ္ၿပီး ၂၀၁၂ မွာ အာဆင္နယ္ကို အြန္နရီ ဒုတိယအႀကိမ္ေျမာက္ ျပန္ေရာက္လာၿပီးေနာက္ ၄ပြဲမွာ ၁ဂိုးသြင္းယူကာ ၁၇၅ ဂိုးနဲ႔ စံခ်ိန္တင္ခဲ့တာပါ။
အဂူ႐ိုအတြက္ ဗီလာက ဂုိးမသြင္းဖူးတဲ့အသင္းမဟုတ္ဘဲ ဗီလာဘက္ကို စုစုေပါင္း ၆ဂိုးအထိ သြင္းယူထားလုိ႔ သူ႕အေနနဲ႔ တနဂၤေႏြညပဲြအၿပီးမွာ အနည္းဆုံး အြန္နရီရဲ႕စံခ်ိန္ကို လုိက္မီႏိုင္လိမ့္မယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။ အဂူ႐ိုဟာ ဗီလာနဲ႔ကစားခဲ့တဲ့ ၆ပြဲမွာ ၆ဂိုးသြင္းယူထားတာျဖစ္ၿပီး ယခုရာသီအေစာပိုင္းကလည္း ၇၆ မိနစ္မွာ လူစား၀င္လာၿပီးေနာက္ တစ္ဂိုးသြင္းယူခဲ့ပါေသးတယ္။
ပရီးမီးယားလိဂ္ရဲ႕တရား၀င္၀က္ဘ္ဆုိက္မွာ ေရးသားေဖာ္ျပထားမႈအရ အဂူ႐ိုဟာ ပရီးမီးယားလိဂ္မွာ စတင္ကစားခဲ့တဲ့ ၂၀၁၁ ေနာက္ပုိင္း တန္းတက္အသင္းေတြဘက္ကို ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၃၁ ဂိုးနဲ႔ စံခ်ိန္တင္ထားတယ္လုိ႔ သိရပါတယ္။
အြန္နရီနဲ႔ အဂူ႐ိုတုိ႔ဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာလည္း အဆင့္ ၅နဲ႔ အဆင့္ ၆ေနရာေတြမွာ အသီးသီးရပ္တည္ေနၿပီး အဂူ႐ိုအေနနဲ႔ ဗီလာဘက္ကို ဟက္ထရစ္သြင္းယူႏုိင္ခဲ့ရင္ ၁၇၇ ဂိုးနဲ႔ လက္ရွိခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္နဲ႔အတူ ပူးတြဲအဆင့္ ၄ေနရာမွာ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။
တတိယေနရာမွာ ရပ္တည္ေနသူက နယူးကာဆယ္၊ ယူႏိုက္တက္နဲ႔ စီးတီးတုိက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္(၁၈၇ဂုိး)ျဖစ္ၿပီး အဲဒီေနာက္ ရြန္နီက ၂၀၈ဂိုး၊ အလန္ရွီးယားက ၂၆၀ ဂိုးတို႔နဲ႔ ဒုတိယ၊ ပထမေနရာေတြမွာ အသီးသီးရပ္တည္ေနပါတယ္။ ဂိုးသြင္းအမ်ားဆုံးျပည္ပကစားသမားစာရင္းမွာ အြန္နရီနဲ႔ အဂူ႐ိုတုိ႔ရဲ႕ေနာက္ တတိယေနရာမွာ အာဆင္နယ္နဲ႔ ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ဗန္ပါစီက ၁၄၄ဂိုးနဲ႔ ရပ္တည္ေနပါတယ္။