ဗယ်ဗာဒီနေရာအစားဝင်ဖို့ ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ရတဲ့အကြောင်းရင်း ဇာဗီဖွင့်ဟ

photo-gettyimages

photo-gettyimages

ဘာစီလိုနာဂန္ထဝင်ဇာဗီက နည်းပြအနေနဲ့ အသင်းကိုသူပြန်လာဖို့ ပယ်ချခဲ့တာ ဘာကြောင့်ဆိုတာကို ဖွင့်ဟလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နည်းပြဘဝရဲ့အစပိုင်းပဲ ရှိနေသေးလို့ပါတဲ့။ ကလပ်အတွက် ၇၆၇ ပွဲကစားပြီး ဆုဖလားပေါင်း ၂၅ ခုရယူပေးနိုင်ခဲ့တဲ့အဲဒီဘာစီလိုနာကွင်းလယ်လူဟောင်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး စာချုပ်သစ်တစ်ရပ်လည်းကမ်းလှမ်းခံခဲ့ရပြီးနောက် ဗယ်ဗာဒီနေရာအစားဝင်တော့မယ့်ပုံရှိခဲ့တာပါ။

photo-gettyimages

ဒါပေမဲ့ လက်ရှိမှာ ကာတာကလပ်အယ်ဆတ်ကိုကိုင်တွယ်နေတဲ့ဇာဗီဟာ ၂ နှစ်ခွဲစာချုပ်ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာဟာ ဘက်တစ်နည်းပြဆီတီယန်ဘက်ကို မြားဦးလှည့်ခဲ့ရပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့အကြီးဆုံးအလုပ်တွေထဲက တစ်ခုအတွက် အဆင့်သင့်မဖြစ်သေးကြောင်း ဝန်ခံခဲ့တာပါ။ ဇာဗီဟာ ပြီးခဲ့တဲ့နှစ် မေလကမှ နည်းပြလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

photo-reuters

”ဟုတ်ပါတယ်။ အဘီဒယ်၊ဂရာအူတို့နဲ့ တွေ့ဆုံတော့ ဘာစီလိုနာဆီက ကမ်းလှမ်းမှုတစ်ခုကို ကျွန်တော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်လက်မခံခဲ့ပါဘူး။ အထူးသဖြင့် ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာကိုကိုင်တွယ်ဖို့က အရမ်းစောလွန်းပါသေးတယ်။ ဒါပေမဲ့လည်း အနာဂါတ်မှာ ဘာစီလိုနာနည်းပြတစ်ယောက်ဖြစ်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်အဖြစ် ရှိနေဆဲဖြစ်မှာပါ”လို့ ဇာဗီက စပိန်သတင်းစာတစ်စောင်ကို ပြောကြားခဲ့ပါတယ်။

[Zawgyi]

ဗယ္ဗာဒီေနရာအစား၀င္ဖုိ႔ ကမ္းလွမ္းလာမႈကို ပယ္ခ်ခဲ့ရတဲ့အေၾကာင္းရင္း ဇာဗီဖြင့္ဟ

ဘာစီလုိနာဂႏၳ၀င္ဇာဗီက နည္းျပအေနနဲ႔ အသင္းကိုသူျပန္လာဖုိ႔ ပယ္ခ်ခဲ့တာ ဘာေၾကာင့္ဆိုတာကို ဖြင့္ဟလိုက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔နည္းျပဘ၀ရဲ႕အစပိုင္းပဲ ရွိေနေသးလုိ႔ပါတဲ့။ ကလပ္အတြက္ ၇၆၇ ပြဲကစားၿပီး ဆုဖလားေပါင္း ၂၅ ခုရယူေပးႏုိင္ခဲ့တဲ့အဲဒီဘာစီလုိနာကြင္းလယ္လူေဟာင္း ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ၿပီး စာခ်ဳပ္သစ္တစ္ရပ္လည္းကမ္းလွမ္းခံခဲ့ရၿပီးေနာက္ ဗယ္ဗာဒီေနရာအစား၀င္ေတာ့မယ့္ပုံရွိခဲ့တာပါ။

ဒါေပမဲ့ လက္ရွိမွာ ကာတာကလပ္အယ္ဆတ္ကိုကိုင္တြယ္ေနတဲ့ဇာဗီဟာ ၂ ႏွစ္ခြဲစာခ်ဳပ္ကမ္းလွမ္းလာမႈကို ပယ္ခ်လိုက္ပါတယ္။ ဒါေၾကာင့္လည္း ဘာစီလိုနာဟာ ဘက္တစ္နည္းျပဆီတီယန္ဘက္ကို ျမားဦးလွည့္ခဲ့ရပါတယ္။ ကမာၻ႔ေဘာလုံးေလာကရဲ႕အႀကီးဆုံးအလုပ္ေတြထဲက တစ္ခုအတြက္ အဆင့္သင့္မျဖစ္ေသးေၾကာင္း ၀န္ခံခဲ့တာပါ။ ဇာဗီဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလကမွ နည္းျပေလာကထဲကို စတင္၀င္ေရာက္ခဲ့တာပါ။

”ဟုတ္ပါတယ္။ အဘီဒယ္၊ဂရာအူတို႔နဲ႔ ေတြ႕ဆုံေတာ့ ဘာစီလိုနာဆီက ကမ္းလွမ္းမႈတစ္ခုကို ကၽြန္ေတာ္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္လက္မခံခဲ့ပါဘူး။ အထူးသျဖင့္ ဘာေၾကာင့္လဲဆိုေတာ့ ဘာစီလိုနာကိုကုိင္တြယ္ဖို႔က အရမး္ေစာလြန္းပါေသးတယ္။ ဒါေပမဲ့လည္း အနာဂါတ္မွာ ဘာစီလုိနာနည္းျပတစ္ေယာက္ျဖစ္လာဖို႔က ကၽြန္ေတာ့္ရဲ႕အိပ္မက္အျဖစ္ ရွိေနဆဲျဖစ္မွာပါ”လို႔ ဇာဗီက စပိန္သတင္းစာတစ္ေစာင္ကို ေျပာၾကားခဲ့ပါတယ္။