ဗယ်ဗာဒီကိုထုတ်ပြီး မထင်မရှားဆီတီယန်နဲ့ အစားထိုးလိုက်တဲ့ လာလီဂါဦးဆောင်သူဘာစီလိုနာ

photo-daily mail

photo-gettyimages

လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နည်းပြဗယ်ဗာဒီကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ် စပိန်စူပါဖလားအရှုံးရဲ့အဓိကအကျိုးဆက်ဖြစ်ပါတယ်။ ရာသီကြားကာလမှာ ဘာစီလိုနာက နည်းပြထုတ်ပယ်တာဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဗန်ဂေါလ်နောက်ပိုင်း ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

photo-gettyimages

ဘာစီလိုနာဟာ ဗယ်ဗာဒီရဲ့နေရာမှာ မထင်မရှားနည်းပြတစ်ယောက်ဖြစ်တဲ့ ဆီတီယန်နဲ့ အစားထိုးလိုက်ပြီး ၂ နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ၆၁ နှစ်အရွယ် ဆီတီယန်ဟာ ဘက်တစ်နည်းပြဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အဲဒီအသင်းကို လာလီဂါမှာ အဆင့် ၆ နေရာရောက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာအစတုန်းက ဝက်ဖို့ဒ်နည်းပြရာထူးအတွက် သတင်းထွက်ခဲ့ပါသေးတယ်။ ဆီတီယန်ဟာ ဘာစီလိုနာဂန္ထဝင်နည်းပြဂျိုဟန်ခရိုက်ဖ်ကို ရူးသွပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

photo-BR Football

ထုတ်ပယ်ခံလိုက်ရတဲ့ဗယ်ဗာဒီဟာ ဘာစီလိုနာမှာ စွမ်းဆောင်ရည်မနိမ့်ခဲ့ပါဘူး။ လက်ရှိမှာ ဘာစီလိုနာဟာ လာလီဂါဦးဆောင်သူဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားတာပါ။ ဒါ့အပြင် ဗယ်ဗာဒီလက်ထက် ၁၄၅ ပွဲမှာ ၉၇ ပွဲနိုင်၊ ၃၂ ပွဲသရေနဲ့ ၁၆ ပွဲသာ ရှုံးထားကာ အနိုင်ရာခိုင်နှုန်းက ၆၇ တောင် ရှိပါတယ်။ နောက်ပြီး လာလီဂါ ၂ ကြိမ်အပါအဝင် ဆုဖလားအောင်ြ်မင်မှု ၄ ကြိမ်ရယူပေးထားပါတယ်။ ဒါပေမဲ့လည်း ဘာစီလိုနာရဲ့မျှော်မှန်းမှုက မြင့်မားလွန်းတဲ့အတွက် အဲဒီလောက်နဲ့ မလုံလောက်ခဲ့ပါဘူး။

[Zawgyi]

ဗယ္ဗာဒီကိုထုတ္ၿပီး မထင္မရွားဆီတီယန္နဲ႔ အစားထိုးလိုက္တဲ့ လာလီဂါဦးေဆာင္သူဘာစီလိုနာ

လာလီဂါအမွတ္ေပးဇယားကုိ ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕နည္းျပဗယ္ဗာဒီကို ထုတ္ပယ္လိုက္ၿပီ ျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့အပတ္ စပိန္စူပါဖလားအရႈံးရဲ႕အဓိကအက်ိဳးဆက္ျဖစ္ပါတယ္။ ရာသီၾကားကာလမွာ ဘာစီလုိနာက နည္းျပထုတ္ပယ္တာဟာ လြန္ခ့ဲတဲ့ ၁၇ ႏွစ္က ဗန္ေဂါလ္ေနာက္ပိုင္း ဒါပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ဗယ္ဗာဒီရဲ႕ေနရာမွာ မထင္မရွားနည္းျပတစ္ေယာက္ျဖစ္တဲ့ ဆီတီယန္နဲ႔ အစားထိုးလိုက္ၿပီး ၂ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ခန္႔အပ္လိုက္ပါတယ္။ ၆၁ ႏွစ္အရြယ္ ဆီတီယန္ဟာ ဘက္တစ္နည္းျပေဟာင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အဲဒီအသင္းကို လာလီဂါမွာ အဆင့္ ၆ ေနရာေရာက္ေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ပါတယ္။ သူဟာ ဒီဇင္ဘာအစတုန္းက ၀က္ဖုိ႔ဒ္နည္းျပရာထူးအတြက္ သတင္းထြက္ခဲ့ပါေသးတယ္။ ဆီတီယန္ဟာ ဘာစီလိုနာဂႏၳ၀င္နည္းျပဂ်ိဳဟန္ခရိုက္ဖ္ကုိ ရူးသြပ္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ထုတ္ပယ္ခံလုိက္ရတဲ့ဗယ္ဗာဒီဟာ ဘာစီလိုနာမွာ စြမ္းေဆာင္ရည္မနိမ့္ခဲ့ပါဘူး။ လက္ရွိမွာ ဘာစီလုိနာဟာ လာလီဂါဦးေဆာင္သူျဖစ္သလုိ ခ်န္ပီယံလိဂ္မွာလည္း ၁၆ သင္းအဆင့္ကို တက္ေရာက္ထားတာပါ။ ဒါ့အျပင္ ဗယ္ဗာဒီလက္ထက္ ၁၄၅ ပြဲမွာ ၉၇ ပြဲႏိုင္၊ ၃၂ ပြဲသေရနဲ႔ ၁၆ ပြဲသာ ရႈံးထားကာ အႏိုင္ရာခိုင္ႏႈန္းက ၆၇ ေတာင္ ရွိပါတယ္။ ေနာက္ၿပီး လာလီဂါ ၂ ႀကိမ္အပါအ၀င္ ဆုဖလားေအာင္ျ္္မင္မႈ ၄ ႀကိမ္ရယူေပးထားပါတယ္။ ဒါေပမဲ့လည္း ဘာစီလိုနာရဲ႕ေမွ်ာ္မွန္းမႈက ျမင့္မားလြန္းတဲ့အတြက္ အဲဒီေလာက္နဲ႔ မလုံေလာက္ခဲ့ပါဘူး။