ဗန်ပါစီရဲ့ အာဆင်နယ်နဲ့ပွဲအပြီး ဝေဖန် မှတ်ချက်စကားကို ဆရာကျကျ တုံ့ပြန်လိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အာဆင်နယ်နဲ့ပွဲအပြီး ပြုံနေခဲ့လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ကစားသမားဟောင်း ဗန်ပါစီကို တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ BT Sportရဲ့ ဘောလုံးရေးရာ သုံးသပ်သူဖြစ်တဲ့ ဆိုးလ်ရှားက အာဆင်နယ်နဲ့ပွဲအပြီး အင်တာဗျုးမှာ ပြုံးနေခဲ့တဲ့ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ပါစီရဲ့ မှတ်ချက်စကားအကြောင်း မေးမြန်းရာမှာ ဆိုးလ်ရှားက “ကျွန်တော် ရော်ဘင်ကို မသိသလို ရော်ဘင်ကလည်း ကျွန်တော့်အကြောင်း မသိပါဘူး သူ့ ကျွန်တော့်ရဲ့ နည်းပြစတိုင်ပိုင်းကို ဘာမှ ဝေဖန်နေစရာ မရှိပါဘူး။ အဲ့ဒါကို ကျွန်တော် ပြောင်းလဲမှာလည်း မဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်”

File photo dated 28-12-2019 of Manchester United manager Ole Gunnar Solskjaer.

“သူ ယူနိုက်တက်မှာ ကစားတုန်းက ကျွန်တော့်ရဲ့ ကျောနံပါတ်(၂၀)ကကို ဝတ်ဆင်ခဲ့တယ်။ သူ ကျွန်တော့်ရဲ့ ပုံစံကို ယူခဲ့တယ်ပေါ့ဗျာ။ အကြောင်းကတော့ ကျွန်တော်က သူ့ရဲ့ စီနီယာ ကစားသမားဟောင်း ဖြစ်နေလို့ပါပဲ”လို့ ပြောခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ လက်ထက်မှာ ယူနိုက်တက်ဟာ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ပွဲမှာ ၈ပွဲသာ နိုင်ထားပါတယ်။

ဆိုးလ်ရှားတစ်ယောက် ဒီနေ့ညမှာ ကစားမယ့် ဝုဗ်နဲ့ FA ဖလားပွဲ၊ အင်္ဂါညမှာ ကစားမယ့် မန်စီးတီးနဲ့ ကာရာဘောင်ပွဲတွေမှာ ရလဒ်မကောင်ဘူးဆိုရင်တော့ ရာထူးကနေ ထွက်ရဖို့ တော်တော်လေး နီးစပ်လာတော့မှာ ဖြစ်ပါတယ်။