ပြိုင်ဘက်တိုက်စစ်မှူးကို ဘိုင်ကောလို့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆဲလ်တစ်နောက်ခံလူ

Photo Credit

Photo Credit

ဆဲလ်တစ်အသင်းကွင်းလယ်လူ ရိုင်ယန်ခရစ္စတီးဟာ ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့ Old Firm ဒါဘီပွဲမှာ ပြိုင်ဘက် ရိန်းဂျားစ်အသင်းတိုက်စစ်မှူး မိုရီလို့စ်ကို သွားပြီး ဘိုင်ကောလိုက်လို့ ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

Photo Credit

ဆဲလ်တစ်အသင်း ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကပွဲစဉ်မှာ အသက် ၂၄ နှစ်အရွယ်ရှိ ခရစ္စတီးက ပြိုင်ဘက်ကစားသမားကို ကိုယ်ထိလက်ရောက် ပြုမူခဲ့လို့ အဲဒီလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit

အဲဒီဖြစ်ရပ်မတိုင်ခင်ကတည်းက အဝါကတ်ပြသခံထားရတဲ့ ခရစ္စတီးဟာ မိုရီလို့စ်ကို မလျော်ကန်တဲ့အပြုအမူ သွားလုပ်ခဲ့တာ နောက်တစ်ကြိမ်အဝါကတ် ပြသမခံခဲ့ရပေမယ့် အခုတော့ ပက်ထရစ်သစ္စတယ်၊ ကီလ်မာနော့ခ်၊ ရော့စ်ကန်းထရီးအသင်းတို့နဲ့ကစားရမယ့်ပွဲတွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit

ဆဲလ်တစ်အသင်းက ခရစ္စတီး ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ အဲဒီပြစ်ဒဏ်က အလွန်စိတ်ပျက်စရာကောင်းလောက်အောင် မျှတခြင်းမရှိကြောင်း၊ စကော့တလန်ဘောလုံးအဖွဲ့ချုပ်ကိုလည်း အကြောင်းကြာင်းကြားထားပြီးဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။

Photo Credit

ဆဲလ်တစ်အသင်းဟာ ခရစ္စတီးရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ရိန်းဂျားစ်အသင်းသားတွေရဲ့ပြစ်ဒဏ်ကျူးလန်မှုတွေအပေါ် စကော့တလန်ဘောလုံးအဖွဲ့ချုပ်ထံ သက်သေနဲ့တကွ စောဒကတက်ထားတယ်လို့လည်း သိရပါတယ်။

Photo Credit

ပရိသတ်အများစုကလည်း စကော့တလန်ဘောလုံးအဖွဲ့ချုပ်ရဲ့တစ်သမတ်တည်းမရှိတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ အသီးသီးဝေဖန်နေကြပြီး အထူးသဖြင့် ယမန်နှစ် Old Firm ဒါဘီပွဲမှာ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိ ဘိုင်ကောခဲ့တဲ့မိုရီနို့စ်ကျ ဘာအပြစ်ဒဏ်မှမခံရဘဲ မတော်တဆ သွားပြီး ဘိုင်ကောမိခဲ့တဲ့ ခရစ္စတီးကတော့ ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကို ထောက်ပြခဲ့ကြပါတယ်။

Photo Credit

Zawgyi

ၿပိဳင္ဘက္တုိက္စစ္မွဴးကို ဘိုင္ေကာလုိ႔ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ဆဲလ္တစ္ေနာက္ခံလူ

ဆဲလ္တစ္အသင္းကြင္းလယ္လူ ႐ိုင္ယန္ခရစၥတီးဟာ ၿပီးခဲ့တဲ့လကယွဥ္ၿပိဳင္ကစားခဲ့တဲ့ Old Firm ဒါဘီပြဲမွာ ၿပိဳင္ဘက္ ရိန္းဂ်ားစ္အသင္းတုိက္စစ္မွဴး မုိရီလုိ႔စ္ကို သြားၿပီး ဘုိင္ေကာလိုက္လုိ႔ ၃ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။
ဆဲလ္တစ္အသင္း ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ ဒီဇင္ဘာလ ၂၉ ရက္ေန႔ကပြဲစဥ္မွာ အသက္ ၂၄ ႏွစ္အရြယ္ရွိ ခရစၥတီးက ၿပိဳင္ဘက္ကစားသမားကို ကုိယ္ထိလက္ေရာက္ ျပဳမူခဲ့လုိ႔ အဲဒီလုိ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။
အဲဒီျဖစ္ရပ္မတုိင္ခင္ကတည္းက အ၀ါကတ္ျပသခံထားရတဲ့ ခရစၥတီးဟာ မိုရီလုိ႔စ္ကို မေလ်ာ္ကန္တဲ့အျပဳအမူ သြားလုပ္ခဲ့တာ ေနာက္တစ္ႀကိမ္အ၀ါကတ္ ျပသမခံခဲ့ရေပမယ့္ အခုေတာ့ ပက္ထရစ္သစၥတယ္၊ ကီလ္မာေနာ့ခ္၊ ေရာ့စ္ကန္းထရီးအသင္းတို႔နဲ႔ကစားရမယ့္ပြဲေတြကို ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
ဆဲလ္တစ္အသင္းက ခရစၥတီး ၃ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာနဲ႔ပတ္သက္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခ့ဲရာမွာ အဲဒီျပစ္ဒဏ္က အလြန္စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ မွ်တျခင္းမရွိေၾကာင္း၊ စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္း အေၾကာင္းၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း ပါ၀င္ခဲ့ပါတယ္။
ဆဲလ္တစ္အသင္းဟာ ခရစၥတီးရဲ႕ပဲြပယ္ျပစ္ဒဏ္ကို ျပန္လည္တု႔ံျပန္တဲ့အေနနဲ႔ ရိန္းဂ်ားစ္အသင္းသားေတြရဲ႕ျပစ္ဒဏ္က်ဴးလန္မႈေတြအေပၚ စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ထံ သက္ေသနဲ႔တကြ ေစာဒကတက္ထားတယ္လုိ႔လည္း သိရပါတယ္။
ပရိသတ္အမ်ားစုကလည္း စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕တစ္သမတ္တည္းမရွိတဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လုိ႔ လူမႈမီဒီယာမွာ အသီးသီးေ၀ဖန္ေနၾကၿပီး အထူးသျဖင့္ ယမန္ႏွစ္ Old Firm ဒါဘီပြဲမွာ ၿပိဳင္ဘက္ကစားသမားကို ရည္ရြယ္ခ်က္ရွိရွိ ဘိုင္ေကာခဲ့တဲ့မုိရီႏို႔စ္က် ဘာအျပစ္ဒဏ္မွမခံရဘဲ မေတာ္တဆ သြားၿပီး ဘုိင္ေကာမိခဲ့တဲ့ ခရစၥတီးကေတာ့ ၃ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာကို ေထာက္ျပခဲ့ၾကပါတယ္။