ပြည်ပလိဂ်ရောက် အကောင်းဆုံးဘယ်လ်ဂျီယံကစားသမားဆုကို ဟာဇတ် ၃ နှစ်ဆက်ရ

photo-HLN

photo-AS

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားအီဒင်ဟာဇတ်ဟာ ပြည်ပရောက် အကောင်းဆုံးဘယ်လ်ဂျီယံကစားသမားဆုကို ၃ နှစ်ဆက်အဖြစ် ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အဲဒီဆုကို ဘယ်လ်ဂျီယံနေ့စဉ်သတင်းစာတစ်စောင်ဖြစ်တဲ့ HLN က ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ဟာဇတ်ဟာ ဒီဆုအတွက် မန်စီးတီးကွင်းလယ်လူဒီဘရူနီနဲ့ အင်တာမီလန်တိုက်စစ်မှုးလူကာကူတို့ကို ကျော်ဖြတ်ခဲ့ရတာပါ။

photo-gettyimages

ဟာဇတ်ဟာ အသင်းသစ်ရီးရဲလ်နဲ့ဒီရာသီမှာ ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက အသင်းဟောင်းချဲလ်ဆီးနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ သူဟာ ဘယ်လ်ဂျီယံက ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပေမယ့် အွန်လိုင်းပေါ်ကတစ်ဆင့် ဒီဆုကို လက်ခံရယူခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ ဒဏ်ရာပြသနာကနေ ပြန်လည်နာလန်ထအောင်လုပ်နေရပြီး စပိန်စူပါဖလားဗိုလ်စွဲခဲ့တဲ့ရီးရဲလ်အသင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိပါဘူး။

photo-gettyimages

ဟာဇတ်ဟာ အဲဒီဆုအတွက် မဲပေးမှုတွေကနေ ၄၅၈ မှတ်ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ဗိုလ်စွဲခဲ့ပြီး ဒီရာသီမှာလည်း အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဒီဘရူနီကတော့ ၃၄၈ မှတ်ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီရာသီအင်တာမီလန်မှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးလူကာကူကတော့ ၂၄၈ မှတ်ရခဲ့တာပါ။

[Zawgyi]

ျပည္ပလိဂ္ေရာက္ အေကာင္းဆုံးဘယ္လ္ဂ်ီယံကစားသမားဆုကို ဟာဇတ္ ၃ ႏွစ္ဆက္ရ

ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမားအီဒင္ဟာဇတ္ဟာ ျပည္ပေရာက္ အေကာင္းဆုံးဘယ္လ္ဂ်ီယံကစားသမားဆုကို ၃ ႏွစ္ဆက္အျဖစ္ ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။ အဲဒီဆုကို ဘယ္လ္ဂ်ီယံေန႔စဥ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ HLN က ေရြးခ်ယ္ခ်ီးျမွင့္တာ ျဖစ္ပါတယ္။ ဟာဇတ္ဟာ ဒီဆုအတြက္ မန္စီးတီးကြင္းလယ္လူဒီဘရူနီနဲ႔ အင္တာမီလန္တုိက္စစ္မႈးလူကာကူတုိ႔ကို ေက်ာ္ျဖတ္ခဲ့ရတာပါ။

ဟာဇတ္ဟာ အသင္းသစ္ရီးရဲလ္နဲ႔ဒီရာသီမွာ ဒဏ္ရာျပသနာေတြေၾကာင့္ ရုန္းကန္ေနရေပမယ့္ ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းေဟာင္းခ်ဲလ္ဆီးနဲ႔အတူ ယူရိုပါလိဂ္ၿပိဳ္င္ပြဲမွာ ဗုိလ္စြဲခဲ့ပါတယ္။ သူဟာ ဘယ္လ္ဂ်ီယံက ဆုေပးပြဲအခမ္းအနားကို တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိေပမယ့္ အြန္လိုင္းေပၚကတစ္ဆင့္ ဒီဆုကို လက္ခံရယူခဲ့ပါတယ္။ လက္ရွိမွာလည္း သူဟာ ဒဏ္ရာျပသနာကေန ျပန္လည္နာလန္ထေအာင္လုပ္ေနရၿပီး စပိန္စူပါဖလားဗုိလ္စြဲခဲ့တဲ့ရီးရဲလ္အသင္းမွာေတာင္ ပါ၀င္ခဲ့ျခင္း မရွိပါဘူး။

ဟာဇတ္ဟာ အဲဒီဆုအတြက္ မဲေပးမႈေတြကေန ၄၅၈ မွတ္ရရွိခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ ဗိုလ္စြဲခဲ့ၿပီး ဒီရာသီမွာလည္း္ အေကာင္းဆုံးေျခစြမ္းျပေနတဲ့ ကြငး္လယ္လူဒီဘရူနီကေတာ့ ၃၄၈ မွတ္ရၿပီး ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဒီရာသီအင္တာမီလန္မွာ ဂိုးသြင္းေျခစြမ္းျပေနတဲ့ တုိက္စစ္မႈးလူကာကူကေတာ့ ၂၄၈ မွတ္ရခဲ့တာပါ။