ပေါ့ဂ်ဘာသွားရင် ခရူးစ်ကို ပြန်ရဖို့ များနေတဲ့ ယူနိုက်တက်


ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ယူနိုက်တက်က ပေါ့ဂ်ဘာကို ခေါ်ယူရာမှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။The Sunရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာရဲ့ ယူနိုက်တက် ကစားသမားဘဝက ကုန်ဆုံးသွားပြီဖြစ်ပြီး အသင်းကလည်း လမ်းခွဲဖို့အတွက် ဆိုင်းပြင်းနေခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်အသင်းဖော်တွေဟာ ပြင်သစ်သားအနေနဲ့အသင်းက ထွက်ခွာတော့မှာကို စိုးရိမ်နေကြပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပိုင်ရှင် ပေါ့ဂ်ဘာအနေနဲ့ ဆုဖလားတွေ ဆွတ်ခူးဖို့အတွက် ယူနိုက်တက်မှာပဲ ထိုင်နေလို့မရဘူးလို့ ယုံကြည်နေခဲ့ပါတယ်။ ပြင်သစ်သားဟာ စက်တင်ဘာလနောက်ပိုင်း ခြေသလုံးဒဏ်ရာကြောင့် လူစားဝင်ကစားသမားအဖြစ် ၂ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ယခုအချိန်မှာလည်း နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာဟာ အသေးစာဒဏ်ရာကြောင့် ၄ပတ်လောက် အနားယူရတော့မယ်လို့ အတည်ပြုထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာ လှုပ်ရှားဖွယ်မရှိပေမဲ့ ပေါ့ဂ်ဘာကို ခေါ်ယူဖို့တော့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အနေနဲ့ ပြင်သစ်သားကို ရောင်းချခဲ့မယ်ဆိုရင် ကာလရှည်ပစ်မှတ် တိုနီခရူးစ်ကို ပြန်လည် ရရှိဖွယ်ရှိနေပါတယ်။ခရူးစ်ဟာ ၂၀၁၄ နွေရာသီမှာ ဘိုင်ယန်ကနေ ယူနိုက်တက်ကို ပြောင်းဖို့ နီးစပ်ခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ကိုသာ ရောက်ရှိသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေဖြစ်ခဲ့ရင်တော့ ရီးရဲလ်အနေနဲ့ ပြင်သစ်သားအတွက် ခရူးစ်ကို ပြန်လည်ရောင်းချသွားဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ဟာ နွေရာသီက ပေါ့ဂ်ဘာကို မရောင်းချလိုတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် သန်း၁၈၀အထိ တိုးမြင့်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ စိတ်ပြောင်းသွားပြီး ပေါင် သန်း၁၀၀နဲ့ ထွက်ခွာခွင့်ပြုတော့မယ်လို့ သိရပါတယ်။