ပထမပိုင်း ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေကို ဆိုးလ်ရှားဘာပြောခဲ့သလဲ?
photo internet
ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ မန်စီးတီးကို ဒီနေ့မနက်မှာ ဧည့်ခံကစားခဲ့ရပြီး ၁-၃ ရလာဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ဧည့်သည်မန်စီးတီးကို ပထမပိုင်းမှာတင် သွင်းဂိုး ၃ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ဘာနာဒိုက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့ပြီး၊ ပွဲချိန် ၃၃ မိနစ်မှာ မာရက်ဇ်က ဒုတိယဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ တတိယဦးဆောင်ဂိုးကိုတော့ ၃၉ မိနစ်အရောက်မှာ ပါရဲရား(og)က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပွဲစဉ်အပြီးမှာ ဧည့်သည်မန်စီးတီးအသင်းကို ဦးဆောင်ဂိုး ၃ ဂိုးခွင့်ပြုခဲ့ရပြီး ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ၃ ဂိုးပြတ်နဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။
photo internet
ဒုတိယပိုင်းအရောက်မှာတော့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ ပုံစံကိုပြသနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက်အသင်းကို ပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်အရောက်မှာတော့ အသင်းခေါင်းဆောင် ရက်ရှ်ဖို့ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ၁ ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားက ဒီလိုရလာဒ်ဆိုးတွေကိုပြောင်းလဲပစ်နိုင်ဖို့အတွက် ဒုတိယပိုင်း ပွဲချိန် ၄၅ မိနစ်နဲ့ နောက်ထပ် အဝေးကွင်းပွဲစဉ်တစ်ပွဲကျန်ရှိသေးတာကြောင့် အကောင်းဆုံးကြိုးစားကြဖို့ ကစားသမားတွေကို ပထမပိုင်းပွဲစဉ်အပြီးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
photo internet
“နောက်ထပ် ပွဲချိန် ၄၅မိနစ်စီ ၃ ခါကစားကြရဦးမယ်။ အဲဒါကြောင့် ကျန်ရှိနေတဲ့ ပွဲစဉ်တွေအတွင်းမှာ ငါတို့ အကောင်းဆုံး စွမ်းဆောင်ရည်တွေပြသနိုင်ဖို့ လိုအပ်နေသေးတယ်။ ဒီပွဲစဉ်အတွက် ကျန်ရှိနေတဲ့ ဒုတိယပိုင်း ပွဲချိန် ၄၅ မိနစ်အတွင်းမှာ ကျိန်းသေ အနိုင်ရအောင် စွမ်းဆောင်ကြရလိမ့်မယ်” လို့ ဆိုးလ်ရှားက တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။
photo internet
ပွဲစဉ်အပြီး မြို့ခံပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ် ဆိုးလ်ရှားက…“ပထမပိုင်းအပြီးမှာတော့ ဒီလိုဆိုးရွားတဲ့ရလာဒ်နဲ့ ကျွန်တော်တို့ ကွင်းထဲက ထွက်ခွာခဲ့ကြရတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ပြောသင့်တဲ့စကားတစ်ခွန်းကတော့ ဒုတိယပိုင်း ၄၅ မိနစ်မှာ ပြိုင်ဘက်အသင်းကို အနိုင်ယူပြီး ဒီပွဲစဉ်ကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ပါ။ ပက်ကလည်း ဒီလိုမျိုး ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ ပထမပိုင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ကျွန်တော်တို့အတွက် ဒုတိယပိုင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲ့တဲ့ စမ်းသပ်ခံရမှုတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ အနည်းဆုံးတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးရလာဒ်တွေရရှိနိုင်ဖို့ မျှော်လင့်ချက်ထားနိုင်မယ့် အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ပြိုင်ဘက်အသင်းကို ပထမပိုင်းမှာ ဦးဆောင်ဂိုးစတင်ပေးလိုက်ရတဲ့ အချိန်ကတည်းက ပွဲစဉ်အတွင်းမှာ ကျွန်တော်တို့ အံဝင်အောင် မကစားနိုင်ခဲ့ကြပါဘူး။ အစွမ်းကုန် ပြေးလွှားပြီး ဖိအားတွေနဲ့ကစားခဲ့ကြပေမယ့် ကျွန်တော်တို့အတွက် အဆင်မပြေခဲ့ပါဘူး။ ဒီပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို ပထမပိုင်းတစ်ပိုင်းလုံး ထိန်းချုပ်ကစားခွင့် ပေးခဲ့ရပါတယ်။ ဆုံးဖြတ်ချက်အမှားတွေနဲ့အတူ ကျွန်တော်တို့ဟာ ပထမပိုင်းတစ်ပိုင်းလုံး ခေါင်းငုံ့ကစားနေခဲ့ကြရပါတယ်။ အဲဒါကြောင့် ပထမပိုင်းပွဲချိန်အတွင်းက အမှားတွေကို ပြန်ပြင်ဆင်ပြီး ဒုတိယပိုင်းမှာ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်။
photo internet
ဒီလိုအမှားတွေကိုပြင်ဆင်နိုင်ခဲ့လို့ ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းကို ကျွန်တော်တို့ အကောင်းမွန်ဆုံး တုံ့ပြန်နိုင်ခဲ့ကြပါတယ်။ ဂိုးပြတ်ရှုံးနိမ့်မှုဆိုတဲ့ အရမ်းကို မတ်စောက်လွန်းတဲ့ တောင်ကုန်းကြီးတစ်ခုကို ကျွန်တော်တို့ ကြိုးစားတက်လှမ်းခဲ့ကြပါတယ်။ တခြားဘာကိုမှ စဉ်းစားတွေးတောမနေဘဲ အကောင်းဆုံးအနေအထားနဲ့ ရှေ့ဆက်လှမ်းနိုင်ဖို့ကိုပဲ လုပ်ဆောင်ခဲ့ကြပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့တာကတော့ အမှန်ပါပဲ။ ဒီလိုခြေစွမ်းတွေ ဆိုးရွားခဲ့လို့လည်း ကျွန်တော်တို့ဟာ ဦးဆောင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာပါ။ ဒါပေမယ့် အခုတော့ ဒီကိစ္စမရှိတော့ပါဘူး။
photo internet
နောဝှစ်ချ်နဲ့ တွေ့ဆုံမယ့် နောက်ထပ်ပွဲစဉ်အတွက်ကိုပဲ အာရုံစိုက်ရတော့ပါမယ်။ ထပ်ပြီးရင်ဆိုင်ရမယ့် ဒုတိယအကျော့အတွက်ကတော့ ကျွန်တော်တို့ယုံကြည်တာကိုပဲ လုပ်ဆောင်ကြရမှာပါ” လို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
photo internet
(Zawgyi Version)