ပထမပိုင်းမှာ ၃ ဂိုးပဲအသွင်းခံရတာ မန်ယူကံကောင်းတယ်ဆိုတဲ့ သဘောမျိုးပြောလိုက်တဲ့ ဘာနာဒို

photo-gettyimages

photo-the sun

မနေ့ညအင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ မန်ယူဟာ ပထမပိုင်းကတည်းက မြို့ခံပြိုင်ဘက်မန်စီးတီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနေခဲ့တာဖြစ်ပြီး တစ်ဖက်သက်ကစားနိုင်ခဲ့တဲ့ အဲဒီပထမပိုင်းမှာ ဒီထက်မကတောင် သွင်းနိုင်သင့်တယ်လို့ မန်စီးတီးတောင်ပံကစားသမားဘာနာဒိုဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။ မန်ယူအနေနဲ့ အိမ်ကွင်အိုးလ်ထရက်ဖို့ဒ်မှာ အခုလိုမျိုး ပထမပိုင်း ၃ ဂိုးပေးခဲ့ရတဟာ ၁၉၉၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂိုးပြတ်သွင်းခံရပြီးတဲ့ပထမပိုင်းအပြီးမှာပဲ မန်ယူပရိသတ်အများအပြားဟာ ကွင်းထဲက ထွက်ခွာကုန်ကြပါတယ်။

photo-gettyimages

”ပထမပိုင်းဟာ ပြီးပြည့်စုံတဲ့ ၄၅ မိနစ်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ၄၊ ၅ ဂိုးလောက်တောင် ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခွင့်အရေးအချို့ကို ကျွန်တော်တို့ လွဲခဲ့လို့ပါ။ ဒုတိယပိုင်းကတော့ ကျွန်တော်တု့ိအတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ သူူတို့ဘက်က ဖိအားပေးလာပြီး ပွဲကိုထိန်းချုပ်ဖို့ ကြိုစားလာလို့ပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကလည်း ပင်ပန်းနေပြီလေ။ တစ်ပွဲလုံးခြုံကြည့်မယ်ဆိုရင်တော့ စွမ်းဆောင်ရည်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဒီအနိုင်အတွက် ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်ရပါတယ်။ ဒါဘီပွဲတစ်ပွဲကစားရချိန်၊ မန်ယူနဲ့ ရင်ဆိုင်ရချိန်၊ အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ရချိန်မှာ အမြဲတမ်းအနိုင်မရနိုင်ဘူးလေ”လို့ ပွဲအပြီးမှာ ဘာနာဒိုက ပြောခဲ့တာပါ။

photo-gettyimages

အဲဒီပွဲရဲ့ဒုတိယပိုင်းမှာ မန်ယူဟာ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့သွင်းယူမှုနဲ့ ချေပဂိုးတစ်ဂိုးသာပြန်ရခဲ့ပြီး ဒုတိယအကျော့အဖြစ် မန်စီးတီးအိမ်ကွင်း သွားကစားရဦးမှာဖြစ်ကာ လက်ရှိအနေအထားအရ ဗိုလ်လုပွဲတက်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ မန်ယူဟာ ဆိုးလ်ရှားအမြဲတမ်းနည်းပြဖြစ်လာပြီးကတည်းက ကစားခဲ့တဲ့ ၄၂ ပွဲမှာ ၁၆ ပွဲသာ အနိုင်ရခဲ့ပါတယ်။

[Zawgyi]

ပထမပိုင္းမွာ ၃ ဂိုးပဲအသြင္းခံရတာ မန္ယူကံေကာင္းတယ္ဆုိတဲ့ သေဘာမ်ိဳးေျပာလိုက္တဲ့ ဘာနာဒို

မေန႔ညအဂၤလန္လိဂ္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့မွာ မန္ယူဟာ ပထမပိုင္းကတည္းက ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို ၃ ဂိုးျပတ္နဲ႔ ရႈံးေနခဲ့တာျဖစ္ၿပီး တစ္ဖက္သက္ကစားႏုိင္ခဲ့တဲ့ အဲဒီပထမပိုင္းမွာ ဒီထက္မကေတာင္ သြင္းႏုိင္သင့္တယ္လုိ႔ မန္စီးတီးေတာင္ပံကစားသမားဘာနာဒိုေဆးလ္ဗားက ေျပာၾကားလိုက္ပါတယ္။ မန္ယူအေနနဲ႔ အိမ္ကြင္အိုးလ္ထရက္ဖို႔ဒ္မွာ အခုလိုမ်ိဳး ပထမပိုင္း ၃ ဂိုးေပးခဲ့ရတဟာ ၁၉၉၇ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂိုးျပတ္သြင္းခံရၿပီးတဲ့ပထမပိုင္းအၿပီးမွာပဲ မန္ယူပရိသတ္အမ်ားအျပားဟာ ကြင္းထဲက ထြက္ခြာကုန္ၾကပါတယ္။

”ပထမပိုင္းဟာ ၿပီးျပည့္စုံတဲ့ ၄၅ မိနစ္ျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္မွာ ၄၊ ၅ ဂိုးေလာက္ေတာင္ ျဖစ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အခြင့္အေရးအခ်ိဳ႕ကို ကၽြန္ေတာ္တို႔ လြဲခဲ့လို႔ပါ။ ဒုတိယပိုင္းကေတာ့ ကၽြန္ေတာ္တု႔ိအတြက္ တကယ္ကုိ ခက္ခဲခဲ့ပါတယ္။ သူူတုိ႔ဘက္က ဖိအားေပးလာၿပီး ပြဲကိုထိန္းခ်ဳပ္ဖို႔ ႀကိဳစားလာလို႔ပါ။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္တို႔ကလည္း ပင္ပန္းေနၿပီေလ။ တစ္ပြဲလုံးၿခဳံၾကည့္မယ္ဆိုရင္ေတာ့ စြမ္းေဆာင္ရည္ေကာင္းတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ဒီအႏိုင္အတြက္ ကၽြန္ေတာ္တို႔ တကယ္ကို ေပ်ာ္ရႊင္ရပါတယ္။ ဒါဘီပြဲတစ္ပြဲကစားရခ်ိိန္၊ မန္ယူနဲ႔ ရင္ဆိုင္ရခ်ိန္၊ အသင္းႀကီးတစ္သင္းနဲ႔ရင္ဆုိင္ရခ်ိန္မွာ အၿမဲတမ္းအႏိုင္မရႏိုင္ဘူးေလ”လို႔ ပြဲအၿပီးမွာ ဘာနာဒိုက ေျပာခဲ့တာပါ။

အဲဒီပြဲရဲ႕ဒုတိယပိုင္းမွာ မန္ယူဟာ တုိက္စစ္မႈးရက္ရွ္ဖို႔ဒ္ရဲ႕သြင္းယူမႈန႔ဲ ေခ်ပဂိုးတစ္ဂိုးသာျပန္ရခဲ့ၿပီး ဒုတိယအေက်ာ့အျဖစ္ မန္စီးတီးအိမ္ကြင္း သြားကစားရဦးမွာျဖစ္ကာ လက္ရွိအေနအထားအရ ဗုိလ္လုပြဲတက္ဖို႔ အခြင့္အလမး္နည္းသြားပါတယ္။ မန္ယူဟာ ဆုိးလ္ရွားအၿမဲတမ္းနည္းျပျဖစ္လာၿပီးကတည္းက ကစားခဲ့တဲ့ ၄၂ ပြဲမွာ ၁၆ ပြဲသာ အႏိုင္ရခဲ့ပါတယ္။