နှစ်သုံးဆယ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုရယူပေးနိုင်ခဲ့ပါက ယာဂန်ကလော့ပ်ရုပ်ထုထုပြီးဂုဏ်ပြုဖို့လီဗာပူးပရိသတ်များ အလိုရှိနေ

လီဗာပူးအသင်းကတော့ ယမန်နှစ်က ချန်ပီယံလိဂ်ဆုဖလား ကိုသိမ်းပိုက်နိုင်ပြီးနောက်မှာတော့ ယခုနှစ်ရာသီပရီးမီးယားလိဂ်မှာ၁၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့တာပါ။လီဗာပူးနည်းပြယာဂန်ကလော့ပ်ဟာ ၂၀၁၅ ခုနှစ်မှာ နည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်ပိုင်းချန်ပီယံလိဂ်၊ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


လီဗာပူးဖန်တွေကတော့ ကလော့ပ်အနေနဲ့ နှစ် ၃၀ ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါက ရုပ်ထုထုပြီးဂုဏ်ပြုသွားဖို့အလိုရှိနေကြတာပါ။ဒီအကြောင်းအရာဟာ လီဗာပူးပရိသတ်တစ်ဦးရဲ့ Tweet ကလေးကနေ စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပရိသတ်အများအပြားထောက်ခံနေကြတာပါ။

လီဗာပူးတိုက်စစ်မှုှးဟောင်းပီတာခရော့ချ်ကလည်းလီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့မယ်ဆိုရင် ကလော့ပ်ကို ရုပ်တုထုပြီး ဂုဏ်ပြုသင့်တယ်လို့တိုက်တွန်းထားပါသေးတယ်။

((သူဒီလေးနှစ်တာကာလအတွင်း စွမ်းဆောင်ပြထားတာတွေက တကယ့်ကိုပြောစမှတ်ပြုစရာစွမ်းဆောင်ချက်တွေပါ။တကယ်လို့ဒီနှစ်မှာ ချန်ပီယံလိဂ်ရော ပရီးမီးယားလိဂ်ပါလီဗာပူးရသွားမယ်ဆိုရင်တော့ ဒါဟာ မော်ဒန်ဘောလုံးလောကမှာလုံး၀ မယုံနိုင်စရာစွမ်းဆောင်မှုပါပဲ။သူတို့သူ့ကို ရုပ်တုထုပြီးဂုဏ်ပြုသင့်ပါတယ်)) လို့ပြောထားခဲ့တာပဲဖြစ်ပါတယ်။