နှစ်သစ်မှာယူနိုက်တက်အတွက် နည်းပြဆိုးလ်ရှားပြင်ဆင်သင့်တဲ့အချက်တွေ

photo internet

ပြီးခဲ့တဲ့ရာသီဝက်မှာ ယူနိုက်တက်ကို ရလဒ်ကောင်းတွေမြင်တွေ့ရမယ်လို့ထင်ခဲ့ပေမယ့် ထင်သလောက်အခြေအနေမကောင်းခဲ့ပါဘူး။ တစ်ခါတလေမှာအသင်းငယ်တွေကိုတောင် မနိုင်ခဲ့ပါဘူး။ လူငယ်ခြေတက်တွေနဲ့သွေးသစ်လောင်းတဲ့ နည်းပြဆိုးလ်ရှားရဲ့အစီအစဉ်ဟာ အချို့ပွဲတွေမှာဟန်ကျပေမယ့် အချို့ပွဲတွေမှာမျက်နှာပန်းမလှခဲ့ပါဘူး။ တိကျတဲ့နည်းဗျူဟာ၊နည်းစနစ်တွေလိုအပ်နေကြောင်း သုံးသပ်သူတွေရှိသလို၊ စီမံခန့်ခွဲမှုအသစ်တွေ၊ ကစားသမားကောင်းတွေခေါ်ယူဖို့လိုအပ်နေကြောင်းလည်း အကြံပြုသူတွေရှိပါတယ်။ ဒါကြောင့် 2020 နှစ်သစ်မှာ နည်းပြဆိုးလ်ရှားတစ်ယောက် ယူနိုက်တက် အသင်းအတွက်ဘာတွေလုပ်ဆောင်ပေးဖို့လိုအပ်မလဲဆိုတာတင်ဆက်ပေးလိုက်ပါတယ်။

photo internet

နည်းပြဆိုးလ်ရှားနဲ့ဘုတ်အဖွဲ့ဟာအသင်းအတွက်အကောင်းဆုံးပူးပေါင်းဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် ယူနိက်တက်ဘုတ်အဖွဲ့က နည်းပြတွေရဲ့ညွှန်ကြားချက်ထက် သူတို့စိတ်ကြိုက်ဖန်တီးတာက ပိုများနေတတ်လို့ပါ။ ဒီမာရီယာ ဖရဒ် တို့တုန်းကဆိုရင်နည်းပြတွေရဲ့ရွေးချယ်မှုမဟုတ်ဘဲ ဘုတ်အဖွဲ့ကရွေးချယ်တာဖြစ်ပါတယ်။ နည်းပြဆိုလ်းရှားလက်ထက်မှာလည်း အချို့ကစားသမား တွေခေါ်ယူတဲ့အပိုင်းကိုဘုတ်အဖွဲ့ကသူတို့ စိတ်ကြိုက်အနေအထားနဲ့ဆုံးဖြတ်တတ်ကြပါတယ်။ ဒါကြောင့်လိုအပ်တဲ့အနေအထားတွေအတွက် နည်းပြဆိုးလ်ရှားတစ်ယောက် ဘုတ်အဖွဲ့နဲ့ အကြေအလည်ဆွေးနွေးပြောဆိုဖို့လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကစားသမားအသစ် ခေါ်ယူဖို့အချိန်ရောက်လာလို့ပါ။ နည်းပြဆိုးလ်ရှားတစ်ယောက် အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ အသင်းကတာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အချိန်မှာပဲဖြစ်ဖြစ်လိုအပ်တဲ့အချက်တွေကို ရဲရဲတင်းတင်း တောင်းဆိုဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရလဒ်ဆိုးတွေသာ ဆက်လက်ထွက်ပေါ်နေ ပါက နည်းပြဆိုးလ်ရှားတစ်ယောက် ဘုတ်အဖွဲ့ရဲ့ထိုးကျွေးခံရကိန်းဆိုက်ပြီး ရာထူးကနေဆင်းပေးနေရပါလိမ့်မယ်။

photo internet

တိကျတဲ့နည်းဗျူဟာအခင်းအကျင်းတွေလည်း ယူနိုက်တက်အတွက်လိုအပ်နေပါတယ်။ မဟာဗျူဟာအရ အပြောင်းလဲလုပ်ရတာက တစ်ပွဲတလေဆိုရင် ပြဿနာ မဖြစ်နိုင်ပေမယ့် တစ်ပွဲတစ်မျိုးနဲ့လျှောက် ကစားနေတာက ရေရှည်အတွက် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ခံစစ်ပိတ်ကစားတဲ့အပိုင်းမှာဆိုရင် ခံစစ်အတွက်လေ့ကျင့်ခန်းတွေကျစ်ကျစ်လစ်လစ်ဖြစ်အောင်လုပ်ဖို့လိုသလို၊တိုက်စစ်အတွက်ဆိုရင်လည်း တစ်ယောက်တည်းအားထက်အကုန်လုံးတွဲဖက်ညီညီလေ့ကျင့်ပြင်ဆင်သင့်ပါတယ်။ ဂိုးဖမ်းသမားရဲ့ အနေအထားကိုကြည့်ပြီးပြောင်းသင့်ရင်လည်းပြောင်းရပါမယ်။အသင်းကြီးတစ်သင်းအဖြစ်ပြန်လည် ထွန်းတောက်နိုင်ဖို့ မိုက်ဖီလန်အနေနဲ့လည်း ဆိုလ်းရှားရဲ့ နည်းဗျူဟာကို ‌ထောက်ပံ့ပေးဖို့ ပိုမိုကြိုးစားသင့်ပါတယ်။

photo internet

အသင်းကြီးတစ်သင်းမှာအဝတ်လဲခန်းထဲကအနေအထားကလည်းအရေးပါပါတယ်။ ပွဲမကစားခင်နဲ့ပွဲကစားပြီး အခြေအနေတွေကို အဲဒီအဝတ်လဲခန်းထဲမှာပဲဆွေးနွေးငြင်းခုန်ကြတာပါ။ အခုအခါယူနိုက်တက်ရဲ့အဝတ်လဲခန်း အနေအထားဟာအားရဖွယ်မရှိပါဘူး။ ဦးဆောင်မယ့်သူမရှိသလိုမျိုးနဲ့လူပိုတွေ၊လူလိုတွေရှိနေတဲ့ အဝတ်လဲခန်းလိုမျိုးဖြစ်နေပါတယ်။ အသင်းအတွက် အထောက်အကူမဖြစ်တော့တဲ့ကစားသမားတွေကို တစ်နည်းနည်းနဲ့ဖယ်ဖို့လည်းလိုပါတယ်။ လင်ဂါဒ့်ဆိုရင် သွင်းဂိုးမရတာ တစ်နှစ်ပြည့်နေပြီ ဖြစ်သလို အခြားဒဏ်ရာရကစားသမားတွေလည်းအများအပြားရှိနေပါတယ်။ အထူးသဖြင့် ယူနိုက်တက်အတွက် အားထားရပါတယ်ဆိုတဲ့ ပေါဂ့်ဘာဆိုရင်လည်း ဒဏ်ရာအနေအထားကြောင့် အခုရာသီမှာမြက်ခင်းစိမ်း ပေါ်မတက်နိုင်တာတော်တော်ကြာပါပြီ။ နှစ်ကုန်ခါနီးမှသာ တစ်ပွဲလောက်ပြန်လည် ကစားခဲ့တာဖြစ်ပါတယ်။ အခုနောက်ထပ်သတင်းများအရလည်း ပေါ့ဂ်ဘာတစ်ယောက် ဒဏ်ရာကုသဖို့ တစ်လနီးပါးလောက် အနားယူရမှာဖြစ်ပါတယ်။ ဒါကြောင့်အသင်းအတွက်အခြေခံအုတ်မြစ်ကောင်းတွေပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပါပြီ။

photo internet

မှန်ကန်တဲ့ကစားသမားအသစ် ခေါ်ယူဖို့ဟာလည်းအရမ်းအရေးကြီးပါတယ်။ အသင်းအတွက်အကျိုးမဖြစ်ခဲ့တဲ့ ကစားသမားခေါ်ယူတာတွေကိုသာဓကယူသင့်ပါတယ်။ လူငယ်တွေရှိပါတယ်ဆိုပြီးဇွတ်တင်းခံနေရင်တော့ အေစီမီလန်ကို နမူနာယူသင့်ပါတယ်။ စီးပွားရေးတွက် တွက်တဲ့အခါ အသင်းရဲ့အောင်မြင်မှုကိုလည်း ထည့်တွက်ရပါမယ်။ ကစားသမားတိုင်းလာချင်တဲ့ အသင်းကြီးတစ်သင်းအဖြစ်ကိုပြန်လည်ရောက်ရှိအောင် တည်ဆောက်ချိန်ရောက်ရုံမက ကျော်နေပြီဖြစ်တာကြောင့် နည်းပြဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်ကိုအမြန်ဆုံးကုစားဖို့လိုနေပါပြီ။

photo internet

(Zawgyi Version)

ႏွစ္သစ္မွာယူႏိုက္တက္အတြက္ နည္းျပဆိုးလ္ရွားျပင္ဆင္သင့္တဲ့အခ်က္ေတြ

ၿပီးခဲ့တဲ့ရာသီ၀က္မွာ ယူႏိုက္တက္ကို ရလဒ္ေကာင္းေတြျမင္ေတြ႕ရမယ္လို႔ထင္ခဲ့ေပမယ့္ ထင္သေလာက္အေျခအေနမေကာင္းခဲ့ပါဘူး။ တစ္ခါတေလမွာအသင္းငယ္ေတြကိုေတာင္ မႏိုင္ခဲ့ပါဘူး။ လူငယ္ေျခတက္ေတြနဲ႔ေသြးသစ္ေလာင္းတဲ့ နည္းျပဆိုးလ္ရွားရဲ႕အစီအစဥ္ဟာ အခ်ဳိ႕ပြဲေတြမွာဟန္က်ေပမယ့္ အခ်ဳိ႕ပြဲေတြမွာမ်က္ႏွာပန္းမလွခဲ့ပါဘူး။ တိက်တဲ့နည္းဗ်ဴဟာ၊နည္းစနစ္ေတြလိုအပ္ေနေၾကာင္း သုံးသပ္သူေတြရိွသလို၊ စီမံခန္႔ခြဲမႈအသစ္ေတြ၊ ကစားသမားေကာင္းေတြေခၚယူဖို႔လိုအပ္ေနေၾကာင္းလည္း အႀကံျပဳသူေတြရိွပါတယ္။ ဒါေၾကာင့္ 2020 ႏွစ္သစ္မွာ နည္းျပဆိုးလ္ရွားတစ္ေယာက္ ယူႏိုက္တက္ အသင္းအတြက္ဘာေတြလုပ္ေဆာင္ေပးဖို႔လိုအပ္မလဲဆိုတာတင္ဆက္ေပးလိုက္ပါတယ္။

နည္းျပဆိုးလ္ရွားနဲ႔ဘုတ္အဖြဲ႕ဟာအသင္းအတြက္အေကာင္းဆုံးပူးေပါင္းဆုံးျဖတ္ဖို႔လိုအပ္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ ယူနိက္တက္ဘုတ္အဖြဲ႕က နည္းျပေတြရဲ႕ညႊန္ၾကားခ်က္ထက္ သူတို႔စိတ္ႀကိဳက္ဖန္တီးတာက ပိုမ်ားေနတတ္လုိ႔ပါ။ ဒီမာရီယာ ဖရဒ္ တို႔တုန္းကဆုိရင္နည္းျပေတြရဲ႕ေရြးခ်ယ္မႈမဟုတ္ဘဲ ဘုတ္အဖြဲ႕ကေရြးခ်ယ္တာျဖစ္ပါတယ္။ နည္းျပဆိုလ္းရွားလက္ထက္မွာလည္း အခ်ဳိ႕ကစားသမား ေတြေခၚယူတဲ့အပိုင္းကိုဘုတ္အဖြဲ႕ကသူတို႔စိတ္ႀကိဳက္အေနအထားနဲ႔ဆုံးျဖတ္တတ္ၾကပါတယ္။ ဒါေၾကာင့္လုိအပ္တဲ့အေနအထားေတြအတြက္ နည္းျပဆိုးလ္ရွားတစ္ေယာက္ ဘုတ္အဖြဲ႕နဲ႔ အေၾကအလည္ေဆြးေႏြးေျပာဆုိဖို႔လိုအပ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကစားသမားအသစ္ ေခၚယူဖို႔အခ်ိန္ေရာက္လာလို႔ပါ။ နည္းျပဆိုးလ္ရွားတစ္ေယာက္ အင္တာဗ်ဴးမွာပဲျဖစ္ျဖစ္၊ အသင္းကတာ၀န္ရိွသူေတြနဲ႔ေတြ႕ဆုံတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္လိုအပ္တဲ့အခ်က္ေတြကို ရဲရဲတင္းတင္း ေတာင္းဆိုဖို႔လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ရလဒ္ဆိုးေတြသာ ဆက္လက္ထြက္ေပၚေန ပါက နည္းျပဆိုးလ္ရွားတစ္ေယာက္ ဘုတ္အဖြဲ႕ရဲ႕ထိုးေကၽြးခံရကိန္းဆိုက္ၿပီး ရာထူးကေနဆင္းေပးေနရပါလိမ့္မယ္။

တိက်တဲ့နည္းဗ်ဴဟာအခင္းအက်င္းေတြလည္း ယူႏိုက္တက္အတြက္လိုအပ္ေနပါတယ္။ မဟာဗ်ဴဟာအရ အေျပာင္းလဲလုပ္ရတာက တစ္ပြဲတေလဆိုရင္ ျပႆနာ မျဖစ္ႏိုင္ေပမယ့္ တစ္ပြဲတစ္မ်ိဳးနဲ႔ေလွ်ာက္ ကစားေနတာက ေရရွည္အတြက္ ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။ခံစစ္ပိတ္ကစားတဲ့အပိုင္းမွာဆိုရင္ ခံစစ္အတြက္ေလ့က်င့္ခန္းေတြက်စ္က်စ္လစ္လစ္ျဖစ္ေအာင္လုပ္ဖို႔လိုသလုိ၊တိုက္စစ္အတြက္ဆိုရင္လည္း တစ္ေယာက္တည္းအားထက္အကုန္လုံးတြဲဖက္ညီညီေလ့က်င့္ျပင္ဆင္သင့္ပါတယ္။ ဂိုးဖမ္းသမားရဲ႕ အေနအထားကိုၾကည့္ၿပီးေျပာင္းသင့္ရင္လည္းေျပာင္းရပါမယ္။အသင္းႀကီးတစ္သင္းအျဖစ္ျပန္လည္ ထြန္းေတာက္ႏိုင္ဖို႔ မိုက္ဖီလန္အေနနဲ႔လည္း ဆိုလ္းရွားရဲ႕ နည္းဗ်ဴဟာကို ‌ေထာက္ပံ့ေပးဖို႔ ပိုမိုႀကိဳးစားသင့္ပါတယ္။

အသင္းႀကီးတစ္သင္းမွာအ၀တ္လဲခန္းထဲကအေနအထားကလည္းအေရးပါပါတယ္။ ပြဲမကစားခင္နဲ႔ပြဲကစားၿပီး အေျခအေနေတြကို အဲဒီအ၀တ္လဲခန္းထဲမွာပဲေဆြးေႏြးျငင္းခုန္ၾကတာပါ။ အခုအခါယူႏိုက္တက္ရဲ႕အ၀တ္လဲခန္း အေနအထားဟာအားရဖြယ္မရိွပါဘူး။ ဦးေဆာင္မယ့္သူမရိွသလိုမ်ဳိးနဲ႔လူပိုေတြ၊လူလိုေတြရိွေနတဲ့ အ၀တ္လဲခန္းလိုမ်ဳိးျဖစ္ေနပါတယ္။ အသင္းအတြက္ အေထာက္အကူမျဖစ္ေတာ့တဲ့ကစားသမားေတြကို တစ္နည္းနည္းနဲ႔ဖယ္ဖို႔လည္းလိုပါတယ္။ လင္ဂါဒ့္ဆိုရင္ သြင္းဂိုးမရတာ တစ္ႏွစ္ျပည့္ေနၿပီ ျဖစ္သလို အျခားဒဏ္ရာရကစားသမားေတြလည္းအမ်ားအျပားရိွေနပါတယ္။ အထူးသျဖင့္ ယူႏိုက္တက္အတြက္ အားထားရပါတယ္ဆုိတဲ့ ေပါဂ့္ဘာဆိုရင္လည္း ဒဏ္ရာအေနအထားေၾကာင့္ အခုရာသီမွာျမက္ခင္းစိမ္း ေပၚမတက္ႏိုင္တာေတာ္ေတာ္ၾကာပါၿပီ။ ႏွစ္ကုန္ခါနီးမွသာ တစ္ပြဲေလာက္ျပန္လည္ ကစားခဲ့တာျဖစ္ပါတယ္။ အခုေနာက္ထပ္သတင္းမ်ားအရလည္း ေပါ့ဂ္ဘာတစ္ေယာက္ ဒဏ္ရာကုသဖို႔ တစ္လနီးပါးေလာက္ အနားယူရမွာျဖစ္ပါတယ္။ ဒါေၾကာင့္အသင္းအတြက္အေျခခံအုတ္ျမစ္ေကာင္းေတြျပန္လည္ တည္ေဆာက္ဖို႔ လိုအပ္ေနပါၿပီ။

မွန္ကန္တဲ့ကစားသမားအသစ္ ေခၚယူဖို႔ဟာလည္းအရမ္းအေရးႀကီးပါတယ္။ အသင္းအတြက္အက်ဳိးမျဖစ္ခဲ့တဲ့ကစားသမားေခၚယူတာေတြကိုသာဓကယူသင့္ပါတယ္။ လူငယ္ေတြရွိပါတယ္ဆိုၿပီးဇြတ္တင္းခံေနရင္ေတာ့ ေအစီမီလန္ကို နမူနာယူသင့္ပါတယ္။ စီးပြားေရးတြက္ တြက္တဲ့အခါ အသင္းရဲ႕ေအာင္ျမင္မႈကိုလည္းထည့္တြက္ရပါမယ္။ ကစားသမားတိုင္းလာခ်င္တဲ့ အသင္းႀကီးတစ္သင္းအျဖစ္ကိုျပန္လည္ေရာက္ရိွေအာင္ တည္ေဆာက္ခ်ိန္ေရာက္ရုံမက ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ နည္းျပဆိုးလ္ရွားတစ္ေယာက္ ယူႏိုက္တက္ကိုအျမန္ဆုံးကုစားဖို႔လိုေနပါၿပီ။