နော်ဝစ်ချ်နဲ့ပွဲမတိုင်မီ အသင်းသားတွေကို သတိပေးလိုက်တဲ့ ဆိုးလ်ရှား

ယနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နောဝစ်ချ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အိုလီဂန်းနား ဆိုးလ်ရှားရဲ့ အသင်းကတော့ နိုင်ပွဲ ပြန်လည်ရှာတွေ့နိုင်ဖွယ် ရှိနေပါတယ်။

နည်းပြဆိုးလ်ရှားကတော့ နောဝစ်ချ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် အသင်းသားတွေကို သတိပေးစကား ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလား ပထမအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပြီး ၂၀၂၀ နှစ်သစ်အစ စိတ်ပျက်ဖွယ်ရလဒ်ကို ကြုံတွေ့ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ နှစ်သစ်မှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးဘဲ စီးတီးနဲ့ပွဲစဉ်မှာလည်း ရက်ရှ်ဖို့ဒ်က နှစ်သိမ့်ချေပဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်တို့ဟာ နော်ဝစ်ချ်အသင်းနဲ့ ပထမအကျော့တွေ့ဆုံမှုမှာတော့ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ရဲ့ ပင်နယ်တီသွင်းဂိုးတွေကြောင့် ၃-၁ နဲ့ အနိုင် ရရှိထားတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားက “ ဟုတ်တာပေါ့ ကျွန်တော်တို့ ဒီပွဲကို ပြန်ကြည့်ရမယ် ။ ဒါပေမယ့် ဒါက လအနည်းငယ် ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အာဆင်နယ်နဲ့ စီးတီးတို့ ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကနေ ရုန်းထွက်ပြီး ကောင်းမွန်တာတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အာရုံစိုက်ထားရပါမယ် ” လို့ ပြောပါတယ်။

နောဝစ်နဲ့ပွဲမတိုင်မီ ယူနိုက်တက်ကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဂျက်ဆီလင်ဂတ်က အဖျားရောဂါကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘဲ ပေါ့ပ်ဘာနဲ့ တိုမီနေးတို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။

ဆိုးလ်ရှားက “ ကျွန်တော်တို့မှာ လေ့ကျင့်ချိန် အများကြီး မရပါဘူး ။ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အပေ့ါစားလေ့ကျင့်ခန်းတွေပဲ လုပ်ဖြစ်ပါတယ်။ နောဝစ်ချ်အသင်းကို ပြန်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒန်နီရယ်ဖာကီက သူတို့အသင်းကို ကိုင်တွယ်နေတာပါ။ သူဒီကို ပြောင်းလဲမှုတွေပြုလုပ်ပြီး လာရောက် ယှဉ်ပြိုင်ပါလိမ့်မယ် ။ ပထမတစ်ကြိမ်က ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် သူတို့က သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ဘယ်လိုတွေ လုပ်ပြနိုင်တယ်ဆိုတာ ကျွန်တေ်ာသိပါတယ်။ သူတို့က ပရီးမီးယားလိဂ်မှာ ရာသီဝက်ခန့် သင်ခန်းစာတွေ သင်ယူပြီးမြောက်ခဲ့ပါပြီ။ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်တဲ့အခါ သူတို့ အမှတ်ရယူနိုင်ဖို့ ကြိုးစားအားထုတ်ပါလိမ့်မယ်။ ကျွန်တော် သေချာပြောရဲပါတယ် “ လို့ ပြောကြားသွားခဲ့ပါတယ်။