နောဝစ်ချ်နဲ့ပွဲမှာ မက်ဂွီရီနဲ့ လင်ဂတ်တို့ ပါဝင်နိုင်မလားဆိုတဲ့ မေးခွန်းတွေအပေါ် ဖြေကြားခဲ့တဲ့ ဆိုးလ်ရှား


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက နောက်ခံလူ မက်ဂွီရီဟာ ဒဏ်ရာရရှိနေပေမဲ့ နောဝစ်ချ်နဲ့ပွဲမှာ အသင်းအတွက် ဝင်ရောက် ကစားပေးနိုင်လိမ့်မယ်လို့ ဖြေကြားသွားခဲ့ပါတယ်။ မက်ဂွီရီဟာ ဝုဗ်နဲ့ ဝ-၀ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မက်ဂွီရီတစ်ယောက် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို လွဲချော်ကာ အနားယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒဏ်ရာရနေရင်းနဲ့ပဲ နောဝစ်ချ်နဲ့ပွဲကို အသင်းကိုချစ်စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေးဖွယ် ရှိနေတယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဆိုးလ်ရှားက “သူက သူရဲကောင်း၁ဦးဖြစ်တဲ့အတွက် ဒါက သိပ်တော့ မထူးဆန်းပါဘူး။ နောက်ပြီး သူအခု ရရှိနေတဲ့ ဒဏ်ရာက အသေးစားလေးပါ။ သူ မန်စီးတီးနဲ့ပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု မပြည့်ခဲ့ပေမဲ့ အခုတော့ အခွင့်အရေး ပြန်ရခဲ့ပါပြီ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးကို အရှက်တကွဲ ရှုံးခဲ့ပေမဲ့ နောဝစ်ချ်နဲ့ပွဲမှာတော့ ပြန်လာနိုင်တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ “ပွဲတိုင်းက အနိုင်ရဖို့ အခွင့်အရေးတွေချည်းါပဲ။ မန်စီးတီးနဲ့သာ လိဂ်ပွဲမှာ ထပ်တွေ့ရမယ်ဆိုရင် သိပ်ကောင်းတဲ့ အခွင့်အရေးလို့ ဆိုရမှာပါ။ မြို့ခံပြိုင်ဘက်ကို ရှုံးခဲ့တာက စိတ်ပျက်စရာ ဖြစ်ပေမဲ့ ထိုင်ပြီး ဝမ်းနည်းနေလို့မရပဲ နောက်လာမယ့် ပွဲအတွက် အသင့်ဖြစ်စေဖို့ ပြင်ဆင်ရပါမယ်”လို့ ပြောခဲ့ါတယ်။

နောဝစ်ချ်နဲ့ပွဲမှာတော့ ကွင်းလယ်လူ ဂျီစီ လင်ဂတ် အဖျားဝေဒနာကြောင့် မပါဝင်နိုင်ဘူးလို့ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ အလားတူ အသင်းခေါင်းဆောင် အက်ရှ်လေယန်းကိုလည်း အသင်းမှာ ဆက်ထိန်းသွားဖို့ တတ်နိုင်သမျှ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။