နယ်မြေသစ်မှာ ဟက်ထရစ်ရှင်ဖြစ်ဖို့ ၂၃ မိနစ်ပဲ အချိန်ယူခဲ့တဲ့ ဟာလန်း

Photo Credit

Photo Credit

ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ အသင်းရဲ့အရေးပါသူအဖြစ် ချက်ချင်းရပ်တည်နိုင်ခဲ့ပြီး အော့စ်ဘတ်ကို ၃-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၃-၁ဂိုးနဲ့ အရေးနိမ့်နေချိန် လူစားဝင်လာပြီးနောက် ဟက်ထရစ်သွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit

နော်ဝေလက်ရွေးစင် ဟာလန်းဟာ ပထမရာသီဝက်အတွင်း ဆဲလ်ဘတ်အသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဇန်နဝါရီလအတွင်း ဒေါ့မွန်ကို ရောက်လာခြင်းဖြစ်ပြီး အော့စ်ဘတ်နဲ့ပွဲမှာ အရန်စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

Photo Credit

အော့စ်ဘတ်ဟာ ပွဲချိန် ၅၅ မိနစ်အထိ ဒေါ့မွန်ကို ၃-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒေါ့မွန်နည်းပြ ဖာဗရီလည်း ဟာလန်းကို လူစားထိုးလိုက်ပါတယ်။ အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းလည်း နည်းပြဖြစ်သူ ဖာဗရီကို စိတ်မပျက်စေခဲ့ဘဲ ၅၉မိနစ်၊ မိနစ် ၇၀နဲ့ ၇၉ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

https://twitter.com/Hey_Sports_/status/1218567222144258049

Video Credit (ပထမဂိုးျဖစ္ပါသည္။)

နောက်ပြီး တောင်ပံကစားသမား ဆန်ချိုကလည်း ပွဲချိန် ၆၁ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဒေါ့မွန်လည်း ၂ဂိုးအသာနဲ့ ဦးဆောင်ခံနေရာကနေ ပွဲအပြီးမှာ ၂ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Photo Credit

ဟာလန်းဟာ ၂၀၁၉ ခုနှစ်အတွင်း အသင်းကြီးတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၆ပွဲမှာ ၈ဂိုးသွင်းယူကာ ပြည်တွင်းလိဂ် ၁၄ပွဲမှာ ၁၆ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

သူဟာ ယူနိုက်တက်ကို ရောက်လိမ့်မယ်လို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အသင်းဟောင်းမိုလ်ဒီမှာတုန်းက ဟာလန်းကို ပထမဆုံးပွဲထွက်ခွင့်ပေးခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကစားသမားက ဒေါ့မွန်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

Photo Credit

ဒီလို ဟာလန်းတစ်ယောက် အသင်းသစ်အတွက် ပထမဆုံးဟက်ထရစ် သွင်းယူနိုင်ဖို့ ၂၃ မိနစ်ပဲ အချိန်ယူခဲ့ပြီးနောက် ပရိသတ်တွေကလည်း တွစ်တာမှာ သူတို့ရဲ့အမြင်တွေကို အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit ; B/R

”ဟာလန်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ပွဲဦးထွက်အဖြစ် လူစားဝင်လာပြီးနောက် ဟက်ထရစ်ရှင်ဖြစ်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်”။ ”ဟာလန်းက လူစားဝင်လာပြီးနောက် ဟက်ထရစ်ရှင်ဘွဲ့ခံယူလိုက်တယ်။ ဖာနန်ဒက်စ်ကို ခေါ်ဖို့ကြိုးစားနေတာလည်း ပျက်တော့မယ်။ ဒီအချိန်မှာ ဝုဒ်ဝါ့ဒ်ကတော့ မက်ဒေါ်နယ်ဆိုင်နဲ့ ကုန်အမှတ်တံဆိပ် စာချုပ်ချုပ်ဖို့ လုံးပန်းနေလေရဲ့”လိူ့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Video Credit (ေနာက္ဆုံးဂိုးျဖစ္ပါသည္။)

(Zawgyi)

နယ္ေျမသစ္မွာ ဟက္ထရစ္ရွင္ျဖစ္ဖို႔ ၂၃ မိနစ္ပဲ အခ်ိန္ယူခဲ့တ့ဲ ဟာလန္း

ေဒါ့မြန္အသင္းတုိက္စစ္မွဴး ဟာလန္းဟာ အသင္းရဲ႕အေရးပါသူအျဖစ္ ခ်က္ခ်င္းရပ္တည္ႏိုင္ခဲ့ၿပီး ေအာ့စ္ဘတ္ကို ၃-၅ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၃-၁ဂိုးနဲ႔ အေရးနိမ့္ေနခ်ိန္ လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္သြင္းယူကာ ဂိုးျပတ္ႏိုင္ပြဲ ရယူေပးႏိုင္ခဲ့ပါတယ္။
ေနာ္ေ၀လက္ေရြးစင္ ဟာလန္းဟာ ပထမရာသီ၀က္အတြင္း ဆဲလ္ဘတ္အသင္းနဲ႔အတူ အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ ဇန္န၀ါရီလအတြင္း ေဒါ့မြန္ကို ေရာက္လာျခင္းျဖစ္ၿပီး ေအာ့စ္ဘတ္နဲ႔ပဲြမွာ အရန္စာရင္းထဲ ပါ၀င္လာခဲ့ပါတယ္။
ေအာ့စ္ဘတ္ဟာ ပဲြခ်ိန္ ၅၅ မိနစ္အထိ ေဒါ့မြန္ကို ၃-၁ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ေဒါ့မြန္နည္းျပ ဖာဗရီလည္း ဟာလန္းကို လူစားထိုးလုိက္ပါတယ္။ အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္းလည္း နည္းျပျဖစ္သူ ဖာဗရီကို စိတ္မပ်က္ေစခဲ့ဘဲ ၅၉မိနစ္၊ မိနစ္ ၇၀နဲ႔ ၇၉ မိနစ္ေတြမွာ ဂိုးေတြ ဆက္တုိက္သြင္းယူႏိုင္ခဲ့ပါတယ္။
ေနာက္ၿပီး ေတာင္ပံကစားသမား ဆန္ခ်ိဳကလည္း ပြဲခ်ိန္ ၆၁ မိနစ္မွာ ဂိုးသြင္းယူႏုိင္ခဲ့လုိ႔ ေဒါ့မြန္လည္း ၂ဂိုးအသာနဲ႔ ဦးေဆာင္ခံေနရာကေန ပြဲအၿပီးမွာ ၂ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။
ဟာလန္းဟာ ၂၀၁၉ ခုႏွစ္အတြင္း အသင္းႀကီးေတြကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ၆ပြဲမွာ ၈ဂိုးသြင္းယူကာ ျပည္တြင္းလိဂ္ ၁၄ပြဲမွာ ၁၆ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
သူဟာ ယူႏုိက္တက္ကို ေရာက္လိမ့္မယ္လုိ႔ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚခဲ့ၿပီး ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားကလည္း အသင္းေဟာင္းမုိလ္ဒီမွာတုန္းက ဟာလန္းကို ပထမဆုံးပြဲထြက္ခြင့္ေပးခဲ့လုိ႔ ယူႏုိက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ကစားသမားက ေဒါ့မြန္ကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။
ဒီလို ဟာလန္းတစ္ေယာက္ အသင္းသစ္အတြက္ ပထမဆုံးဟက္ထရစ္ သြင္းယူႏုိင္ဖို႔ ၂၃ မိနစ္ပဲ အခ်ိန္ယူခဲ့ၿပီးေနာက္ ပရိသတ္ေတြကလည္း တြစ္တာမွာ သူတုိ႔ရဲ႕အျမင္ေတြကို အသီးသီးေရးသားခဲ့ပါတယ္။
”ဟာလန္းဟာ ဘြန္ဒက္စ္လီဂါသမုိင္းတစ္ေလွ်ာက္ ပဲြဦးထြက္အျဖစ္ လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္ရွင္ျဖစ္ခဲ့တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္”။ ”ဟာလန္းက လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္ရွင္ဘြဲ႕ခံယူလုိက္တယ္။ ဖာနန္ဒက္စ္ကို ေခၚဖို႔ႀကိဳးစားေနတာလည္း ပ်က္ေတာ့မယ္။ ဒီအခ်ိန္မွာ ၀ုဒ္၀ါ့ဒ္ကေတာ့ မက္ေဒၚနယ္ဆုိင္နဲ႔ ကုန္အမွတ္တံဆိပ္ စာခ်ဳပ္ခ်ဳပ္ဖို႔ လုံးပန္းေနေလရဲ႕”လူိ႕ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။