ဒီဘရူနီ အရူးလုပ်တာခံရတဲ့ ဖီးလ်ဂျုံးစ်ကို မန်ယူပရိသတ်တွေလှောင်ပြောင်သရော်နေကြ

photo-daily mail

photo-gettyimages

မနေ့ညရဲ့ဒါဘီပွဲမှာ နောက်ခံလူဖီးလ်ဂျုံးစ်ဟာ နိုဝင်ဘာလကုန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူရဲ့ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အရင်ကတည်းက မိုက်မဲတဲ့အမှားတွေကြောင့် ဝေဖန်မှုတွေနဲ့ မလွတ်ကင်းခဲ့တဲ့ ဖီးလ်ဂျုံးစ်တစ်ယောက် အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့အိမ်ကွင်းမှာလည်း ထုံးစံအတိုင်း ပြိုင်ဘက်ကစားသမားဒီဘရူနီရဲ့အရူးလုပ်ခြင်းခံခဲ့ရကာ မန်စီးတီးရသွားတဲ့ တတိယဂိုးမှာ သူ့အပြစ်မကင်းဖြစ်သွားပါတယ်။

photo-gettyimages

ပွဲချိန် ၃၈ မိနစ်အရောက် တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မန်စီးတီးကွင်းလယ်လူဒီဘရူနီဟာ မန်ယူပင်နယ်တီဧရိယာထဲအထိ ဘောလုံးဆွဲဝင်လာပြီး မန်ယူနောက်ခံလူဖီးလ်ဂျုံးစ်က တားဆီးဖို့လုပ်ခဲ့ပေမယ့် ဒီဘရူနီရဲ့ခြေယောင်ပြလှည့်စားမှုအောက်မှာ မျောပါကျန်ရစ်ခဲ့ပြီး သူ့ရဲ့ကန်ချက်ကို ဂိုးသမားဒီဂီယာကာကွယ်ခဲ့ပေမယ့် ပါရဲရားရဲ့ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။ အဲဒီဂိုးဟာ ပြန်မလာနိုင်လောက်အောင် မန်ယူကို အဆုံးသတ်စေခဲ့တဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ပွဲပြီးတော့ ဆိုရှယ်မီဒီယာထက်မှာ ဖီးလ်ဂျုံးစ်ဟာ အသင်းပရိသတ်တွေရဲ့လှောင်ပြောင်သရော်ခြင်း ခံခဲ့ရပါတယ်။ ပရိသတ်တစ်ယောက်က သူသာ ဖီးလ်ဂျုံးစ်ဆိုရင် နောက်နေ့အနားယူဖို့ စဉ်းစားမှာလို့ လှောင်ပြောင်ခဲ့ပါတယ်။ နောက်ထပ်မန်ယူပရိသတ်တစ်ယောက်ကလည်း ဖီးလ်ဂျုံးစ်ရဲ့ဘဝကို ဒီဘရူနီက အဆုံးသတ်လိုက်တာလို့ သရော်ခဲ့ပါတယ်။ ဒီပုံအတိုင်းဆိုရင်တော့ ဖီးလ်ဂျုံးစ်ရဲ့မန်ယူကစားသမားဘဝဟာ အဆုံးသတ်သလောက် ဖြစ်သွားပြီလို့ ထင်ပါတယ်။

[Zawgyi]

ဒီဘရူနီ အရူးလုပ္တာခံရတဲ့ ဖီးလ္ဂ်ဳံးစ္ကို မန္ယူပရိသတ္ေတြေလွာင္ေျပာင္သေရာ္ေနၾက

မေန႔ညရဲ႕ဒါဘီပြဲမွာ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ ႏို၀င္ဘာလကုန္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ မန္ယူရဲ႕ပြဲထြက္စာရင္းမွာ ျပန္လည္ပါ၀င္လာခဲ့ပါတယ္။ အရင္ကတည္းက မိုက္မဲတဲ့အမွားေတြေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ မလြတ္ကင္းခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္တစ္ေယာက္ အဂၤလန္လိဂ္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့အိမ္ကြင္းမွာလည္း ထုံးစံအတိုင္း ၿပိဳင္ဘက္ကစားသမားဒီဘရူနီရဲ႕အရူးလုပ္ျခင္းခံခဲ့ရကာ မန္စီးတီးရသြားတဲ့ တတိယဂိုးမွာ သူ႔အျပစ္မကင္းျဖစ္သြားပါတယ္။

ပဲြခ်ိိန္ ၃၈ မိနစ္အေရာက္ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ မန္စီးတီးကြင္းလယ္လူဒီဘရူနီဟာ မန္ယူပင္နယ္တီဧရိယာထဲအထိ ေဘာလုံးဆြဲ၀င္လာၿပီး မန္ယူေနာက္ခံလူဖီးလ္ဂ်ဳံးစ္က တားဆီးဖို႔လုပ္ခဲ့ေပမယ့္ ဒီဘရူနီရဲ႕ေျခေယာင္ျပလွည့္စားမႈေအာက္မွာ ေမ်ာပါက်န္ရစ္ခဲ့ၿပီး သူ႔ရဲ႕ကန္ခ်က္ကို ဂိုးသမားဒီဂီယာကာကြယ္ခဲ့ေပမယ့္ ပါရဲရားရဲ႕ေျခေထာက္နဲ႔ထိၿပီး ဂိုး၀င္သြားခဲ့တာပါ။ အဲဒီဂိုးဟာ ျပန္မလာႏိုင္ေလာက္ေအာင္ မန္ယူကို အဆုံးသတ္ေစခဲ့တဲ့ ဂိုးလည္း ျဖစ္ခဲ့ပါတယ္။

ပြဲၿပီးေတာ့ ဆုိရွယ္မီဒီယာထက္မွာ ဖီးလ္ဂ်ဳံးစ္ဟာ အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္သေရာ္ျခင္း ခံခဲ့ရပါတယ္။ ပရိသတ္တစ္ေယာက္က သူသာ ဖီးလ္ဂ်ဳံးစ္ဆိုရင္ ေနာက္ေန႔အနားယူဖို႔ စဥ္းစားမွာလို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။ ေနာက္ထပ္မန္ယူပရိသတ္တစ္ေယာက္ကလည္း ဖီးလ္ဂ်ဳံးစ္ရဲ႕ဘ၀ကို ဒီဘရူနီက အဆုံးသတ္လိုက္တာလို႔ သေရာ္ခဲ့ပါတယ္။ ဒီပုံအတိုင္းဆုိရင္ေတာ့ ဖီးလ္ဂ်ဳံးစ္ရဲ႕မန္ယူကစားသမားဘ၀ဟာ အဆုံးသတ္သေလာက္ ျဖစ္သြားၿပီလို႔ ထင္ပါတယ္။