ဒီဘရိုင်းပြောပြတဲ့ အွန်နရီနဲ့ အဂူရိုတို့ရဲ့ကွာခြားချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အက်စ်တွန်ဗီလာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စံချိန်ကောင်းတွေရရှိသွားခဲ့တဲ့ အသင်းဖော်အဂူရိုရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး မန်စီးတီးကွင်းလယ်လူဒီဘရိုင်းက ဂုဏ်ပြုချီးကျူးလိုက်ပါတယ်။ အဂူရိုဟာ အက်စ်တွန်ဗီလာကို ဟက်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်ဂိုးအကြိမ် အများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်စံချိန်တင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးအ များဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့တာပါ။

အက်စ်တွန်ဗီလာကိုသွင်းယူခဲ့တဲ့ဟက်ထရစ်ဂိုးဟာ အဂူရိုရဲ့ ပရီးမီးယားလိဂ်ဟက်ထရစ် ၁၂ ကြိမ် မြောက်ဖြစ်ပြီး မူလက အွန်နရီစံချိန်တင်ထားတဲ့ နိုင်ငံခြားသားသွင်းဂိုး ၁၇၅ ဂိုးကို ၁၇၆ ဂိုးနဲ့ကျော် ဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်အဂူရိုဟာသူ့ရဲ့ သမိုင်းမှတ်တိုင်သစ်တွေအတွက် နှုတ်ဆိတ်နေခဲ့ပေမယ့် ဒီဘရိုင်းကတော့ ရယူခဲ့တဲ့စံချိန်တွေက အဂူရို ဘယ်လိုကစားသမားလဲဆိုတာကို ညွှန်းဆိုဖော်ပြနေ တယ်လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းက “ အဂူရိုနဲ့ကျတော်တွဲကစားလာတာ ၅ နှစ်ရှိပါပြီ။ ဒီနေ့သူချိုးဖြတ်ခဲ့တဲ့ စံချိန်တွေဟာ သူ့ရဲ့ ခြေစွမ်းအဆင့်ကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ သူဟာ မြင်ဖူး၊တွေ့ဖူး၊ ကြားဖူးတဲ့ကစားသမားတွေနဲ့ မတူပါဘူး။ဘောလုံးကစားချိန်မှာ ကစားပြီး နားချိန်မှာ ကောင်းကောင်းနားတယ်”လို့ဆိုခဲ့တာပါ။

ဆက်လက်ပြီးဒီဘရိုင်းက အဂူရိုနဲ့ အွန်နရီတို့ကြားမှာ နှိုင်းယှဉ်ဖို့ ခက်ခဲတယ်ဆိုတာကိုလည်း အခုလိုရှင်းပြခဲ့ပါတယ်။ “အွန်နရီက ဘယ်ဂျီယံအသင်းမှာ ကျတော်တို့နည်းပြအဖြစ်ဆုံခဲ့ဖူးလို့ ပုဂ္ဂိုလ်ရေး အရ သူ့အကြောင်း ကျတော်နည်းနည်းသိပါတယ်။ ဒါပေမယ့် အဂူရိုနဲ့သူ့ကို နှိုင်းယှဉ်ပြဖို့တော့ ခက်ပါတယ်။ သူ့တို့ရယူခဲ့တဲ့စံချိန်တွေက သူတို့ကစားသမားဘ၀ကို ဖော်ညွှန်းနေကြတာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ဒီဘ႐ိုင္းေျပာျပတဲ့ အြန္နရီနဲ႔ အဂူ႐ိုတို႔ရဲ႕ကြာျခားခ်က္
//////////////////////////////////////

အက္စ္တြန္ဗီလာကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ စံခ်ိန္ေကာင္းေတြရရွိသြားခဲ့တဲ့ အသင္းေဖာ္အဂူ႐ိုရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး မန္စီးတီးကြင္းလယ္လူဒီဘ႐ိုင္းက ဂုဏ္ျပဳခ်ီးက်ဴးလိုက္ပါတယ္။ အဂူ႐ိုဟာ အက္စ္တြန္ဗီလာကို ဟက္ထရစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ဟက္ထရစ္ဂိုးအႀကိမ္ အမ်ားဆုံးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္စံခ်ိန္တင္ခဲ့သလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးအ မ်ားဆုံးသြင္းယူထားတဲ့ ကစားသမားအျဖစ္လည္း စံခ်ိန္တင္ခဲ့တာပါ။

အက္စ္တြန္ဗီလာကိုသြင္းယူခဲ့တဲ့ဟက္ထရစ္ဂိုးဟာ အဂူ႐ိုရဲ႕ ပရီးမီးယားလိဂ္ဟက္ထရစ္ ၁၂ ႀကိမ္ ေျမာက္ျဖစ္ၿပီး မူလက အြန္နရီစံခ်ိန္တင္ထားတဲ့ ႏိုင္ငံျခားသားသြင္းဂိုး ၁၇၅ ဂိုးကို ၁၇၆ ဂိုးနဲ႔ေက်ာ္ ျဖတ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္အဂူ႐ိုဟာသူ႔ရဲ႕ သမိုင္းမွတ္တိုင္သစ္ေတြအတြက္ ႏႈတ္ဆိတ္ေနခဲ့ေပမယ့္ ဒီဘ႐ိုင္းကေတာ့ ရယူခဲ့တဲ့စံခ်ိန္ေတြက အဂူ႐ို ဘယ္လိုကစားသမားလဲဆိုတာကို ၫႊန္းဆိုေဖာ္ျပေန တယ္လို႔ ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းက “ အဂူ႐ိုနဲ႔က်ေတာ္တြဲကစားလာတာ ၅ ႏွစ္ရွိပါၿပီ။ ဒီေန႔သူခ်ိဳးျဖတ္ခဲ့တဲ့ စံခ်ိန္ေတြဟာ သူ႔ရဲ႕ ေျခစြမ္းအဆင့္ကိုေဖာ္ျပေနတာပဲျဖစ္ပါတယ္။ သူဟာ ျမင္ဖူး၊ေတြ႕ဖူး၊ ၾကားဖူးတဲ့ကစားသမားေတြနဲ႔ မတူပါဘူး။ေဘာလုံးကစားခ်ိန္မွာ ကစားၿပီး နားခ်ိန္မွာ ေကာင္းေကာင္းနားတယ္”လို႔ဆိုခဲ့တာပါ။

ဆက္လက္ၿပီးဒီဘ႐ိုင္းက အဂူ႐ိုနဲ႔ အြန္နရီတို႔ၾကားမွာ ႏႈိင္းယွဥ္ဖို႔ ခက္ခဲတယ္ဆိုတာကိုလည္း အခုလိုရွင္းျပခဲ့ပါတယ္။ “အြန္နရီက ဘယ္ဂ်ီယံအသင္းမွာ က်ေတာ္တို႔နည္းျပအျဖစ္ဆုံခဲ့ဖူးလို႔ ပုဂၢိဳလ္ေရး အရ သူ႔အေၾကာင္း က်ေတာ္နည္းနည္းသိပါတယ္။ ဒါေပမယ့္ အဂူ႐ိုနဲ႔သူ႔ကို ႏႈိင္းယွဥ္ျပဖို႔ေတာ့ ခက္ပါတယ္။ သူ႔တို႔ရယူခဲ့တဲ့စံခ်ိန္ေတြက သူတို႔ကစားသမားဘ၀ကို ေဖာ္ၫႊန္းေနၾကတာပါပဲ။