ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု အာနိုးရရှိ

Photo Credit

Photo Credit

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးဟာ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင် အာနိုးဟာ ဒီဇင်ဘာလအတွင်း လီဗာပူးနဲ့အတူ ပွဲတိုင်းပါဝင်ကစားခဲ့ပြီး အသင်းကလည်း ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း လက်စတာအသင်းကို ၁၃ မှတ်အထိ ဖြတ်ကာ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

အာနိုးကလည်း ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ၈ပွဲမှာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ဒုတိယနေရာက လက်စတာကို အဝေးကွင်းမှာ ဝ-၄ ဂိုးနဲ့အနိုင်ရခဲ့တုန်းကလည်း ကိုယ်တိုင် ၁ဂိုးသွင်းယူကာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့ပါတယ်။

Photo Credit

အာနိုးဟာ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၅ပွဲကစားခဲ့ရာမှာ အသင်းက ၅ပွဲစလုံးအနိုင်ရခဲ့သလို သူကိုယ်တိုင်လည်း ၄ပွဲ Clean Sheets၊ ဂိုးဖန်တီးမှု ၃ကြိမ်နဲ့ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Video Credit

သူဟာ ၂၀၀၇ သြဂုတ်လက မီကာရစ်ချက်နောက်ပိုင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ရရှိတဲ့ ပထမဆုံးညာနောက်ခံလူဖြစ်လာပြီး သူဟာ ဒီဇင်ဘာလအတွက် လီဗာပူးအသင်းရဲ့တစ်လာအကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။

Photo Credit

အသက် ၂၁နှစ်အရွယ်ရှိ အာနိုးက ”ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာကောင်းတဲ့ကာလပါပဲ။ ပြီးတော့ အသင်းတစ်သင်းအနေနဲ့ ကောင်းမွန်တဲ့လကို ဖြတ်သန်းနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း တစ်လတာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေးက ရရှိခဲ့ပါတယ်။

Photo Credit

Zawgyi

ဒီဇင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆု အာႏိုးရရွိ

လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးဟာ ဒီဇင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ အဂၤလန္လက္ေရြးစင္ အာႏိုးဟာ ဒီဇင္ဘာလအတြင္း လီဗာပူးနဲ႔အတူ ပြဲတုိင္းပါ၀င္ကစားခဲ့ၿပီး အသင္းကလည္း ဖီဖာကလပ္ကမၻာ့ဖလားခ်န္ပီယံျဖစ္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း လက္စတာအသင္းကို ၁၃ မွတ္အထိ ျဖတ္ကာ ထိပ္ဆုံးကေန ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
အာႏိုးကလည္း ဒီဇင္ဘာလအတြင္း ကစားခဲ့တဲ့ ၈ပြဲမွာ ဂိုးဖန္တီးမႈ ၄ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ေဘာက္ဆင္ေဒးပြဲစဥ္အျဖစ္ ဒုတိယေနရာက လက္စတာကို အေ၀းကြင္းမွာ ၀-၄ ဂိုးနဲ႔အႏိုင္ရခဲ့တုန္းကလည္း ကိုယ္တုိင္ ၁ဂိုးသြင္းယူကာ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုပါ ရရွိခဲ့ပါတယ္။
အာႏုိးဟာ ဒီဇင္ဘာလအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ၅ပြဲကစားခဲ့ရာမွာ အသင္းက ၅ပြဲစလုံးအႏိုင္ရခဲ့သလုိ သူကိုယ္တုိင္လည္း ၄ပြဲ Clean Sheets၊ ဂိုးဖန္တီးမႈ ၃ႀကိမ္နဲ႔ ၁ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
သူဟာ ၂၀၀၇ ၾသဂုတ္လက မီကာရစ္ခ်က္ေနာက္ပိုင္း ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆု ရရွိတဲ့ ပထမဆုံးညာေနာက္ခံလူျဖစ္လာၿပီး သူဟာ ဒီဇင္ဘာလအတြက္ လီဗာပူးအသင္းရဲ႕တစ္လာအေကာင္းဆုံးကစားသမားဆုလည္း ရရွိခဲ့ပါတယ္။

အသက္ ၂၁ႏွစ္အရြယ္ရွိ အာႏိုးက ”ကၽြန္ေတာ့္အတြက္ေတာ့ ဂုဏ္ယူစရာေကာင္းတဲ့ကာလပါပဲ။ ၿပီးေတာ့ အသင္းတစ္သင္းအေနနဲ႔ ေကာင္းမြန္တဲ့လကို ျဖတ္သန္းႏိုင္ခဲ့ပါတယ္”လုိ႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏို၀င္ဘာလကလည္း တစ္လတာအေကာင္းဆုံးကစားသမားဆုကို လီဗာပူးတုိက္စစ္မွဴး မာေနးက ရရွိခဲ့ပါတယ္။