ဒီဂီယာ၊ အလီဆင်၊ အီဒါဆန်တို့တောင် ထိုင်ငိုသွားရလောက်တဲ့ ဘုန်းမောက်နောက်ခံလူရဲ့ ကာကွယ်မှု

ဘုန်းမောက်နောက်ခံလူ စတိဗ်ကွတ်ခ်ဟာ ယမန်နေ့က နောဝစ်ချ်နဲ့ ပွဲစဉ်မှာ ကမ္ဘာကျော် ဂိုးသမားတွေတောင် ထိုင်ငိုသွားရလောက်တဲ့ ကာကွယ်မှုမျိုးကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန် မိနစ်၃၀ ဝန်းကျင်မှာ ပူကီရဲ့ ကန်သွင်းချက်ကို ရမ်းစ်ဒေးကာကွယ်မှုကနေ ပြန်ထွက်လာတဲ့ ဘောလုံးအား ဒူဒါ ထပ်မံ ကန်သွင်းလိုက်ပေမဲ့ စတိဗ်ကွတ်ခ်က ဂိုးဧရိယာရှေ့ကနေ လက်နဲ့ပုတ်ပြီး ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ကွတ်ခ်ရဲ့ ကာကွယ်မှုဟာ တော်တော်လေး ကောင်းခဲ့ပေမဲ့ လက်နဲ့ ကာကွယ်မှုက တော်တော်လေး ထင်ရှားနေတာကြောင့် ကွင်းလယ်ဒိုင်က ချက်ချင်း အနီကတ်ပြ ထုတ်ပယ်လိုက်သလို နောဝစ်ချ်ကိုလည်း ပင်နယ်တီ ပေးခဲ့ပါတယ်။ VARပြန်ကြည့်ချိန်မှာလည်း တော်တော်လေး သိသာနေလို့ အဆိုပါ ပြစ်ဒဏ်ကို ဆက်လက် သတ်မှတ်ပေးခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီကိုတော့ ပူကီက အပိုင်ကန်သွင်းကာ နောဝစ်ချ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ဒုတိယပိုင်းမှာလည်း နောဝစ်ချ်ကွင်းလယ်လူ ဂေါ့ဖရေး ကာလမ် ဝီလ်ဆင်ကို ကစားပုံကြမ်းခဲ့တာကြောင့် VARပြန်ကြည့်ခါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။

စတိဗ်ကွတ်ခ်ရဲ့ ကာကွယ်မှုက ဒီဂီယာ၊ အီဒါဆန်နဲ့ အလီဆင် တို့တောင် လက်ခုပ်တီးပေးနိုင်တာကြောင့် အသက်၂၈နှစ်အရွယ်မှာ ဂိုးသမားနေရာ ပြောင်းကစားရင် ကစားလို့ရနိုင်ကြောင်း အကြံပေးလိုက်ရပါတယ်။