ဒါဘီပွဲစဉ်မှာ ဖာနန်ဒက်စ်ဝင်ကစားခဲ့တာကြောင့် အပိုဆုကြေးနဲ့ပတ်သတ်ပြီး ယူနိုက်တက်နဲ့ အငြင်းအခုံဖြစ်ပွားနေ

ယူနိုက်တက်ပစ်မှတ် စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်တစ်ယောက် ပြီးခဲ့တဲ့သောကြာနေ့က စပို့တင်းဒါဘီပွဲစဉ်မှာ ဝင်ရောက်ကစားခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှယ စပို့တင်းအတွက် ဝင်ရောက်ကစားခဲ့ပြီး ပရိသတ်တွေကတော့ အဆိုပါပွဲစဉ်ဟာ ဖာနန်ဒက်စ်ကို နောက်ဆုံးမြင်ရတဲ့ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။


ယူနိုက်တက်ဟာ ပေါ်တူဂီသားကို ပေါင် ၃၄ သန်းအပြင် အပိုဆုကြေးပေါင် ၂၅.၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီကလပ်ကတော့ ပေါင် ၆၀ သန်းလောက်အထိ အလိုရှိနေပြီး မဖြစ်နိုင်တဲ့ အောင်မြင်မှုတွေရမှ ပေးမယ့် ဆုကြေးကို အလိုရမရှိဖြစ်နေပါတယ်။


အဲ့အပိုဆုကြေးထဲမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ နဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်မှ ရမယ့် ဆုကြေးတွေလည်းပါဝင်နေပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်တစ်ယောက် ဘော်လွန်းဒီအော်ဆုရမှ ပေးမယ့် ဆုကြေးလည်း ပါဝင်နေပြန်ပါတယ်။ ဒါကြောင့် စပို့တင်းအသင်းဟာ လက်ရှိအချိန်မှာ အမှန်တကယ်ရရှိနိုင်မယ့်ငွေကြေးကိုသာ အလိုရှိနေပါတယ်။


ယူနိုက်တက်ကတော့ စပို့တင်းအသင်းငွေကြေးလိုအပ်ချက်ရှိနေတာကို သိရှိထားပြီး ပြောင်းရွှေ့ကြေးကို လျော့ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ပေါ်တူဂီကလပ်အသင်းဖက်ကလည်း လိုချင်တဲ့ငွေကြေးအနေအထားတစ်ရပ်ကို တင်းခံထားပြီး ဈေးပေါပေါနဲ့ ရောင်းချဖို့ အလိုမရှိတာ ဖြစ်ပြီး အားလုံးပေါင်း ပေါင် ၆၀ သန်းလောက်အထိ အလိုရှိနေကြပါတယ်။


ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ပါက တစ်ပတ်လုပ်ခပေါင် ၁၂၀၀၀၀ လောက်အထိ ရရှိဖွယ်ရှိနေပြီး ကစားသမားနဲ့ ယူနိုက်တက်ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုကတော့ အပြီးသတ်ခဲ့တာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။