ထရန်မဲယားကို ၆ ဂိုးပြတ်အနိုင်ရတဲ့ပွဲက မန်ယူကစားသမားတွေရဲ့ Rating

0
1837

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ရတဲ့ မန်ယူအသင်းဟာ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲ စဉ်မှာတော့ အသင်းငယ်လေးထရန်မဲယားကိုအဝေးကွင်းမှာ (၆)ဂိုးပြတ်အနိုင်ယူပြီး နှစ်ပွဲဆက်ရှုံးပွဲ ဆက်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာ အသင်းငယ်လေး ထရန်မဲယားကိုရင်ဆိုင်ဖို့အတွက်မာရှယ်၊ ပီရီရာ၊ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ မာတစ်၊ ဂရင်း၀ုဒ်စတဲ့အမာခံကစားသမားတွေကို အသုံးပြုခဲ့ပြီးရင်ဆိုင်ခဲ့တာပါ။ ဒီပွဲမှာ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို မက်ဂွဲယား၊ ဒါလော့၊ လင်ဂတ်၊ ဖီးလ်ဂျုံး၊ မာရှယ်၊ ဂရင်း၀ုဒ်စတဲ့ မတူညီတဲ့ ကစားသမား ၆ ဦးက ၆ ဂိုးသွင်းယူသွားခဲ့တာ ဖြစ်လို့ မန်ယူအသင်းမှာ တစ်ဦးချင်စီဘယ်လောက်အထိ စွမ်းဆောင်ခဲ့ကြတယ်ဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဂိုး – ရိုမီယူ (၇)
တစ်ပွဲလုံးမှာတည်ငြိမ်တဲ့လက်စွမ်းကိုပြသနိုင်ခဲ့ပါတယ်။ အထူသဖြင့် ထရန်မဲယားရဲ့ပွဲချိန်အစောပိုင်းဖိအားပေးမှုတွေကို အတည်ငြိမ်ဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

နောက်တန်း – ဒါလော့(၇)
အောက်တိုဘာလ ၆ ရက်နေ့နောက်ပိုင်း မန်ယူအသင်းမှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ဒါလော့ဟာ မန်ယူအသင်းအတွက် လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ရွှံ့ထူနေတဲ့ တောင်ပံတစ်ခြမ်းလုံးမှာ အကောင်းဆုံးရုန်းပြနိုင်ခဲ့ပါတယ်။

နောက်တန်း – ဖီးလ်ဂျူံး(၈)
ပွဲချိန်ပထမပိုင်းမှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်ပုံကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရပေမယ့် ခံစစ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို အနိုင်ဂိုးတစ်ဂိုးကိုလည်း ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

နောက်တန်း – လင်ဒီလော့ဖ် (၇)
ဒဏ်ရာကပြန်ကောင်းလာပြီးနောက်မှာ ပြန်ကစားတဲ့ပွဲဆိုပေမယ့် လင်ဒီလော့ဖ်အတွက် သက်သောင့်သက်သာနဲ့အမှားအယွင်းမရှိ ရင်ဆိုင်ကစားသွားနိုင်ခဲ့ပါတယ်။

နောက်တန်း – မက်ဂွဲယား (၈)
အဝေးကန်ချက်နဲ့ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သလို လင်ဂတ်အတွက် သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နောက်တန်း – လုခ်ရှော (၈)
လီဗာပူးနဲ့ပွဲတုန်းက ခြေစွမ်းပြနိုင်ခဲ့သလို အခုပွဲမှာလည်း လုခ်ရှောကို အကောင်းဆုံးပုံစံနဲ့မြင်တွေ့ခဲ့ရပြန်ပါတယ်။

ကွင်းလယ် – ပီရီရာ(၇)
မန်ယူအသင်းရဲ့ဗဟိုကွင်းလယ်ကစားသမားအဖြစ် ပွဲထွက်ကစားခဲ့သလို မန်ယူအသင်းရဲ့ကွင်းလယ်ကို လှပတဲ့အတို့အထိတွေနဲ့ စိုးမိုးထားနိုင်ခဲ့ပါတယ်။

ကွင်းလယ် – မာတစ် (၇)
စည်းကမ်းပိုင်းအရအားနည်းမှုတွေရှိခဲ့ပေမယ့် သူ့ရဲ့စွန့်စားဖျက်ထုတ်မှုတွေနဲ့ ကောင်းမွန်တဲ့ဘောလုံးပေးပို့မှုတွေကြောင့် မန်ယူအသင်းရဲ့ ကွင်းလယ်ဟာအသက်ဝင်ခဲ့ပါတယ်။

ကွင်းလယ် – လင်ဂတ် (၇)
အင်္ဂလန်နိုင်ငံအတွင်းကစားတဲ့ပွဲတွေထဲမှာ တစ်နှစ်အတွင်းပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့လင်ဂတ်ဟာ အခုပွဲက ပုံစံအတိုင်း လိဂ်ပွဲတွေမှာ ပြန်လည်ပြသနိုင်ဖို့ လိုအပ်နေပါတယ်။

ရှေ့တန်း – မာရှယ် (၇)
အသင်းဖော်တွေကို ဂိုးရအောင်ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာပဲ တာဟစ်ချောင်နဲ့လူစားလဲခံခဲ့ရပါတယ်။

ရှေ့တန်း – ဂရင်း၀ုဒ် (၇)
သူ့ရဲ့မသန်တဲ့ညာခြေထောက်တဲ့ သေသပ်တဲ့ ပင်နယ်တီဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

လူစားဝင်သူများ
တာဟစ်ချောင်(၇)၊ ဖရက် (၇)၊ ဘရန်ဒန်ဝီလျံ(၇)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ထရန္မဲယားကို ၆ ဂိုးျပတ္အႏိုင္ရတဲ့ပြဲက မန္ယူကစားသမားေတြရဲ႕ Rating
////////////////////////////////////////////
ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ရတဲ့ မန္ယူအသင္းဟာ အက္ဖ္ေအဖလားပၪၥမအဆင့္ပြဲ စဥ္မွာေတာ့ အသင္းငယ္ေလးထရန္မဲယားကိုအေဝးကြင္းမွာ (၆)ဂိုးျပတ္အႏိုင္ယူၿပီး ႏွစ္ပြဲဆက္ရႈံးပြဲ ဆက္မႈကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာ အသင္းငယ္ေလး ထရန္မဲယားကိုရင္ဆိုင္ဖို႔အတြက္မာရွယ္၊ ပီရီရာ၊ မက္ဂြဲယား၊ လင္ဒီေလာ့ဖ္၊ မာတစ္၊ ဂရင္း၀ုဒ္စတဲ့အမာခံကစားသမားေတြကို အသုံးျပဳခဲ့ၿပီးရင္ဆိုင္ခဲ့တာပါ။ ဒီပြဲမွာ မန္ယူအသင္းအတြက္ အႏိုင္ဂိုးေတြကို မက္ဂြဲယား၊ ဒါေလာ့၊ လင္ဂတ္၊ ဖီးလ္ဂ်ဳံး၊ မာရွယ္၊ ဂရင္း၀ုဒ္စတဲ့ မတူညီတဲ့ ကစားသမား ၆ ဦးက ၆ ဂိုးသြင္းယူသြားခဲ့တာ ျဖစ္လို႔ မန္ယူအသင္းမွာ တစ္ဦးခ်င္စီဘယ္ေလာက္အထိ စြမ္းေဆာင္ခဲ့ၾကတယ္ဆိုတာကို ဆက္လက္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဂိုး – ႐ိုမီယူ (၇)
တစ္ပြဲလုံးမွာတည္ၿငိမ္တဲ့လက္စြမ္းကိုျပသႏိုင္ခဲ့ပါတယ္။ အထူသျဖင့္ ထရန္မဲယားရဲ႕ပြဲခ်ိန္အေစာပိုင္းဖိအားေပးမႈေတြကို အတည္ၿငိမ္ဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ေနာက္တန္း – ဒါေလာ့(၇)
ေအာက္တိုဘာလ ၆ ရက္ေန႔ေနာက္ပိုင္း မန္ယူအသင္းမွာ ပထမဆုံးပြဲထြက္ခြင့္ရခဲ့တဲ့ ဒါေလာ့ဟာ မန္ယူအသင္းအတြက္ လွပတဲ့သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့အျပင္ ႐ႊံ႕ထူေနတဲ့ ေတာင္ပံတစ္ျခမ္းလုံးမွာ အေကာင္းဆုံး႐ုန္းျပႏိုင္ခဲ့ပါတယ္။

ေနာက္တန္း – ဖီးလ္ဂ်ဴံး(၈)
ပြဲခ်ိန္ပထမပိုင္းမွာ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္ပုံေၾကာင့္ အဝါကတ္ျပသျခင္းခံခဲ့ရေပမယ့္ ခံစစ္ပိုင္းမွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့သလို အႏိုင္ဂိုးတစ္ဂိုးကိုလည္း ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ပါတယ္။

ေနာက္တန္း – လင္ဒီေလာ့ဖ္ (၇)
ဒဏ္ရာကျပန္ေကာင္းလာၿပီးေနာက္မွာ ျပန္ကစားတဲ့ပြဲဆိုေပမယ့္ လင္ဒီေလာ့ဖ္အတြက္ သက္ေသာင့္သက္သာနဲ႔အမွားအယြင္းမရွိ ရင္ဆိုင္ကစားသြားႏိုင္ခဲ့ပါတယ္။

ေနာက္တန္း – မက္ဂြဲယား (၈)
အေဝးကန္ခ်က္နဲ႔ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့သလို လင္ဂတ္အတြက္ သြင္းဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ေနာက္တန္း – လုခ္ေရွာ (၈)
လီဗာပူးနဲ႔ပြဲတုန္းက ေျခစြမ္းျပႏိုင္ခဲ့သလို အခုပြဲမွာလည္း လုခ္ေရွာကို အေကာင္းဆုံးပုံစံနဲ႔ျမင္ေတြ႕ခဲ့ရျပန္ပါတယ္။

ကြင္းလယ္ – ပီရီရာ(၇)
မန္ယူအသင္းရဲ႕ဗဟိုကြင္းလယ္ကစားသမားအျဖစ္ ပြဲထြက္ကစားခဲ့သလို မန္ယူအသင္းရဲ႕ကြင္းလယ္ကို လွပတဲ့အတို႔အထိေတြနဲ႔ စိုးမိုးထားႏိုင္ခဲ့ပါတယ္။

ကြင္းလယ္ – မာတစ္ (၇)
စည္းကမ္းပိုင္းအရအားနည္းမႈေတြရွိခဲ့ေပမယ့္ သူ႔ရဲ႕စြန႔္စားဖ်က္ထုတ္မႈေတြနဲ႔ ေကာင္းမြန္တဲ့ေဘာလုံးေပးပို႔မႈေတြေၾကာင့္ မန္ယူအသင္းရဲ႕ ကြင္းလယ္ဟာအသက္ဝင္ခဲ့ပါတယ္။

ကြင္းလယ္ – လင္ဂတ္ (၇)
အဂၤလန္ႏိုင္ငံအတြင္းကစားတဲ့ပြဲေတြထဲမွာ တစ္ႏွစ္အတြင္းပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တဲ့လင္ဂတ္ဟာ အခုပြဲက ပုံစံအတိုင္း လိဂ္ပြဲေတြမွာ ျပန္လည္ျပသႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ေရွ႕တန္း – မာရွယ္ (၇)
အသင္းေဖာ္ေတြကို ဂိုးရေအာင္ဖန္တီးမႈေတြျပဳလုပ္ေပးႏိုင္ခဲ့သလို ကိုယ္တိုင္လည္း တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ပထမပိုင္းအၿပီးမွာပဲ တာဟစ္ေခ်ာင္နဲ႔လူစားလဲခံခဲ့ရပါတယ္။

ေရွ႕တန္း – ဂရင္း၀ုဒ္ (၇)
သူ႔ရဲ႕မသန္တဲ့ညာေျခေထာက္တဲ့ ေသသပ္တဲ့ ပင္နယ္တီဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

လူစားဝင္သူမ်ား
တာဟစ္ေခ်ာင္(၇)၊ ဖရက္ (၇)၊ ဘရန္ဒန္ဝီလ်ံ(၇)