တန်ဖိုးမြင့် စာချုပ်နဲ့ဂွာဒီယိုလာကို ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

Photo- Internet
Photo- Internet

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီကုန်ချိန်မှာ နည်းပြတူချယ်နဲ့လမ်းခွဲဖို့ စီစဉ်နေပြီး သူ့နေရာမှာမန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီချန်ပီယံလိဂ်မှာ အနည်းဆုံးဆီမီးဖိုင်နယ်အဆင့်မှ မရောက်ရင် တူချယ်ကိုထုတ်ပယ်မယ်လို့ ဆိုပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ ၂၀၂၁ အထိစာချုပ်သက်တမ်းရှိထားပြီး သူ့စာချုပ်ကိုလေးစားသွားမယ်လို့ ဆိုထားတာကြောင့် အနည်းဆုံးတော့ ၂၀၂၁ အထိဆက်ရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်က တန်ဖိုးမြင့်မားတဲ့ စာချုပ်နဲ့ကမ်းလှမ်းမှာဖြစ်လို့ ဂွာဒီယိုလာကငြင်းပယ်ဖို့ ခက်တယ်လို့ဆိုနေကြပါတယ်။

Photo- Internet

သတင်းတွေအရ ပီအက်စ်ဂျီဟာ ဂွာဒီယိုလာကိုတစ်နှစ်လစာပေါင် ၂၅ သန်းအထိပေးပြီးကမ်းလှမ်းမယ်လို့ဖော်ပြကြပါတယ်။ သူဟာမန်စီးတီးမှာတစ်နှစ်လစာပေါင်သန်း ၂၀ ရရှိနေပြီး လက်ရှိမှာဘောလုံးလောရဲ့လစာအများဆုံးရရှိသူလည်းဖြစ်ပါတယ်။

Photo- Internet

အသက် ၄၉ နှစ်ရှိတဲ့ ဂွာဒီယိုလာဟာမန်စီးတီးကို ၂၀၁၆ ကစတင်တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ၂ နှစ်ဆက်တိုက်ရယူနိုင်မှုအပါအဝင် ဆုဖလား ၇ လုံးရယူပေးထားသူဖြစ်ပါတယ်။ မန်စီးတီးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဗိုလ်စွဲတုန်းကဆိုရင် အမှတ် ၁၀၀ အထိရရှိခဲ့လို့ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ရမှတ်လည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

လက်ရှိပရီးမီးယားလိဂ်မှာ မန်စီးတီးဟာ ချန်ပီယံဘွဲ့ကိုဆက်ထိန်းဖို့ အလှမ်းဝေးသွားတဲ့အပြင် ဂွာဒီယိုလာရဲ့နည်းပြဘဝမှာအဆိုးဆုံးသောရာသီထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဟာမကြာသေးခင်က မန်စီးတီးကသူ့ကိုမထုတ်ဖူးဆိုရင် အသင်းမှာ ၁၀၀% ဆက်ရှိနေမယ်လို့ ပြောထားပါတယ်။

Photo- Internet

Zawgyi

တန္ဖိုးျမင့္ စာခ်ဳပ္သစ္နဲ႔ဂြာဒီယိုလာကို ကမ္းလွမ္းဖို႔ျပင္ဆင္ေနတဲ႔ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ ဒီရာသီကုန္ခ်ိန္မွာ နည္းျပတူခ်ယ္နဲ႔လမ္းခြဲဖို႔ စီစဥ္ေနၿပီး သူ႔ေနရာမွာမန္စီးတီးနည္းျပ ဂြာဒီယိုလာနဲ႔အစားထိုးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ အနည္းဆုံးဆီမီးဖိုင္နယ္အဆင့္မွ မေရာက္ရင္ တူခ်ယ္ကိုထုတ္ပယ္မယ္လို႔ ဆိုပါတယ္။

ဂြာဒီယိုလာဟာ မန္စီးတီးနဲ႔ ၂၀၂၁ အထိစာခ်ဳပ္သက္တမ္းရွိထားၿပီး သူ႔စာခ်ဳပ္ကိုေလးစားသြားမယ္လို႔ ဆိုထားတာေၾကာင့္ အနည္းဆုံးေတာ႔ ၂၀၂၁ အထိဆက္ရွိေနမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ဒါေပမယ္႔ ပီအက္စ္ဂ်ီဘက္က တန္ဖိုးျမင့္မားတဲ႔ စာခ်ဳပ္နဲ႔ကမ္းလွမ္းမွာျဖစ္လို႔ ဂြာဒီယိုလာကျငင္းပယ္ဖို႔ ခက္တယ္လို႔ဆိုေနၾကပါတယ္။

သတင္းေတြအရ ပီအက္စ္ဂ်ီဟာ ဂြာဒီယိုလာကိုတစ္ႏွစ္လစာေပါင္ ၂၅ သန္းအထိေပးၿပီးကမ္းလွမ္းမယ္လို႔ေဖာ္ျပၾကပါတယ္။ သူဟာမန္စီးတီးမွာတစ္ႏွစ္လစာေပါင္သန္း ၂၀ ရရွိေနၿပီး လက္ရွိမွာေဘာလုံးေလာရဲ႕လစာအမ်ားဆုံးရရွိသူလည္းျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္ရွိတဲ႔ ဂြာဒီယိုလာဟာမန္စီးတီးကို ၂၀၁၆ ကစတင္တာ၀န္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႔ကို ၂ ႏွစ္ဆက္တိုက္ရယူႏိုင္မႈအပါအ၀င္ ဆုဖလား ၇ လုံးရယူေပးထားသူျဖစ္ပါတယ္။ မန္စီးတီးဟာ ၂၀၁၇-၁၈ ေဘာလုံးရာသီမွာ ဗိုလ္စြဲတုန္းကဆိုရင္ အမွတ္ ၁၀၀ အထိရရွိခဲ့လို႔ ပရီးမီးယားလိဂ္သမုိင္းမွာ စံခ်ိန္တင္ရမွတ္လည္းျဖစ္ခဲ့ပါတယ္။

လက္ရွိပရီးမီးယားလိဂ္မွာ မန္စီးတီးဟာ ခ်န္ပီယံဘြဲ႔ကိုဆက္ထိန္းဖို႔ အလွမ္းေ၀းသြားတဲ႔အျပင္ ဂြာဒီယုိလာရဲ႕နည္းျပဘ၀မွာအဆုိုးဆုံးေသာရာသီထဲမွာလည္း တစ္ခုအပါအ၀င္ျဖစ္ခဲ့ပါတယ္။ သူဟာမၾကာေသးခင္က မန္စီးတီးကသူ႔ကိုမထုတ္ဖူးဆိုရင္ အသင္းမွာ ၁၀၀% ဆက္ရွိေနမယ္လို႔ ေျပာထားပါတယ္။