တစ်နှ်စ် ပေါင်သန်း ၈၀ တန်ကြေးရှိ Nike နဲ့ ဗြိတိန်စံချိန်တင်စပွန်ဆာစာချုပ်ကို လီဗာပူးကြေညာ

photo-talksport

photo-nike

လာမယ့်ရာသီက စတင်ကာ တစ်နှစ်ပေါင် သန်း ၈၀ တန်ကြေးရှိ ဝတ်စုံစပွန်ဆာစာချုပ်အတွက် Nike နဲ့ သဘောတူညီခဲ့ကြောင်း လီဗာပူးအသင်းက အတည်ပြုကြေညာလိုက်ပါတယ်။ နာမည်ကြီးအမေရိကန်အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Nike နဲ့ အခုဝတ်စုံစပွန်ဆာဟာ ဗြိတန်စံချိန်တင်လည်း ဖြစ်သွားပါတယ်။ လီဗာပူးနဲ့ Nike တို့ရဲ့စပွန်ဆာစာချုပ်ဟာ မန်ယူနဲ့ Adidas တို့ရဲ့စပွန်ဆာစာချုပ်ထက်လည်း တန်ဖိုးပိုကြီးမားသွားတာပါ။

photo-sportbible

အရင်က မန်ယူရဲ့ဝတ်စုံစပွန်ဆာစာချုပ်ဟာ ဗြိတန်စံချိန်တင်ဖြစ်ခဲ့ပြီး ဂျာမန်အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Adidas ထံကနေ တစ်နှစ်ပေါင် ၇၅ သန်းရရှိနေတာပါ။ အခုတော့ သူတို့ရဲ့ခါးသီးပြိုင်ဘက်လီဗာပူးက ကျေ်ာတက်သွားပြီး Nike ကနေ တစ်နှစ် ပေါင်သန်း ၈၀ ရမှာပါ။ ဥရောပဘောလုံးအသင်းတွေထဲမှာ လီဗာပူးထက် ဝတ်စုံစပွန်ဆာတနေ်ကြးပိုများတာဆိုလို့ စပိန်ထိပ်သီးတွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်တို့ပဲ ရှိကြပါတယ်။ ဘာစီလိုနာဟာ Nike ကနေ တစ်နှစ်ကို ပေါင်သန်း ၁၀၀ ရနေတာဖြစ်ပြီး ရီးရဲလ်ကတော့ Adidas ကနေ တစ်နှစ်ကို ပေါင် ၉၈ သန်းရနေတာပါ။

photo-gettyimages

လီဗာပူးရဲ့လက်ရှိဝတ်စုံစပွန်ဆာဟာ အမေရိကန်တံဆိပ်ပဲဖြစ်တဲ့ New Balance ဖြစ်ပြီး ၂၀၁၅ ကတည်းက စပွန်ဆာပေးထားတာပါ။ New Balance က ဆက်ပြီး စပွန်ဆာပေးလိုပေမယ့် လီဗာပူးကတော့ Nike နဲ့ ပူးပေါင်းဖို့သာ ဆုံးဖြတ်ခဲ့တာပါ။ လာမယ့်ဇွန်လ ၁ ရက်နေ့ကစပြီး Nike တံဆိပ်နဲ့လီဗာပူးအင်္ကျီတွေကို စတင်မြင်တွေ့ရတော့မှာပါ။

[Zawgyi]

တစ္ႏွ္စ္ ေပါင္သန္း ၈၀ တန္ေၾကးရွိ Nike နဲ႔႔ ၿဗိတိန္စံခ်ိန္တင္စပြန္ဆာစာခ်ဳပ္ကို လီဗာပူးေၾကညာ

လာမယ့္ရာသီက စတင္ကာ တစ္ႏွစ္ေပါင္ သန္း ၈၀ တန္ေၾကးရွိ ၀တ္စုံစပြန္ဆာစာခ်ဳပ္အတြက္ Nike နဲ႔ သေဘာတူညီခဲ့ေၾကာင္း လီဗာပူးအသင္းက အတည္ျပဳေၾကညာလိုက္ပါတယ္။ နာမည္ႀကီးအေမရိကန္အားကစားအသုံးအေဆာင္ပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Nike နဲ႔ အခု၀တ္စုံစပြန္ဆာဟာ ၿဗိတန္စံခ်ိန္တင္လည္း ျဖစ္သြားပါတယ္။ လီဗာပူးနဲ႔ Nike တုိ႔ရဲ႕စပြန္ဆာစာခ်ဳပ္ဟာ မန္ယူနဲ႔ Adidas တို႔ရဲ႕စပြန္ဆာစာခ်ဳပ္ထက္လည္း တန္ဖိုးပိုႀကီးမားသြားတာပါ။

အရင္က မန္ယူရဲ႕၀တ္စုံစပြန္ဆာစာခ်ဳပ္ဟာ ၿဗိတန္စံခ်ိန္တင္ျဖစ္ခဲ့ၿပီး ဂ်ာမန္အားကစားအသုံးအေဆာင္ပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Adidas ထံကေန တစ္ႏွစ္ေပါင္ ၇၅ သန္းရရွိေနတာပါ။ အခုေတာ့ သူတုိ႔ရဲ႕ခါးသီးၿပိဳင္ဘက္လီဗာပူးက ေက်္ာတက္သြားၿပီး Nike ကေန တစ္ႏွစ္ ေပါင္သန္း ၈၀ ရမွာပါ။ ဥေရာပေဘာလုံးအသင္းေတြထဲမွာ လီဗာပူးထက္ ၀တ္စုံစပြန္ဆာတနေ္ၾကးပိုမ်ားတာဆုိလုိ႔ စပိန္ထိပ္သီးေတြျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔ပဲ ရွိၾကပါတယ္။ ဘာစီလုိနာဟာ Nike ကေန တစ္ႏွစ္ကို ေပါင္သန္း ၁၀၀ ရေနတာျဖစ္ၿပီး ရီးရဲလ္ကေတာ့ Adidas ကေန တစ္ႏွစ္ကို ေပါင္ ၉၈ သန္းရေနတာပါ။

လီဗာပူးရဲ႕လက္ရွိ၀တ္စုံစပြန္ဆာဟာ အေမရိကန္တံဆိပ္ပဲျဖစ္တဲ့ New Balance ျဖစ္ၿပီး ၂၀၁၅ ကတည္းက စပြန္ဆာေပးထားတာပါ။ New Balance က ဆက္ၿပီး စပြန္ဆာေပးလိုေပမယ့္ လီဗာပူးကေတာ့ Nike နဲ႔ ပူးေပါင္းဖို႔သာ ဆုံးျဖတ္ခဲ့တာပါ။ လာမယ့္ဇြန္လ ၁ ရက္ေန႔ကစၿပီး Nike တံဆိပ္နဲ႔လီဗာပူးအက်ၤီေတြကို စတင္ျမင္ေတြ႕ရေတာ့မွာပါ။