ဆန်ချိုကို ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီဖြစ်တဲ့ မိုဗစ်ချ်

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဘုတ်အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကို ထောက်ခံထားကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အသက် ၁၉နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူဖို့ ပြီးခဲ့တဲ့လကတည်းက ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit

စီးတီးကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူနိုင်ရေးက လာမယ့်နွေရာသီကျမှ ပိုမိုဖြစ်နိုင်ပေမယ့် ချဲလ်ဆီးအသင်းကတော့ ဒီလထဲမှာလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒေါ့မွန်ကလည်း သူတို့ရဲ့ကြယ်ပွင့်ကို ဆုံးရှုံးရဖို့ ပိုမိုနီးစပ်လာလို့ သူ့နေရာမှာ အစားထိုးမယ့်အစီအစဉ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

Photo Credit

ဆန်ချိုကို ခေါ်ယူဖို့ ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ကပါ အပြိုင်စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဆက်လက်ရေပန်းစားနေပြီး အခုလည်း အသင်းပိုင်ရှင်ဖြစ်သူကပါ ထောက်ခံခဲ့ပြီဖြစ်လို့ ချဲလ်ဆီးအသင်းလည်း ဆန်ချိုကို ခေါ်ယူဖို့ အင်ပြည့်အားပြည့်ကြိုးစားလာတော့မှာဖြစ်ပါတယ်။

Photo Credit

အပြောင်းအရွှေ့ဈေးကွက်ဆိုင်ရာ ဆွေးနွေးသုံးသပ်မှုမှာ ဒန်ကန်ကက်စတယ်က အေဘရာမိုဗစ်ချ်ရော ဒါရိုက်တာ ဂရန်နော့ဗ်စကိုင်ရာပါ ဆန်ချိုကို ခေါ်ယူဖို့ အလွန်စိတ်အားထက်သန်နေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဆန်ချိုကိုသာ ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် အကျိုးရှိနိုင်တဲ့အပြင် ပြည်တွင်းပြိုင်ဘက်တွေကိုလည်း ကျော်ဖြတ်ရာလည်း ရောက်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

Photo Credit

ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ဒေါ့မွန်ကို ရောက်လာပြီးချိန်ကတည်းက ကမ္ဘာ့အတာက်ပဆုံးလူငယ်ကစားသမားတစ်ဦးဖြစ်လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၇၉ ပွဲမှာ ၂၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၆ကြိမ်ပြုလုပ်ပေးထားပါတယ်။

Photo Credit

နည်းပြလမ်းပတ်ကလည်း ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကို ရောက်သွားတဲ့ ဟာဇက်ရဲ့နေရာမှာ ဆန်ချိုနဲ့ အစားထိုးဖြည့်ဆည်းလိုတဲ့သူ့ရဲ့ဆန္ဒကို ကွယ်ဝှက်မထားဘဲ ဆန်ချိုကို ခေါ်ယူမယ်ဆိုရင် မိုဗစ်ချ်လည်း စိတ်ကြိုက်ရန်ပုံငွေ ထုတ်ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

Zawgyi

ဆန္ခ်ိဳကို ေပါင္သန္း ၁၂၀ နဲ႔ ေခၚယူဖို႔ မီးစိမ္းျပလုိက္ၿပီျဖစ္တဲ့ မုိဗစ္ခ်္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမုိဗစ္ခ်္ဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္းဘုတ္အဖြဲ႕ရဲ႕လုပ္ေဆာင္မႈေတြကို ေထာက္ခံထားေၾကာင္း သိရပါတယ္။ ခ်ဲလ္ဆီးဟာ အသက္ ၁၉ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳကို ေပါင္သန္း ၁၂၀ နဲ႔ ေခၚယူဖုိ႔ ၿပီးခဲ့တဲ့လကတည္းက ႀကိဳးစားေနတာျဖစ္ပါတယ္။
စီးတီးကစားသမားေဟာင္း ဆန္ခ်ိဳကို ေခၚယူႏိုင္ေရးက လာမယ့္ေႏြရာသီက်မွ ပိုမုိျဖစ္ႏိုင္ေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ ဒီလထဲမွာလည္း ေခၚယူႏုိင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ ေဒါ့မြန္ကလည္း သူတို႔ရဲ႕ၾကယ္ပြင့္ကို ဆုံး႐ံႈးရဖုိ႔ ပိုမိုနီးစပ္လာလုိ႔ သူ႕ေနရာမွာ အစားထုိးမယ့္အစီအစဥ္ကို စတင္အေကာင္အထည္ေဖာ္ေနၿပီျဖစ္ပါတယ္။
ဆန္ခ်ိဳကို ေခၚယူဖို႔ ျပည္တြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ ယူႏုိက္တက္နဲ႔ လီဗာပူးတုိ႔ကပါ အၿပိဳင္စိတ္၀င္စားေနေပမယ့္ ခ်ဲလ္ဆီးက ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေန ဆက္လက္ေရပန္းစားေနၿပီး အခုလည္း အသင္းပိုင္ရွင္ျဖစ္သူကပါ ေထာက္ခံခဲ့ၿပီျဖစ္လုိ႔ ခ်ဲလ္ဆီးအသင္းလည္း ဆန္ခ်ိဳကို ေခၚယူဖုိ႔ အင္ျပည့္အားျပည့္ႀကိဳးစားလာေတာ့မွာျဖစ္ပါတယ္။
အေျပာင္းအေရႊ႕ေစ်းကြက္ဆုိင္ရာ ေဆြးေႏြးသုံးသပ္မႈမွာ ဒန္ကန္ကက္စတယ္က ေအဘရာမုိဗစ္ခ်္ေရာ ဒါ႐ိုက္တာ ဂရန္ေနာ့ဗ္စကိုင္ရာပါ ဆန္ခ်ိဳကို ေခၚယူဖုိ႔ အလြန္စိတ္အားထက္သန္ေနတယ္လုိ႔ ေဆြးေႏြးခဲ့ပါတယ္။ ဆန္ခ်ိဳကိုသာ ေခၚယူႏိုင္ခဲ့ရင္ အသင္းအတြက္ အက်ိဳးရွိႏိုင္တဲ့အျပင္ ျပည္တြင္းၿပိဳင္ဘက္ေတြကိုလည္း ေက်ာ္ျဖတ္ရာလည္း ေရာက္လိမ့္မယ္လုိ႔ ယူဆေနၾကပါတယ္။
ဆန္ခ်ိဳဟာ ၂၀၁၇ ခုႏွစ္က မန္စီးတီးကေန ေဒါ့မြန္ကို ေရာက္လာၿပီးခ်ိန္ကတည္းက ကမၻာ့အတာက္ပဆုံးလူငယ္ကစားသမားတစ္ဦးျဖစ္လာၿပီး အသင္းအတြက္ ၿပိဳင္ပဲြစုံ ၇၉ ပြဲမွာ ၂၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၃၆ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
နည္းျပလမ္းပတ္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္ကို ေရာက္သြားတဲ့ ဟာဇက္ရဲ႕ေနရာမွာ ဆန္ခ်ိဳနဲ႔ အစားထိုးျဖည့္ဆည္းလုိတဲ့သူ႕ရဲ႕ဆႏၵကို ကြယ္၀ွက္မထားဘဲ ဆန္ခ်ိဳကို ေခၚယူမယ္ဆုိရင္ မုိဗစ္ခ်္လည္း စိတ္ႀကိဳက္ရန္ပုံေငြ ထုတ္ေပးလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။