စပိန်စူပါဖလားဆီမီးက တီကိုအရှုံးအတွက် ဒေါသထွက်နေတဲ့ မက်ဆီ

photo-gettyimages

photo-gettyimages

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ စပိန်စူပါဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့အတွက်ကြောင့် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီတစ်ယောက် ဒေါသထွက်နေပါတယ်။ အဲဒီပွဲမှာ ဘာစီလိုနာဟာ ၂-၁ နဲ့ ဦးဆောင်နိုင်နေရာကနေ ပွဲချိန်နှောင်းပိုင်းမှာ ၂ ဂိုးဆက်တိုက်ပြန်ပေးလိုက်ရတာကြောင့် နောက်ဆုံး ၂-၃ နဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် နည်းပြဗယ်ဗာဒီအပေါ် ဖိအားတွေရှိလာခဲ့ပြီး သူ့ရဲ့အသင်းဟာ အခုရာသီမှာ ရလဒ်ပိုင်းအရ မတည်ငြိမ်ခဲ့ပါဘူး။

photo-gettyimages

“ရှက်စရာပါပဲ။ ကျွန်တော်တို့ဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့တာပါ။ ပွဲကို ထိန်းချုပ်နိုင်တယ်၊ စိုးမိုးနိုင်တယ်၊ အချိန်တိုင်းလည်း တိုက်စစ်ဆင်နိုင်ခဲ့တာကြောင့် တော်တော်အဆင်ပြေပြီ ထင်ခဲ့တာပါ။ သူတို့ပြန်မလာနိုင်တော့လုနီးပါးအချိန်ရောက်မှ ကျွန်တော်တို့ဟာ အမှားတွေကျူးလွန်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၁၀ မိနစ်တောင် မလိုတော့တဲ့အချိန်မှာ ကျွန်တော်တို့အဆုံးသတ်နိုင်သင့်တဲ့ပွဲတစ်ပွဲကို သူတို့က ပြောင်းလဲနိုင်ခဲ့တာပါ။ အက်စ်ပန်ညိုနဲ့ပွဲတုန်းကနဲ့ မတူတဲ့ အသင်းတစ်သင်းကို ကျွန်တော်တို့ပြနိုင်ခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲကစားခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းလောက်အောင် ကျွန်တော်တို့ အောင်ပွဲမရခဲ့ပါဘူး။ ဒီလိုကလေးဆန်တဲ့အမှားတွေကို ကျွန်တော်တို့ ထပ်မလုပ်ချင်တော့ပါဘူး”လို့ ပွဲအပြီးမှာ မက်ဆီက ပြောသွားခဲ့တာပါ။

photo-gettyimages

ဘာစီလိုနာဟာ အက်စ်ပန်ညိုနဲ့ နောက်ဆုံးလာလီဂါပွဲတုန်းကလည်း နောက်ကျဂိုးပေးခဲ့ရလို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခုလည်း နောက်ကျဂိုးတွေနဲ့ပဲ သူတို့ဟာ ဆီမီးကနေ လှည့်ပြန်ခဲ့ရတာပါ။ ဒီပွဲမှာ မက်ဆီဂိုးသွင်းခဲ့သလို ဂရစ်ဇ်မန်းလည်း အသင်းဟောင်းဘက်ကို ဂိုးသွင်းခဲ့ပေမယ့် အဲဒါဟာ မလုံလောက်ခဲ့ပါဘူး။

[Zawgyi]

စပိန္စူပါဖလားဆီမီးက တီကိုအရႈံးအတြက္ ေဒါသထြက္ေနတ့ဲ မက္ဆီ

ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ က်င္းပေနတဲ့ စပိန္စူပါဖလားၿပိဳင္ပြဲရဲ႕ဆီမီးဖိုင္နယ္မွာ အက္သလက္တီကိုကို ရႈံးနိမ့္ခဲ့တဲ့အတြက္ေၾကာင့္ ဘာစီလိုနာတုိက္စစ္မႈးမက္ဆီတစ္ေယာက္ ေဒါသထြက္ေနပါတယ္။ အဲဒီပြဲမွာ ဘာစီလုိနာဟာ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ေနရာကေန ပဲြခ်ိန္ေႏွာင္းပိုင္းမွာ ၂ ဂိုးဆက္တိုက္ျပန္ေပးလိုက္ရတာေၾကာင့္ ေနာက္ဆုံး ၂-၃ နဲ႔ ရႈံးနိမ့္ၿပီး ဗိုလ္လုပြဲနဲ႔ လြဲခဲ့ရပါတယ္။ ဒီရႈံးပြဲေၾကာင့္ နည္းျပဗယ္ဗာဒီအေပၚ ဖိအားေတြရွိလာခဲ့ၿပီး သူ႔ရဲ႕အသင္းဟာ အခုရာသီမွာ ရလဒ္ပိုင္းအရ မတည္ၿငိမ္ခဲ့ပါဘူး။

“ရွက္စရာပါပဲ။ ကၽြန္ေတာ္တုိ႔ဟာ ပြဲေကာင္းတစ္ပြဲကို ကစားခဲ့တာပါ။ ပြဲကို ထိန္းခ်ဳပ္ႏိုင္တယ္၊ စိုးမိုးႏိုင္တယ္၊ အခ်ိန္တိုင္းလည္း တုိက္စစ္ဆင္ႏိုင္ခဲ့တာေၾကာင့္ ေတာ္ေတာ္အဆင္ေျပၿပီ ထင္ခ့ဲတာပါ။ သူတို႔ျပန္မလာႏိုင္ေတာ့လုနီးပါးအခ်ိန္ေရာက္မွ ကၽြန္ေတာ္တို႔ဟာ အမွားေတြက်ဴးလြန္ခဲ့ပါတယ္။ ပြဲၿပီးဖို႔ ၁၀ မိနစ္ေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ ကၽြန္ေတာ္တုိ႔အဆုံးသတ္ႏိုင္သင့္တဲ့ပြဲတစ္ပြဲကို သူတုိ႔က ေျပာင္းလဲႏိုင္ခဲ့တာပါ။ အက္စ္္ပန္ညိဳနဲ႔ပြဲတုန္းကနဲ႔ မတူတဲ့ အသင္းတစ္သင္းကုိ ကၽြန္ေတာ္တုိ႔ျပႏိုင္ခဲ့ပါတယ္။ ပြဲေကာင္းတစ္ပြဲကစားခဲ့ေပမယ့္ ၀မ္းနည္းစရာေကာင္းေလာက္ေအာင္ ကၽြန္ေတာ္တုိ႔ ေအာင္ပြဲမရခဲ့ပါဘူး။ ဒီလိုကေလးဆန္တဲ့အမွားေတြကို ကၽြန္ေတာ္တုိ႔ ထပ္မလုပ္ခ်င္ေတာ့ပါဘူး”လုိ႔ ပြဲအၿပီးမွာ မက္ဆီက ေျပာသြားခဲ့တာပါ။

ဘာစီလိုနာဟာ အက္စ္ပန္ညိဳနဲ႔ ေနာက္ဆုံးလာလီဂါပြဲတုန္းကလည္း ေနာက္က်ဂိုးေပးခဲ့ရလို႔ သေရနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ အခုလည္း ေနာက္က်ဂိုးေတြနဲ႔ပဲ သူတို႔ဟာ ဆီမီးကေန လွည့္ျပန္ခဲ့ရတာပါ။ ဒီပြဲမွာ မက္ဆီဂိုးသြင္းခဲ့သလို ဂရစ္ဇ္မန္းလည္း အသင္းေဟာင္းဘက္ကိုိ ဂိုးသြင္းခဲ့ေပမယ့္ အဲဒါဟာ မလုံေလာက္ခဲ့ပါဘူး။