ခံစစ်ပိတ်ကစားတယ်ဆိုတဲ့ ကလော့ပ်ရဲ့ဝေဖန်စွပ်စွဲမှုကို ဆိုးလ်ရှားတုံ့ပြန်

0
370
Photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ရဲ့ဝေဖန်စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သက်ပြီးမန်ယူနည်းပြဆိုးလ်ရှားကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။လီဗာပူးနည်းပြကလော့ပ်က မန်ယူအသင်းဟာ သူတို့နဲ့ရင်ဆိုင်ကစားတဲ့ပွဲတွေမှာ ခံစစ်အားပြည့်ကစားလေ့ရှိတယ်လို့ဆိုပြီး ပထမအကျော့က တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အဲဒီလိုဝေဖန်စွပ်စွဲမှုနဲ့ပတ်သက်ပြီးမန်ယူနည်းပြဆိုးလ်ရှားက “ ဒီစကားကို ကျတော်ကတော့ ချီးကျူးမှုတစ်ခုလို့ပဲမှတ်ယူပါတယ်။ သူတို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ကျတော်တို့ဘက်က ခံစစ်အစွမ်းကို ပြသနိုင်ခဲ့တယ်။ သူတို့ဘက်က အခွင့်အရေးကိုရမသွားခဲ့ဘူး။ ဒါကိုပြိုင်ဘက်နည်းပြကစိတ်ပျက်တယ် ဆိုတာ ကျတော့်ကစားသမားတွေအကောင်းဆုံးလုပ်နိုင်ခဲ့ကြလို့ပါ။ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့နဲ့ရင်ဆိုင် ကစားခဲ့တဲ့နှစ်ပွဲစလုံးကို ကျတော်တို့ဘက်က အနိုင်ရဖို့နီးစပ်ခဲ့ပါတယ်။ အဲဒီအနေအထားကြောင့်ပဲ ကျတော်တို့အသင်း ယုံကြည်မှုတိုးလာရတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးဆိုးလ်ရှားက လီဗာပူးနဲ့ရင်ဆိုင်ကစားမယ့်ပွဲမှာ ၀ုဗ်နဲ့ပွဲတုန်းက ဒဏ်ရာရသွားခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အတတ်နိုင်ဆုံးအသုံးပြုချင်တယ်လို့လည်းဆိုပါတယ်။ဒါပေမယ့်သတင်းတွေ အရတော့ ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာဘူးဖြစ်နေပါတယ်။

တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် လူငယ်အင်အားအပြည့်နဲ့ စိန်ခေါ်သွားမယ်လို့လည်း ဆိုးလ်ရှားကပြောသွားခဲ့ပါသေးတယ်။ “ကျတော်အနေနဲ့က လုံခြုံစိတ်ချမှုမရှိတဲ့အနေအထားပါ။ ဒါကြောင့် အန်ဖီးလ်မှာ သူတို့က ဘောင်ထဲကနေ ကျတော့်ကိုခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ သူတို့ဘက်က ဘယ်လိုပဲတုံ့ပြန်၊ တုံ့ပြန် ကျတော်ကတော့ ဂရုစိုက်နေမှာမဟုတ်ပါဘူး”လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

Photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ခံစစ္ပိတ္ကစားတယ္ဆိုတဲ့ ကေလာ့ပ္ရဲ႕ေဝဖန္စြပ္စြဲမႈကို ဆိုးလ္ရွားတုံ႔ျပန္
////////////////////////////////////////////
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ေဝဖန္စြပ္စြဲေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီးမန္ယူနည္းျပဆိုးလ္ရွားကတုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။လီဗာပူးနည္းျပကေလာ့ပ္က မန္ယူအသင္းဟာ သူတို႔နဲ႔ရင္ဆိုင္ကစားတဲ့ပြဲေတြမွာ ခံစစ္အားျပည့္ကစားေလ့ရွိတယ္လို႔ဆိုၿပီး ပထမအေက်ာ့က တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲကို ရည္ၫႊန္းေျပာဆိုခဲ့ပါတယ္။

အဲဒီလိုေဝဖန္စြပ္စြဲမႈနဲ႔ပတ္သက္ၿပီးမန္ယူနည္းျပဆိုးလ္ရွားက “ ဒီစကားကို က်ေတာ္ကေတာ့ ခ်ီးက်ဴးမႈတစ္ခုလို႔ပဲမွတ္ယူပါတယ္။ သူတို႔နဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲမွာ က်ေတာ္တို႔ဘက္က ခံစစ္အစြမ္းကို ျပသႏိုင္ခဲ့တယ္။ သူတို႔ဘက္က အခြင့္အေရးကိုရမသြားခဲ့ဘူး။ ဒါကိုၿပိဳင္ဘက္နည္းျပကစိတ္ပ်က္တယ္ ဆိုတာ က်ေတာ့္ကစားသမားေတြအေကာင္းဆုံးလုပ္ႏိုင္ခဲ့ၾကလို႔ပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ သူတို႔နဲ႔ရင္ဆိုင္ ကစားခဲ့တဲ့ႏွစ္ပြဲစလုံးကို က်ေတာ္တို႔ဘက္က အႏိုင္ရဖို႔နီးစပ္ခဲ့ပါတယ္။ အဲဒီအေနအထားေၾကာင့္ပဲ က်ေတာ္တို႔အသင္း ယုံၾကည္မႈတိုးလာရတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီးဆိုးလ္ရွားက လီဗာပူးနဲ႔ရင္ဆိုင္ကစားမယ့္ပြဲမွာ ၀ုဗ္နဲ႔ပြဲတုန္းက ဒဏ္ရာရသြားခဲ့တဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို အတတ္ႏိုင္ဆုံးအသုံးျပဳခ်င္တယ္လို႔လည္းဆိုပါတယ္။ဒါေပမယ့္သတင္းေတြ အရေတာ့ ရက္ရွ္ဖို႔ဒ္ဟာ လီဗာပူးနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာဘူးျဖစ္ေနပါတယ္။

တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔ရင္ဆိုင္ရမယ့္ပြဲအတြက္ လူငယ္အင္အားအျပည့္နဲ႔ စိန္ေခၚသြားမယ္လို႔လည္း ဆိုးလ္ရွားကေျပာသြားခဲ့ပါေသးတယ္။ “က်ေတာ္အေနနဲ႔က လုံၿခဳံစိတ္ခ်မႈမရွိတဲ့အေနအထားပါ။ ဒါေၾကာင့္ အန္ဖီးလ္မွာ သူတို႔က ေဘာင္ထဲကေန က်ေတာ့္ကိုၿခိမ္းေျခာက္မႈေတြ ျပဳလုပ္လာႏိုင္ပါတယ္။ သူတို႔ဘက္က ဘယ္လိုပဲတုံ႔ျပန္၊ တုံ႔ျပန္ က်ေတာ္ကေတာ့ ဂ႐ုစိုက္ေနမွာမဟုတ္ပါဘူး”လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။