ကျော်ဖြတ်ရခက်တဲ့နောက်တန်းကစားသမားကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကတော့ ကျော်ဖြတ်ရခက်တဲ့နောက်တန်းကစားသမားတစ်ဦးကို အံ့အားသင့်ဖွယ် ရွေးချယ်လိုက်ပြီး အဆိုပါကစားသမား ဂီရိုနာနောက်တန်းကစားသမား ပါဘလို မာဖီအို ဖြစ်နေပါတယ်။ အသက် ၃၂ နှစ်သားဟာ လာလီဂါမှာ သူကျော်ဖြတ်လို့မရတဲ့နောက်တန်းကစားသမားက ခပ်ရှားရှား ဖြစ်ကာ လက်ရှိအချိန်မှာတော့ အံ့အားသင့် သူကျော်ဖြတ်ရခက်တဲ့ နောက်တန်းကစားသမားကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။


“ကြမ်းတမ်းတဲ့ ပွဲတွေလည်း ရှိပါတယ်။ ပွဲကတော့ တစ်ခါနဲ့ တစ်ခါ မတူညီပါဘူး။ ကျွန်တော့်ကို အမြဲကပ်တဲ့ ကစားသမားတစ်ဦးရှိပါတယ်”လို့ သူက ဆိုပါတယ်။ မက်ဆီဟာ အရင်ကဆို ရီးရဲလ်နောက်ခံလူ ရာမို့စ် ၊ ကတ်စမဲရိုးတို့က ဘာစီလိုနာအသင်းခေါင်းဆောင်အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မက်ဆီက စပိန်ညာနောက်ခံလူ မာဖီအိုက အခက်ခဲဆုံးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။


သတင်းထောက်တွေက ကျော်ဖြတ်ခက်တဲ့ နောက်တန်းကစားသမားအကြောင်း မက်ဆီကို မေးမြန်းရာမှာတော့ “ကျွန်တော်သေချာတော့ မမှတ်မိပါဘူး။ ဂီရိုနာ မာဖီအိုက ကျော်ဖြတ်ရတော်တော်ခက်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် မာဖီအိုဟာ ဂီရိုနာအသင်းမှာ တတိယအကြိမ် အငှားနဲ့ ဖြတ်သန်းနေတာ ဖြစ်ပြီး စတုဂတ်အသင်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဟာ မကြာသေးခင်က နည်းပြ ဗယ်လ်ဗာဒီကို ထုတ်ပယ်ပြီး ဆက်တီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၂၀ ရာသီကို ဆိုးဝါးတဲ့အစနဲ့ ဖြတ်သန်းခဲ့ရပြီး အက်သလက်တီကို ကိုစပိန်စူပါဖလားမှာ အရေးမနိမ့်ခင် အက်စ်ပန်ညိုအသင်းကို လိဂ်ပွဲစဉ်မှာ သရေကျခဲ့တာ ဖြစ်ပါတယ်။
နည်းပြသစ် ဆက်တီယန်ဟာ လာမယ့်တနင်္ဂနွေနေ့ ဂရန်နာဒါအသင်းနဲ့ ပွဲစဉ်မှာ ဘာစီလိုနာကို စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ဘာစီလိုအသင်းဟာ ဂိုးကွာခြားချက်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။