ကော်တင်ဟို၊အိုရီဂီ…….ဗယ်ဗာဒီထုတ်ပယ်ခံရမှုမှာ လီဗာပူးက ဘယ်လိုအကြောင်းခံဖြစ်ခဲ့သလဲ

photo-goal

photo-gettyimages

ဘာစီလိုနာဟာ အင်္ဂါနံနက်အစောပိုင်းမှာပဲ နည်းပြဗယ်ဗာဒီကိုထုတ်ပယ်ပြီး ဘက်တစ်နည်းပြဟောင်းဆီတီယန်နဲ့ အစားထိုးလိုက်ပါတယ်။ လာလီဂါမှာ ၂ နှစ်ဆက်ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဗယ်ဗာဒီဟာ ထုတ်ပယ်ခံရမှုနဲ့ ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဗယ်ဗာဒီထုတ်ပယ်ခံရမှုမှာ လီဗာပူးဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာကလည်း သံသယရှိစရာမလိုပါဘူး။

photo-gettyimages

လွန်ခဲ့တဲ့ ၂ ရာသီအတွင်းမှာ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ကံကြမ္မာဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်ပြီးတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၇ နွေရာသီမှာ အင်းနရစ်နေရာအစားဝင်ပြီး  ဘာစီလိုနာနည်းပြဖြစ်လာတော့ ဗယ်ဗာဒီရဲ့ချက်ချျင်းလက်ငင်းအပြောင်းအရွှေ့ပစ်မှတ်က ကော်တင်ဟိုဖြစ်ခဲ့တာပါ။ လီဗာပူးဟာ ကော်တင်ဟိုကို နောက်ထပ်လအနည်းငယ်ထပ်ထိန်းခဲ့သေးပေမယ့် နောက်ဆုံးတော့ အဲဒီဘရာဇီးသားဟာ ပြောင်းရွှေ့ကြေးပေါင် ၁၄၂ သန်းနဲ့ ၂၀၁၈ ဇန်နဝါရီမှာ နူးကမ့်ကို ရောက်သွားပါတော့တယ်။

photo-gettyimages

ဒီအပြောင်းအရွှေ့မှာ  ဘယ်သူက ပိုတွက်ခြေကိုက်သွားသလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ လီဗာပူးဟာ ကော်တင်ဟိုကိုရောင်းလို့ရတဲ့ငွေနဲ့ ဗန်ဒစ်ဂျ်ဆီမှာ ပြန်လည်ရင်းနှီးမြှပ်နှံခဲ့ပြီး ချန်ပီယံလိဂ်မှာ ၂ နှစ်ဆက်ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။ ကော်တင်ဟိုကတော့ မအောင်မြင်တဲ့ဘာစီလိုနာကစားသမားဘဝကြောင့် အခု ဘိုင်ယန်မှာ အငှားသွားကစားနေရတာပါ။ ပြီးတော့ ကျော်ကြားသွားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်လာပါတယ်။ အဲဒီမတိုင်ခင် တစ်နှစ်ကတည်းက  ဘာစီလိုနာဟာ ရိုးမားဖြစ်ရပ်ဆိုးနဲ့ကြုံတွေ့ထားရတာဖြစ်ပြီး လီဗာပူးနဲ့ ဆီမီးတွေ့တော့လည်း အဲဒီအတိုင်းပဲ ထပ်ဖြစ်ခဲ့ပါတယ်။ အန်ဖီးလ်က ဒုတိယအကျော့နောက်ပိုင်းကတည်းက ဗယ်ဗာဒီဟာ ပြန်လည်နာလန်မထူတော့ပါဘူး။ အန်ဖီးလ်မှာ ဘာစီလိုနာဘက်ကို ဂိုးသွင်းခဲ့သူတွေထဲ တိုက်စစ်မှုးအိုရီဂီလည်း ပါဝင်ပါတယ်။ အိုရီဂီဟာ ၂၀၁၉ အတွင်း တစ်ပွဲတည်း ၂  ဂိုးသွင်းယူမှု ၃ ကြိမ်တိုင်ရှိခဲ့ပြီး ဘာစီလိုနာ၊ အာဆင်နယ်နဲ့ အဲဗာတန်တို့ကို သွင်းယူခဲ့တာပါ။ ဖြစ်ချင်တော့ အဲဒီ ၃ သင်းစလုံးက နည်းပြတွေဖြစ်ကြတဲ့ ဗယ်ဗာဒီ၊အမ်မရီနဲ့ မာကိုဆေးလ်ဗားတို့အားလုံး ဒီရာသီမှာ ထုတ်ပယ်ခံလိုက်ကြရပါတယ်။ အိုရီဂီကျိန်စာသင့်မှုလို့ပဲ ပြောရမှာပေါ့။

[Zawgyi]

ေကာ္တင္ဟို၊အိုရီဂီ…….ဗယ္ဗာဒီထုတ္ပယ္ခံရမႈမွာ လီဗာပူးက ဘယ္လိုအေၾကာင္းခံျဖစ္ခဲ့သလဲ

ဘာစီလုိနာဟာ အဂၤါနံနက္အေစာပိုင္းမွာပဲ နည္းျပဗယ္ဗာဒီကိုထုတ္ပယ္ၿပီး ဘက္တစ္နည္းျပေဟာင္းဆီတီယန္နဲ႔ အစားထုိးလိုက္ပါတယ္။ လာလီဂါမွာ ၂ ႏွစ္ဆက္ဗုိလ္စြဲေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း ဗယ္ဗာဒီဟာ ထုတ္ပယ္ခံရမႈနဲ႔ ေရွာင္လႊဲႏုိင္ျခင္း မရွိခဲ့ပါဘူး။ ဒါ့အျပင္ ဗယ္ဗာဒီထုတ္ပယ္ခံရမႈမွာ လီဗာပူးဟာ အေရးပါတဲ့အခန္းက႑က ပါ၀င္ခဲ့တယ္ဆုိတာကလည္း သံသယရွိစရာမလိုပါဘူး။

လြန္ခဲ့တဲ့ ၂ ရာသီအတြင္းမွာ လီဗာပူးနဲ႔ ဘာစီလိုနာတို႔ရဲ႕ကံၾကမၼာဟာ တုိက္ရိုက္ျဖစ္ေစ သြယ္၀ုိက္ၿပီးျဖစ္ေစ ဆက္စပ္ၿပီးေတာ့ ဆန္႔က်င္ဘက္ျဖစ္ခဲ့ၾကပါတယ္။ ၂၀၁၇ ေႏြရာသီမွာ အင္းနရစ္ေနရာအစား၀င္ၿပီး  ဘာစီလိုနာနည္းျပျဖစ္လာေတာ့ ဗယ္ဗာဒီရဲ႕ခ်က္ခ််င္းလက္ငင္းအေျပာင္းအေရႊ႕ပစ္မွတ္က ေကာ္တင္ဟိုျဖစ္ခဲ့တာပါ။ လီဗာပူးဟာ ေကာ္တင္ဟိုကို ေနာက္ထပ္လအနည္းငယ္ထပ္ထိန္းခဲ့ေသးေပမယ့္ ေနာက္ဆုံးေတာ့ အဲဒီဘရာဇီးသားဟာ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၄၂ သန္းနဲ႔ ၂၀၁၈ ဇန္န၀ါရီမွာ ႏူးကမ့္ကို ေရာက္သြားပါေတာ့တယ္။

ဒီအေျပာင္းအေရႊ႕မွာ  ဘယ္သူက ပိုတြက္ေျခကိုက္သြားသလဲဆုိတာ အားလုံးသိတဲ့အတိုင္းပါပဲ။ လီဗာပူးဟာ ေကာ္တင္ဟိုကိုေရာင္းလုိ႔ရတဲ့ေငြနဲ႔ ဗန္ဒစ္ဂ်္ဆီမွာ ျပန္လည္ရင္းႏွီးျမွပ္ႏွံခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၂ ႏွစ္ဆက္ဗုိလ္လုပြဲတက္ႏိုင္ခဲ့ပါတယ္။ ေကာ္တင္ဟိုကေတာ့ မေအာင္ျမင္တဲ့ဘာစီလိုနာကစားသမားဘ၀ေၾကာင့္ အခု ဘိုင္ယန္မွာ အငွားသြားကစားေနရတာပါ။ ၿပီးေတာ့ ေက်ာ္ၾကားသြားခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ေရာက္လာပါတယ္။ အဲဒီမတိုင္ခင္ တစ္ႏွစ္ကတည္းက  ဘာစီလိုနာဟာ ရိုးမားျဖစ္ရပ္ဆုိးနဲ႔ႀကဳံေတြ႕ထားရတာျဖစ္ၿပီး လီဗာပူးနဲ႔ ဆီမီးေတြ႕ေတာ့လည္း အဲဒီအတိုင္းပဲ ထပ္ျဖစ္ခဲ့ပါတယ္။ အန္ဖီးလ္က ဒုတိယအေက်ာ့ေနာက္ပိုင္းကတည္းက ဗယ္ဗာဒီဟာ ျပန္လည္နာလန္မထူေတာ့ပါဘူး။ အန္ဖီးလ္မွာ ဘာစီလုိနာဘက္ကို ဂိုးသြင္းခဲ့သူေတြထဲ တိုက္စစ္မႈးအိုရီဂီလည္း ပါ၀င္ပါတယ္။ အုိရီဂီဟာ ၂၀၁၉ အတြင္း တစ္ပြဲတည္း ၂  ဂိုးသြင္းယူမႈ ၃ ႀကိမ္တိုင္ရွိခဲ့ၿပီး ဘာစီလိုနာ၊ အာဆင္နယ္နဲ႔ အဲဗာတန္တို႔ကို သြင္းယူခဲ့တာပါ။ ျဖစ္ခ်င္ေတာ့ အဲဒီ ၃ သင္းစလုံးက နည္းျပေတြျဖစ္ၾကတဲ့ ဗယ္ဗာဒီ၊အမ္မရီနဲ႔ မာကိုေဆးလ္ဗားတို႔အားလုံး ဒီရာသီမွာ ထုတ္ပယ္ခံလိုက္ၾကရပါတယ္။ အုိရီဂီက်ိန္စာသင့္မႈလုိ႔ပဲ ေျပာရမွာေပါ့။