ကလော့ပ်က ဂွါဒီယိုလာကိုကျော်တက်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြလို့ဆိုလိုက်တဲ့ အက်ဒရီယန်

photo-gettyimages

photo-gettyimages

လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် တစ်နိုင်ငံတည်းသားဂွါဒီယိုလာဟာ ဂျာဂင်ကလော့ပ်ရဲ့ကျော်တက်ခြင်းကို ခံလိုက်ရပြီလို့ လီဗာပူးအသင်းရဲ့စပိန်သားဂိုးသမားအက်ဒရီယန်က ထင်မြင်ယုံကြည်နေပါတယ်။ တကယ်လည်း ကလော့ပ်ဟာ ၂၀၁၅ ရဲ့ရာသီတစ်ဝက်တစ်ပျက်မှာ အန်ဖီးလ်ကိုရောက်လာပြီးနောက်ပိုင်း လီဗာပူးရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ လီဗာပူးဟာ တစ်ဖြည်းဖြည်းတိုးတက်လာပြီး ပြီးခဲ့တဲ့နှစ်မှာတော့ အကောင်းဆုံးပုံစံရလာခဲ့ကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။

photo-gettyimages

ဒီရာသီမှာလည်း ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တစ်ပွဲလျော့နဲ့ ၁၃ မှတ်ဖြတ်ပြီး ဇယားထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ကလော့ပ်လက်ထက်ရောက်မှ နှစ် ၃၀ ကြာစောင့်ခဲ့ရတဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုအတွက် အတော်လေးကို နီးနီးစပ်စပ်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကနေ အလွတ်ပြောင်းရွှေ့လာတဲ့ အရန်ဂိုးသမားအက်ဒရီယန်က တစ်သင်းလုံးဟာ ကလော့ပ်ရဲ့နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ အပြည့်အဝယုံကြည်နေကြကာ ပြီးခဲ့တဲ့ရာသီအောင်မြင်မှုကြောင့် ဂွါဒီယိုလာကိုတောင် ကျော်တက်သွားပြီလို့ ဆိုလိုက်တာပါ။

photo-offside

”ကလော့ပ်ဟာ ကျွန်တော်တို့သဘောၤကြီးရဲ့ကပ္ပတိန်ပါပဲ။ သူ့ကြောင့် ကစားသမားတွေက အတူတကွတိုက်ပွဲဝင်ပြီး ကြိုစားနေကြပါတယ်။ သူကလည်း ကျွန်တော်တို့အတွက် ပြသနာတွေကို အဖြေရှာနိုင်ဖို့ ကြိုးစားနေတာပါ။ အဲဒါက တစ်ဦးချင်းထက် အသင်းက ပိုအရေးကြီးတယ်လို့ ကျွန်တော်တို့ကို ခံစားစေပါတယ်။ ဘယ်သူပဲ ကစားရ မကစားရ အားလုံးဟာ အနိုင်ရဖို့ အသင့်ရှိနေကြတာပါ။ သူဟာ လက်ရှိအကောင်းဆုံးနည်းပြလို့ ကျွန်တော်ပြောချင်ပါတယ်။ အားလုံးက သူ့အနောက်မှာပါ။ ကျွန်တော်တို့ဟာ ကျောက်စိုင်တွေလိုဖြစ်ပြီး အဲဒါကို ဖြိုခွင်းဖို့ ခက်ခဲပါတယ်။ ကုန်ကုန်ပြောရရင် ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ ကြီးကျယ်တဲ့အချိန်ရှိခဲ့ပြီး အဲဒီတုန်းက အရာအားလုံးနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လီဗာပူးဟာ ကြီးကျယ်တဲ့အရှိန်အဟုန်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဒီနေ့ည အဲဗာတန်နဲ့ အက်ဖ်အေဖလားက မာဆေးဆိုဒ်ဒါဘီမှာ ပွဲထွက်လာနိုင်တဲ့ အက်ဒရီယန်က ပြောခဲ့တာပါ။

[Zawgyi]

ကေလာ့ပ္က ဂြါဒီယိုလာကိုေက်ာ္တက္ၿပီး လက္ရွိကမာၻ႔အေကာင္းဆုံးနည္းျပလို႔ဆိုလိုက္တ့ဲ အက္ဒရီယန္

လက္ရွိကမာၻ႔အေကာင္းဆုံးနည္းျပအျဖစ္ တစ္ႏိုင္ငံတည္းသားဂြါဒီယိုလာဟာ ဂ်ာဂင္ကေလာ့ပ္ရဲ႕ေက်ာ္တက္ျခင္းကို ခံလိုက္ရၿပီလို႔ လီဗာပူးအသင္းရဲ႕စပိန္သားဂိုးသမားအက္ဒရီယန္က ထင္ျမင္ယုံၾကည္ေနပါတယ္။ တကယ္လည္း ကေလာ့ပ္ဟာ ၂၀၁၅ ရဲ႕ရာသီတစ္၀က္တစ္ပ်က္မွာ အန္ဖီးလ္ကိုေရာက္လာၿပီးေနာက္ပုိင္း လီဗာပူးရဲ႕ကံၾကမၼာကို ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။ သူ႔လက္ထက္မွာ လီဗာပူးဟာ တစ္ျဖည္းျဖည္းတုိးတက္လာၿပီး ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ အေကာင္းဆုံးပုံစံရလာခဲ့ကာ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားနဲ႔ ကလပ္ကမာၻ႔ဖလားေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာလည္း ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ တစ္ပြဲေလ်ာ့နဲ႔ ၁၃ မွတ္ျဖတ္ၿပီး ဇယားထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။ ကေလာ့ပ္လက္ထက္ေရာက္မွ ႏွစ္ ၃၀ ၾကာေစာင့္ခဲ့ရတဲ့ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုအတြက္ အေတာ္ေလးကို နီးနီးစပ္စပ္ျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ၀က္စ္ဟမ္းကေန အလြတ္ေျပာင္းေရႊ႕လာတဲ့ အရန္ဂုိးသမားအက္ဒရီယန္က တစ္သင္းလုံးဟာ ကေလာ့ပ္ရဲ႕နည္းစနစ္ပုိင္းနဲ႔ပတ္သက္လုိ႔ အျပည့္အ၀ယုံၾကည္ေနၾကကာ ၿပီးခဲ့တဲ့ရာသီေအာင္ျမင္မႈေၾကာင့္ ဂြါဒီယိုလာကိုေတာင္ ေက်ာ္တက္သြားၿပီလို႔ ဆုိလိုက္တာပါ။

”ကေလာ့ပ္ဟာ ကၽြန္ေတာ္တုိ႔သေဘာၤႀကီးရဲ႕ကပၸတိန္ပါပဲ။ သူ႔ေၾကာင့္ ကစားသမားေတြက အတူတကြတိုက္ပြဲ၀င္ၿပီး ႀကိဳစားေနၾကပါတယ္။ သူကလည္း ကၽြန္ေတာ္တုိ႔အတြက္ ျပသနာေတြကုိ အေျဖရွာႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ အဲဒါက တစ္ဦးခ်င္းထက္ အသင္းက ပိုအေရးႀကီးတယ္လုိ႔ ကၽြန္ေတာ္တို႔ကို ခံစားေစပါတယ္။ ဘယ္သူပဲ ကစားရ မကစားရ အားလုံးဟာ အႏိုင္ရဖို႔ အသင့္ရွိေနၾကတာပါ။ သူဟာ လက္ရွိအေကာင္းဆုံးနည္းျပလုိ႔ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ အားလုံးက သူ႔အေနာက္မွာပါ။ ကၽြန္ေတာ္တို႔ဟာ ေက်ာက္စုိင္ေတြလုိျဖစ္ၿပီး အဲဒါကို ၿဖိဳခြင္းဖုိ႔ ခက္ခဲပါတယ္။ ကုန္ကုန္ေျပာရရင္ ဂြါဒီယိုိလာဟာ ဘာစီလုိနာမွာ ႀကီးက်ယ္တဲ့အခ်ိန္ရွိခဲ့ၿပီး အဲဒီတုန္းက အရာအားလုံးႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အခုေတာ့ လီဗာပူးဟာ ႀကီးက်ယ္တဲ့အရွိန္အဟုန္ရွိေနတယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ဒီေန႔ည အဲဗာတန္နဲ႔ အက္ဖ္ေအဖလားက မာေဆးဆုိဒ္ဒါဘီမွာ ပြဲထြက္လာႏိုင္တဲ့ အက္ဒရီယန္က ေျပာခဲ့တာပါ။