ကပ်ဘေးသင့်မီလန်မြို့အတွက် ပြန်ရောက်လာတဲ့ နတ်ဘုရားကြီး

Photo Credit

Photo Credit

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့က အေစီမီလန်ဟာ စီးရီးအေပွဲစဉ်အဖြစ် အတ္တလန္တာကို ၅-၀ ဂိုးနဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဖလား ၇ကြိမ်အထိ ရရှိထားတဲ့အသင်းနဲ့ အီတလီနိုင်ငံရဲ့ ၁၃သင်းမြောက် ဘက်ဂျက်အများဆုံးအသင်းတို့ရဲ့အားပြိုင်ပွဲက မီလန်ပရိသတ်တွေအတွက် အရှိကိုအရှိအတိုင်း ပြန်သတိပေးနေတာဖြစ်ပြီး အထူးသဖြင့် ၂၀၁၁ ခုနှစ်က နောက်ဆုံးအကြိမ် စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီးချိန်ကတည်းက အသင်းရဲ့ကျဆင်းလာမှုက ဘယ်လောက်ပြင်းထန်သလဲဆိုတာ ဒီပွဲက သက်သေပြနေပါတယ်။

Photo Credit

ပြီးခဲ့တဲ့သောကြာနေ့ကတော့ အေစီမီလန်ဟာ နောက်ဆုံးအကြိမ်စီးရီးအေချန်ပီယံဖြစ်ခဲ့တုန်းက အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒီလိုခေါ်ယူနိုင်ခဲ့တာက အေစီမီလန်အသင်းအနေနဲ့ လက်ရှိဖြစ်ရပ်ဆိုးတွေထဲကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အေစီမီလန်ဟာ အတ္တလန္တာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင်ကတည်းက အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ ဆက်သွယ်ခဲ့တာပါ။

Photo Credit

ဒါပေမဲ့ အရှက်ရဖွယ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အီဘရာဟီမိုဗစ်ကို ပြန်ခေါ်ဖို့ အားကုန်ထုတ်ကြိုးစားခဲ့တာဖြစ်ပြီး အထူးသဖြင့် ကြာသပတေးနေ့မှာ အသင်းရဲ့ဘောလုံးအကြီးအကဲ ဘိုဘန်၊ နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ”ပြီးခဲ့တဲ့ ၂ပတ်ကနေ ၃ပတ်အတွင်း အေစီမီလန်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တာက ကျွန်တော့်မိန်းမနဲ့ စကားပြောတာထက်တောင် ပိုများပါသေးတယ်”လို့ အီဘရာဟီမိုဗစ်က ပြောပါတယ်။

Photo Credit

ဒီလိုအေစီမီလန်အသင်း အတားအဆီး ကျဆင်းနေမှုမှာ ဘိုဘန်နဲ့ မာလ်ဒီနီတို့လည်း ဖိအားတွေအောက် ရောက်နေရပြီး အသင်းကလည်း စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၁၁နေရာမှာ ရပ်တည်နေရပါတယ်။ ဘိုဘန်နဲ့ မာလ်ဒီနီတို့ဟာ သူတို့ကိုယ်တိုင် ယုံကြည်လို့ ပြီးခဲ့တဲ့နွေရာသီကမှ ခန့်အပ်ထားတဲ့ နည်းပြဂီယန်ပါအိုလိုကို ပွဲစဉ် ၇အပြီးမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့ရပါတယ်။ သူတို့အနေနဲ့ အသင်းရဲ့ရလဒ်ဆိုးတွေကို အမြန်ဆုံးဖြေရှင်းဖို့ ဘယ်လောက်ဆန္ဒပြင်းပြနေလဲဆိုတာ ဒါကို ကြည့်ရင် သိနိုင်ပါတယ်။

Photo Credit

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ ၂နှစ်ပဲ ကစားခဲ့တာမှန်ပေမယ့် အေစီမီလန်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကြာသပတေးနေ့က မီလန်မြို့ကို ရောက်လာတဲ့ သူတို့ရဲ့အချစ်တော်ကြီးကို ပရိသတ်အများအပြားကြိုဆိုခဲ့တာကို ကြည့်ရင် အီဘရာဟီမိုဗစ်ရဲ့အရေးပါမှုကို သိနိုင်ပါတယ်။

Photo Credit

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အတွက် ၆၁ပွဲမှာ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့အေစီမီလန်ကစားသမားဘ၀ ဒုတိယမြောက်ရာသီမှာ စီးရီးအေဆုဖလားရယူနိုင်ခဲ့ပါတယ်။ အခုလည်း သူဟာ အသင်းကို အရင်လိုပုံစံမျိုးပြန်ရောက်ဖို့ မီလန်မြို့ကို ပြန်ရောက်လာတာပါ။ ပြောရရင် အီဘရာဟီမိုဗစ်ဟာ စီးရီးအေမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး စီးရီးအေချန်ပီယံဆု ၆ကြိမ်ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဂျူဗင်တပ်စ်နဲ့အတူ ရခဲ့တဲ့ ၂ကြိမ်ကတော့ အသင်းရဲ့လုပ်ပွဲကစားမှုကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

Photo Credit

ပြီးတော့ ”တကယ်လို့ ခင်ဗျားတို့ အီဘရာဟီမိုဗစ်ကို ခေါ်ယူနိုင်ရင် စီးရီးအေချန်ပီယံဆု ဝယ်လိုက်သလိုပဲ”လို့ နာမည်ကျော်ခဲ့တဲ့စကားလုံး ပေါ်ထွက်ခဲ့တာလည်း သိပ်အကြာကြီးမဟုတ်သေးပါဘူး။ အေစီမီလန်က လက်ရှိအချိန်မှာ ချန်ပီယံဆုမပြောနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် ပစ်မှတ်ထားနိုင်တဲ့အသင်းမျိုးမဟုတ်ပါဘူး။ အခုဆိုရင် သူတို့ဟာ အဆင့် ၄နေရာကအသင်းနဲ့ ၁၄ မှတ်တောင် နည်းပါးနေပါတယ်။ သူတို့ရဲ့အဓိကပစ်မှတ်က ရာသီအကုန်မှာ အမြင့်ဆုံး ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ ဒါမှမဟုတ် အနိမ့်ဆုံး ဒီထက်အခြေအနေပိုကောင်းလာဖို့ဖြစ်ပါတယ်။

Photo Credit

”ကျွန်တော် ဒီကိုပြန်ရောက်လာတာ အကုန်လုံးတိုးတက်လာဖို့ပါ”လို့ အီဘရာဟီမိုဗစ်က ပြောပါတယ်။ မိုဗစ်အနေနဲ့ အသက် ၃၈နှစ်ရှိနေပြီဖြစ်ပေမယ့် ဒီလိုလုပ်ဆောင်နိုင်စွမ်းအပြည့်ရှိနေပါတယ်။ သူဟာ ကစားပုံကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းကို အဓိကအားကိုးကစားသူဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် တစ်ခါမှ လျင်မြန်မှုကို အားကိုးကစားခဲ့တာမျိုးမရှိပါဘူး။ ဒါပေမဲ့ အီဘရာဟီမိုဗစ်ဟာ ၂၀၁၇ ခုနှစ်က ယူနိုက်တက်နဲ့အတူ ပါဝင်ကစားရင်း ယူရိုပါလိဂ်မှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီးချိန်ကတည်းက အရင်လိုခြေစွမ်းပြန်ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

သူဟာ အဲဒီဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် အယ်လ်အေဂလက်ဆီအသင်းအတွက် မေဂျာလိဂ် ၅၆ပွဲမှာ ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာမှန်ပေမယ့် အရင်ကမိုဗစ်ကို ပြန်မရနိုင်တော့ဘူးဆိုတာ သူကိုယ်တိုင် ဖွင့်ဟဝန်ခံထားပါတယ်။ အီဘရာဟီမိုဗစ်က ”လွန်ခဲ့တဲ့ ၁၀နှစ်က ပုံစံမျိုး ပြန်ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ဘာလုပ်နိုင်လဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်”လို့ ပြီးခဲ့တဲ့သောကြာနေ့က အခိုင်အမာပြောပါတယ်။

Photo Credit

ဒါပေမဲ့ အီဘရာဟီမိုဗစ်အနေနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က ခြေစွမ်းရဲ့တစ်ဝက်ပဲ ရရင်တောင် လက်ရှိအေစီမီလန်အသင်းရဲ့အဓိကတိုက်စစ်မှူး ပီယာတက်ခ် ကောင်းတာထက် ၂ဆ ပိုကောင်းလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အရင်တုန်းက ဂိုးသွင်းမုဆိုးတစ်ဦးအဖြစ် ခြေစွမ်းပြဂိုးမြူးခဲ့တဲ့ ပိုလန်လက်ရွေးစင် ပီယာတက်ခ်ဟာ ဒီရာသီမှာတော့ ၄ဂိုးသွင်းပဲသွင်းယူထားနိုင်ပြီး အဲဒီအထဲမှာ Open Play ကနေ သွင်းယူနိုင်တာက ၁ဂိုးပဲရှိပါတယ်။ ဒီလိုဂျီနိုအာတိုက်စစ်မှူးဟောင်းရဲ့ဂိုးသွင်းစွမ်းရည် ကျဆင်းနေတာကလည်း အီဘရာဟီမိုဗစ်ကို အေစီမီလန်အသင်း ပြန်လည်ခေါ်ယူရတဲ့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီရာသီ အေစီမီလန်အသင်းရဲ့ရုန်းကန်ရမှုတွေမှာ ပီယာတက်ခ်တစ်ဦးတည်းကို အပြစ်တင်လို့မရပါဘူး။ အေစီမီလန်က စီးရီးအေမှာ ရှုံးပွဲအရေအတွက် (၈ပွဲ)က နိုင်ပွဲအရေအတွက်(၆ပွဲ)ထက်ပိုများနေသလို တိုက်စစ်ကလည်း ၁၇ပွဲကစားပြီးချိန်မှာ ၁၆ဂိုးပဲသွင်းယူထားနိုင်ပါတယ်။ ကွင်းတွင်းပြဿနာတွေနဲ့အတူ ကွင်းပြင်ပပြဿနာတွေကလည်း အဓိကကျပါတယ်။ အေစီမီလန်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူရို ၁၀၁ သန်းအထိ သုံးစွဲပြီး ကစားသမားသစ် ၇ဦးအထိ ခေါ်ယူခဲ့ပါတယ်။

Photo Credit

အဲဒီအထဲမှာ ရီးရဲလ်နောက်ခံအစွန်လူဟောင်း သီယိုဟာနန်ဒက်ဇ်တစ်ယောက်ပဲ ခြေစွမ်းပြနိုင်ပါတယ်။ တကယ်လို့ ဒီဈေးကွက်ထဲမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ဘိုဘန်နဲ့ မာလ်ဒီနီတို့ကို အသင်းပိုင်ရှင် Elliot Advisors Ltd က စိတ်ကြိတ်ဘက်ဂျက် ထုတ်မပေးတာကတော့ နည်းနည်းအံ့အာားသင့်စရာကောင်းနေပါတယ်။ ဒီလိုအနေအထးမှာ မိုဗစ်ကို ပြန်ခေါ်နိုင်ခဲ့တာက အေစီမီလန်အတွက် အကြီးမားဆုံးခေါ်ယူမှုဖြစ်လာနိုင်ပြီး ကွင်းတွင်းစွမ်းဆောင်ရည်သာမက အသင်းဖော်တွေရဲ့ကျဆင်းနေတဲ့စိတ်ဓာတ်ကို မိုဗစ်က ပြန်လည်မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။

Photo Credit

အထူးသဖြင့် စိတ်ပျက်နေတဲ့ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်လာအောင် မိုဗစ်က အပြည့်အဝစွမ်းဆောင်နိုင်ပါတယ်။ သူဟာ ကာလတို ၆လစာချုပ်နဲ့ အေစီမီလန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ရာသီအကုန်မှာ နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ သူ့အနေနဲ့လည်း လက်ရှိအနေအထားအရ ၂၀၂၀-၂၁ ရာသီအထိ အေစီမီလန်အသင်းမှာ ဆက်ကစားဖွယ်ရှိပါတယ်။

Photo Credit

လက်ရှိအချိန်မှာတော့ အေစီမီလန်အသင်းအနေနဲ့ အတိတ်ကာလ ရွှေထီးဆောင်းခဲ့စဉ်က ကြယ်ပွင့်ဖြစ်ခဲ့သူကို ပြန်လည်ခေါ်ယူပြီး ပရိသတ်တွေကို မျှော်လင့်ချက်ပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ကလည်း တနင်္လာနေ့မှာ ကစားမယ့် ဆမ်ဒိုးရီးယားနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အသင့်ရှိနေပြီလို့ ပြောပါတယ်။

Photo Credit

Zawgyi

ကပ္ေဘးသင့္မီလန္ၿမိဳ႕အတြက္ ျပန္ေရာက္လာတ့ဲ နတ္ဘုရားႀကီး

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၂ရက္ေန႔က ေအစီမီလန္ဟာ စီးရီးေအပြဲစဥ္အျဖစ္ အတၱလႏၱာကို ၅-၀ ဂိုးနဲ႔ အရွက္ရဖြယ္အေရးနိမ့္ခဲ့ရပါတယ္။ ခ်န္ပီယံလိဂ္ဖလား ၇ႀကိမ္အထိ ရရွိထားတဲ့အသင္းနဲ႔ အီတလီႏိုင္ငံရဲ႕ ၁၃သင္းေျမာက္ ဘက္ဂ်က္အမ်ားဆုံးအသင္းတုိ႔ရဲ႕အားၿပိဳင္ပြဲက မီလန္ပရိသတ္ေတြအတြက္ အရွိကိုအရွိအတိုင္း ျပန္သတိေပးေနတာျဖစ္ၿပီး အထူးသျဖင့္ ၂၀၁၁ ခုႏွစ္က ေနာက္ဆုံးအႀကိမ္ စီးရီးေအခ်န္ပီယံျဖစ္ခဲ့ၿပီးခ်ိန္ကတည္းက အသင္းရဲ႕က်ဆင္းလာမႈက ဘယ္ေလာက္ျပင္းထန္သလဲဆုိတာ ဒီပြဲက သက္ေသျပေနပါတယ္။
ၿပီးခဲ့တဲ့ေသာၾကာေန႔ကေတာ့ ေအစီမီလန္ဟာ ေနာက္ဆုံးအႀကိမ္စီးရီးေအခ်န္ပီယံျဖစ္ခဲ့တုန္းက အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ၀ါရင့္တုိက္စစ္မွဴး အီဘရာဟီမုိဗစ္ကို ျပန္လည္ေခၚယူခဲ့ပါတယ္။ ဒီလုိေခၚယူႏုိင္ခဲ့တာက ေအစီမီလန္အသင္းအေနနဲ႔ လက္ရွိျဖစ္ရပ္ဆုိးေတြထဲကေန ျပန္လည္႐ုန္းထြက္ႏိုင္ဖို႔ အေကာင္းဆုံးလုပ္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။ ေအစီမီလန္ဟာ အတၱလႏၱာကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲမတုိင္ခင္ကတည္းက အီဘရာဟီမုိဗစ္ကို ျပန္လည္ေခၚယူဖုိ႔ ဆက္သြယ္ခဲ့တာပါ။
ဒါေပမဲ့ အရွက္ရဖြယ္ဂုိးျပတ္႐ံႈးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ အီဘရာဟီမုိဗစ္ကို ျပန္ေခၚဖို႔ အားကုန္ထုတ္ႀကိဳးစားခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ၾကာသပေတးေန႔မွာ အသင္းရဲ႕ေဘာလုံးအႀကီးအကဲ ဘုိဘန္၊ နည္းစနစ္ဒါ႐ိုက္တာ ေပၚလုိမာလ္ဒီနီတို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ”ၿပီးခဲ့တဲ့ ၂ပတ္ကေန ၃ပတ္အတြင္း ေအစီမီလန္အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးျဖစ္ခဲ့တာက ကၽြန္ေတာ့္မိန္းမနဲ႔ စကားေျပာတာထက္ေတာင္ ပိုမ်ားပါေသးတယ္”လုိ႔ အီဘရာဟီမုိဗစ္က ေျပာပါတယ္။
ဒီလုိေအစီမီလန္အသင္း အတားအဆီး က်ဆင္းေနမႈမွာ ဘိုဘန္နဲ႔ မာလ္ဒီနီတုိ႔လည္း ဖိအားေတြေအာက္ ေရာက္ေနရၿပီး အသင္းကလည္း စီးရီးေအအမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ေနရာမွာ ရပ္တည္ေနရပါတယ္။ ဘုိဘန္နဲ႔ မာလ္ဒီနီတို႔ဟာ သူတုိ႔ကိုယ္တုိင္ ယုံၾကည္လုိ႔ ၿပီးခဲ့တဲ့ေႏြရာသီကမွ ခန္႔အပ္ထားတဲ့ နည္းျပဂီယန္ပါအိုလုိကို ပြဲစဥ္ ၇အၿပီးမွာပဲ ရာထူးကေန ထုတ္ပယ္ခဲ့ရပါတယ္။ သူတုိ႔အေနနဲ႔ အသင္းရဲ႕ရလဒ္ဆိုးေတြကို အျမန္ဆုံးေျဖရွင္းဖို႔ ဘယ္ေလာက္ဆႏၵျပင္းျပေနလဲဆုိတာ ဒါကို ၾကည့္ရင္ သိႏိုင္ပါတယ္။
အီဘရာဟီမုိဗစ္ဟာ ေအစီမီလန္အသင္းမွာ ၂၀၁၀ ကေန ၂၀၁၂ အထိ ၂ႏွစ္ပဲ ကစားခဲ့တာမွန္ေပမယ့္ ေအစီမီလန္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ၾကာသပေတးေန႔က မီလန္ၿမိဳ႕ကို ေရာက္လာတဲ့ သူတုိ႔ရဲ႕အခ်စ္ေတာ္ႀကီးကို ပရိသတ္အမ်ားအျပားႀကိဳဆုိခဲ့တာကို ၾကည့္ရင္ အီဘရာဟီမုိဗစ္ရဲ႕အေရးပါမႈကို သိႏိုင္ပါတယ္။
အီဘရာဟီမုိဗစ္ဟာ ေအစီမီလန္အတြက္ ၆၁ပဲြမွာ ၄၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး သူ႕ရဲ႕ေအစီမီလန္ကစားသမားဘ၀ ဒုတိယေျမာက္ရာသီမွာ စီးရီးေအဆုဖလားရယူႏုိင္ခဲ့ပါတယ္။ အခုလည္း သူဟာ အသင္းကို အရင္လုိပုံစံမ်ိဳးျပန္ေရာက္ဖို႔ မီလန္ၿမိဳ႕ကို ျပန္ေရာက္လာတာပါ။ ေျပာရရင္ အီဘရာဟီမုိဗစ္ဟာ စီးရီးေအမွာ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ၿပီး စီးရီးေအခ်န္ပီယံဆု ၆ႀကိမ္ရရွိခဲ့ပါတယ္။ အဲဒီထဲမွာ ဂ်ဴဗင္တပ္စ္နဲ႔အတူ ရခဲ့တဲ့ ၂ႀကိမ္ကေတာ့ အသင္းရဲ႕လုပ္ပြဲကစားမႈေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။
ၿပီးေတာ့ ”တကယ္လုိ႔ ခင္ဗ်ားတို႔ အီဘရာဟီမုိဗစ္ကို ေခၚယူႏုိင္ရင္ စီးရီးေအခ်န္ပီယံဆု ၀ယ္လုိက္သလုိပဲ”လုိ႔ နာမည္ေက်ာ္ခဲ့တဲ့စကားလုံး ေပၚထြက္ခဲ့တာလည္း သိပ္အၾကာႀကီးမဟုတ္ေသးပါဘူး။ ေအစီမီလန္က လက္ရွိအခ်ိန္မွာ ခ်န္ပီယံဆုမေျပာနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ေတာင္ ပစ္မွတ္ထားႏိုင္တဲ့အသင္းမ်ိဳးမဟုတ္ပါဘူး။ အခုဆုိရင္ သူတို႔ဟာ အဆင့္ ၄ေနရာကအသင္းနဲ႔ ၁၄ မွတ္ေတာင္ နည္းပါးေနပါတယ္။ သူတုိ႔ရဲ႕အဓိကပစ္မွတ္က ရာသီအကုန္မွာ အျမင့္ဆုံး ယူ႐ိုပါလိဂ္၀င္ခြင့္ရဖို႔ ဒါမွမဟုတ္ အနိမ့္ဆုံး ဒီထက္အေျခအေနပိုေကာင္းလာဖို႔ျဖစ္ပါတယ္။
”ကၽြန္ေတာ္ ဒီကိုျပန္ေရာက္လာတာ အကုန္လုံးတုိးတက္လာဖို႔ပါ”လုိ႔ အီဘရာဟီမုိဗစ္က ေျပာပါတယ္။ မိုဗစ္အေနနဲ႔ အသက္ ၃၈ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ဒီလုိလုပ္ေဆာင္ႏိုင္စြမ္းအျပည့္ရွိေနပါတယ္။ သူဟာ ကစားပုံကအစ ခႏၶာကုိယ္ႀကံ့ခိုင္မႈနဲ႔ နည္းစနစ္ပိုင္းကို အဓိကအားကုိးကစားသူျဖစ္ၿပီး ကစားသမားဘ၀တစ္ေလွ်ာက္ တစ္ခါမွ လ်င္ျမန္မႈကို အားကုိးကစားခဲ့တာမ်ိဳးမရွိပါဘူး။ ဒါေပမဲ့ အီဘရာဟီမုိဗစ္ဟာ ၂၀၁၇ ခုႏွစ္က ယူႏုိက္တက္နဲ႔အတူ ပါ၀င္ကစားရင္း ယူ႐ိုပါလိဂ္မွာ ဒူးအရြတ္ေၾကာဒဏ္ရာရရွိခဲ့ၿပီးခ်ိန္ကတည္းက အရင္လိုေျခစြမ္းျပန္ရဖို႔ ႐ုန္းကန္ေနရပါတယ္။
သူဟာ အဲဒီဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ အယ္လ္ေအဂလက္ဆီအသင္းအတြက္ ေမဂ်ာလိဂ္ ၅၆ပြဲမွာ ၅၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာမွန္ေပမယ့္ အရင္ကမုိဗစ္ကို ျပန္မရႏိုင္ေတာ့ဘူးဆုိတာ သူကုိယ္တုိင္ ဖြင့္ဟ၀န္ခံထားပါတယ္။ အီဘရာဟီမုိဗစ္က ”လြန္ခဲ့တဲ့ ၁၀ႏွစ္က ပုံစံမ်ိဳး ျပန္ကစားႏုိင္ဖို႔ဆုိတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ကုိယ္ဘာလုပ္ႏိုင္လဲဆုိတာ ကၽြန္ေတာ္ ေကာင္းေကာင္းသိပါတယ္”လုိ႔ ၿပီးခဲ့တ့ဲေသာၾကာေန႔က အခုိင္အမာေျပာပါတယ္။
ဒါေပမဲ့ အီဘရာဟီမုိဗစ္အေနနဲ႔ လြန္ခဲ့တဲ့ ၁၀ႏွစ္က ေျခစြမ္းရဲ႕တစ္၀က္ပဲ ရရင္ေတာင္ လက္ရွိေအစီမီလန္အသင္းရဲ႕အဓိကတုိက္စစ္မွဴး ပီယာတက္ခ္ ေကာင္းတာထက္ ၂ဆ ပိုေကာင္းလိမ့္မယ္လုိ႔ ကၽြမ္းက်င္သူေတြက ဆုိပါတယ္။ အရင္တုန္းက ဂိုးသြင္းမုဆုိးတစ္ဦးအျဖစ္ ေျခစြမ္းျပဂိုးျမဴးခဲ့တဲ့ ပိုလန္လက္ေရြးစင္ ပီယာတက္ခ္ဟာ ဒီရာသီမွာေတာ့ ၄ဂိုးသြင္းပဲသြင္းယူထားႏိုင္ၿပီး အဲဒီအထဲမွာ Open Play ကေန သြင္းယူႏုိင္တာက ၁ဂိုးပဲရွိပါတယ္။ ဒီလုိဂ်ီႏိုအာတုိက္စစ္မွဴးေဟာင္းရဲ႕ဂုိးသြင္းစြမ္းရည္ က်ဆင္းေနတာကလည္း အီဘရာဟီမုိဗစ္ကို ေအစီမီလန္အသင္း ျပန္လည္ေခၚယူရတဲ့အဓိကအေၾကာင္းရင္းတစ္ရပ္ျဖစ္ပါတယ္။
ဒါေပမဲ့ ဒီရာသီ ေအစီမီလန္အသင္းရဲ႕႐ုန္းကန္ရမႈေတြမွာ ပီယာတက္ခ္တစ္ဦးတည္းကို အျပစ္တင္လုိ႔မရပါဘူး။ ေအစီမီလန္က စီးရီးေအမွာ ႐ံႈးပြဲအေရအတြက္ (၈ပြဲ)က ႏိုင္ပြဲအေရအတြက္(၆ပဲြ)ထက္ပိုမ်ားေနသလုိ တုိက္စစ္ကလည္း ၁၇ပြဲကစားၿပီးခ်ိန္မွာ ၁၆ဂိုးပဲသြင္းယူထားႏိုင္ပါတယ္။ ကြင္းတြင္းျပႆနာေတြနဲ႔အတူ ကြင္းျပင္ပျပႆနာေတြကလည္း အဓိကက်ပါတယ္။ ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ယူ႐ို ၁၀၁ သန္းအထိ သုံးစြဲၿပီး ကစားသမားသစ္ ၇ဦးအထိ ေခၚယူခဲ့ပါတယ္။
အဲဒီအထဲမွာ ရီးရဲလ္ေနာက္ခံအစြန္လူေဟာင္း သီယိုဟာနန္ဒက္ဇ္တစ္ေယာက္ပဲ ေျခစြမ္းျပႏိုင္ပါတယ္။ တကယ္လုိ႔ ဒီေစ်းကြက္ထဲမွာ ကစားသမားသစ္ေခၚယူဖုိ႔အတြက္ ဘုိဘန္နဲ႔ မာလ္ဒီနီတို႔ကို အသင္းပုိင္ရွင္ Elliot Advisors Ltd က စိတ္ႀကိတ္ဘက္ဂ်က္ ထုတ္မေပးတာကေတာ့ နည္းနည္းအံ့အာားသင့္စရာေကာင္းေနပါတယ္။ ဒီလိုအေနအထးမွာ မုိဗစ္ကို ျပန္ေခၚႏုိင္ခဲ့တာက ေအစီမီလန္အတြက္ အႀကီးမားဆုံးေခၚယူမႈျဖစ္လာႏုိင္ၿပီး ကြင္းတြင္းစြမ္းေဆာင္ရည္သာမက အသင္းေဖာ္ေတြရဲ႕က်ဆင္းေနတဲ့စိတ္ဓာတ္ကို မုိဗစ္က ျပန္လည္ျမႇင့္တင္ေပးႏုိင္စြမ္းရွိပါတယ္။
အထူးသျဖင့္ စိတ္ပ်က္ေနတဲ့ပရိသတ္ေတြ ကြင္းထဲ ျပန္၀င္လာေအာင္ မုိဗစ္က အျပည့္အ၀စြမ္းေဆာင္ႏိုင္ပါတယ္။ သူဟာ ကာလတုိ ၆လစာခ်ဳပ္နဲ႔ ေအစီမီလန္ကို ျပန္လည္ေရာက္ရွိလာတာျဖစ္ၿပီး ရာသီအကုန္မွာ ေနာက္ထပ္ ၁ႏွစ္သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆုိထားပါတယ္။ သူ႕အေနနဲ႔လည္း လက္ရွိအေနအထားအရ ၂၀၂၀-၂၁ ရာသီအထိ ေအစီမီလန္အသင္းမွာ ဆက္ကစားဖြယ္ရွိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေအစီမီလန္အသင္းအေနနဲ႔ အတိတ္ကာလ ေရႊထီးေဆာင္းခဲ့စဥ္က ၾကယ္ပြင့္ျဖစ္ခဲ့သူကို ျပန္လည္ေခၚယူၿပီး ပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္ျပန္လည္ျဖည့္ဆည္းေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ကလည္း တနလၤာေန႔မွာ ကစားမယ့္ ဆမ္ဒိုးရီးယားနဲ႔ပြဲမွာ ပါ၀င္ကစားႏုိင္ဖို႔ အသင့္ရွိေနၿပီလုိ႔ ေျပာပါတယ္။