ကန်ဆယ်လိုကို ခေါ်ယူဖို့ စီးတီးနဲ့ စပါး ဆွေးနွေးနေတယ်လို့ ဆို

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ စီးတီးညာနောက်ခံလူ ယာအိုကန်ဆယ်လိုကို ခေါ်ယူဖို့ စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ သူဟာ စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရတာကြောင့် တစ်နိုင်ငံတည်းသား နည်းပြ မော်ရင်ညိုရှိရာ စပါးကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ El Desmarque သတင်းဌာနရဲ့ဖော်ပြချက်အရ မော်ရင်ညိုကလည်း စပါးကို ပြောင်းရွှေ့လာဖို့ ကန်ဆယ်လိုနဲ့ သီးသန့်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ကန်ဆယ်လိုကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲကျင်းပတော့မှာဖြစ်လို့ ပွဲကစားခွင့်ပိုမိုရရှိလိုနေပြီး စီးတီးမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၆၀ တန်အပြောင်းအရွှေ့နဲ့ စီးတီးကို ရောက်လာပြီး ဒါနီလိုက ဆန့်ကျင်ဘက်အဖြစ် ဂျူဗင်တပ်စ်ကို ရောက်သွားပြီး ကန်ဆယ်လိုကတော့ စီးတီးမှာ ဝေါ်လ်ကာရဲ့နောက် ဒုတိယဦးစားပေးညာနောက်ခံလူအဖြစ်သာ ကစားခွင့်ရနေပါတယ်။

Photo Credit

ကန်ဆယ်လိုဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ပွဲသာကစားခွင့်ရရှိထားပြီး ယင်းတို့အနက် ၁၃ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကာ ညာနောက်ခံလူအဖြစ်သာမက ဘယ်နောက်ခံလူအဖြစ်ပါ ကစားခဲ့ရပါတယ်။ စပါးဟာ ဘင်ဖီကာကွင်းလယ်လူ ဂက်ဆန်ဖာနန်ဒက်စ်ကို ၁၈လအငှားစာချုပ်နဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ မော်ရင်ညိုအနေနဲ့ နောက်ခံအစွန်လူပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ဦးစားညာနောက်ခံလူ အော်ရီယာက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရသလို အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေကာ ဘယ်နောက်ခံလူ ဒန်နီရို့စ်က စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းကနေ ထွက်ခွာမယ်လို့ အတိအလင်းဆိုထားသလို နောက်ထပ်ဘယ်နောက်ခံလူ ဘင်ဒေးဗီးစ်ကလည်း နိုဝင်ဘာလကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။

Photo Credit

ကန်ဆယ်လိုကို စပါးအသင်းအပြင် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်သန်း ၅၀ တန်ကြေးရှိပါတယ်။ ကန်ဆယ်လိုဟာ ဗလန်စီယာနဲ့အတူ လာလီဂါမှာ ခြေစွမ်းပြခဲ့ဖူးလို့ ဘာစီလိုနာနည်းပြသစ် ဆီတီယန်က အသင်းပြောင်းရွှေ့ဖို့ များနေတဲ့ ဆီမီဒိုရဲ့နေရာမှာ ကန်ဆယ်လိုနဲ့ အစားထိုးလိုနေတာဖြစ်ပါတယ်။

Photo Credit

Zawgyi

ကန္ဆယ္လုိကို ေခၚယူဖို႔ စီးတီးနဲ႔ စပါး ေဆြးေႏြးေနတယ္လုိ႔ ဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စပါးအသင္းဟာ စီးတီးညာေနာက္ခံလူ ယာအုိကန္ဆယ္လုိကို ေခၚယူဖို႔ စီးတီးအသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။ အသက္ ၂၅ႏွစ္အရြယ္ရွိ ေပၚတူဂီလက္ေရြးစင္ ကန္ဆယ္လုိဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဂ်ဴဗင္တပ္စ္ကေန စီးတီးကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ သူဟာ စီးတီးမွာ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးေနရတာေၾကာင့္ တစ္ႏုိင္ငံတည္းသား နည္းျပ ေမာ္ရင္ညိဳရွိရာ စပါးကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ El Desmarque သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေမာ္ရင္ညိဳကလည္း စပါးကို ေျပာင္းေရႊ႕လာဖုိ႔ ကန္ဆယ္လုိနဲ႔ သီးသန္႔ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။
ကန္ဆယ္လုိကလည္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲက်င္းပေတာ့မွာျဖစ္လုိ႔ ပြဲကစားခြင့္ပိုမုိရရွိလိုေနၿပီး စီးတီးမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္ အသင္းေျပာင္းဖို႔ စဥ္းစားဖြယ္ရွိေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေပါင္သန္း ၆၀ တန္အေျပာင္းအေရႊ႕နဲ႔ စီးတီးကို ေရာက္လာၿပီး ဒါနီလုိက ဆန္႔က်င္ဘက္အျဖစ္ ဂ်ဴဗင္တပ္စ္ကို ေရာက္သြားၿပီး ကန္ဆယ္လုိကေတာ့ စီးတီးမွာ ေ၀ၚလ္ကာရဲ႕ေနာက္ ဒုတိယဦးစားေပးညာေနာက္ခံလူအျဖစ္သာ ကစားခြင့္ရေနပါတယ္။
ကန္ဆယ္လုိဟာ ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၈ပြဲသာကစားခြင့္ရရွိထားၿပီး ယင္းတုိ႔အနက္ ၁၃ပဲြမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ခဲ့ျခင္းျဖစ္ကာ ညာေနာက္ခံလူအျဖစ္သာမက ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားခဲ့ရပါတယ္။ စပါးဟာ ဘင္ဖီကာကြင္းလယ္လူ ဂက္ဆန္ဖာနန္ဒက္စ္ကို ၁၈လအငွားစာခ်ဳပ္နဲ႔ ေခၚယူထားၿပီးျဖစ္ပါတယ္။
ဒါေပမဲ့ ေမာ္ရင္ညိဳအေနနဲ႔ ေနာက္ခံအစြန္လူျပႆနာေတြနဲ႔ရင္ဆုိင္ေနရၿပီး ဦးစားညာေနာက္ခံလူ ေအာ္ရီယာက ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရသလို အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနကာ ဘယ္ေနာက္ခံလူ ဒန္နီ႐ို႕စ္က စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္ အသင္းကေန ထြက္ခြာမယ္လုိ႔ အတိအလင္းဆုိထားသလုိ ေနာက္ထပ္ဘယ္ေနာက္ခံလူ ဘင္ေဒးဗီးစ္ကလည္း ႏုိ၀င္ဘာလကတည္းက ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရပါတယ္။
ကန္ဆယ္လုိကို စပါးအသင္းအျပင္ ဘာစီလုိနာကလည္း ေခၚယူဖုိ႔ စိတ္၀င္စားေနၿပီး ေပါင္သန္း ၅၀ တန္ေၾကးရွိပါတယ္။ ကန္ဆယ္လုိဟာ ဗလန္စီယာနဲ႔အတူ လာလီဂါမွာ ေျခစြမ္းျပခဲ့ဖူးလုိ႔ ဘာစီလုိနာနည္းျပသစ္ ဆီတီယန္က အသင္းေျပာင္းေရႊ႕ဖုိ႔ မ်ားေနတဲ့ ဆီမီဒိုရဲ႕ေနရာမွာ ကန္ဆယ္လုိနဲ႔ အစားထိုးလုိေနတာျဖစ္ပါတယ္။