ယူနိုက်တက်ရောက် ဖာနန်ဒက်စ်နဲ့ပတ်သက်ဆက်စပ်သမျှအကြောင်းအရာများ…….

January 31, 2020 Writer 0

ယူနိုက်တက်အသင်းသားဖြစ်လာပြီဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက်အမှန်တကယ်လိုအပ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ကွင်းလယ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဖာနန်ဒက်စ်ကိုပွဲစဉ်အတွင်း ဘယ်နေရာတွေမှာသုံးလို့ရမလဲဆိုတာ အရင်ဦးဆုံးပြောပြပေးပါမယ်။ဖာနန်ဒက်စ်တစ်ယောက်တည်းအားနဲ့ မဟုတ်ဘဲပိုပြီးအားကောင်းတဲ့ပုံစံဖြစ်စေဖို့အတွက်ကတော့ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊တိုမီနေး၊ရက်ရှ်ဖို့တို့ကွင်းထဲပြန်ဝင်ဖို့လိုနေပါတယ်။ (၄-၂-၃-၁) အခင်းအကျင်းနဲ့ဆိုရင် ဖာနန်ဒက်စ်က နံပါတ်နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နေရာ ကနေပွဲထွက်နိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးကို […]

ကျောနံပါတ် ၇ ကျိန်စာမမိချင်လို့ ၁၈ ကိုရွေးခဲ့တာလို့ ဖာနန်ဒက်စ်ပြော

January 31, 2020 kyaw kyaw Han 0

မန်ယူအသင်း ကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က အသင်းသစ်မှာကျောနံပါတ် ၁၈ ကိုရွေးခဲ့တာဟာ နံပါတ် ၇ ကျိန်စာကို မမိချင်လို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့်တင်းလစ္စဘွန်းအသင်းကနေ စုစုပေါင်းတန်ကြေးပေါင် ၆၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သူဖြစ်ပါတယ်။ သူဟာ စပို့တင်းမှာရှိတုန်းက နံပါတ် ၈ ကိုဝတ်ဆင်ခဲ့သူဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာတော့ ၁၆ ကိုရယူထားပါတယ်။ […]

ဝုဗ်နဲ့ပွဲမှာ ဖာနန်ဒက်စ်ပါမှာလားဆိုတဲ့အမေးကို ဆိုလ်းရှားဘယ်လိုပြန်ဖြေခဲ့သလဲ

January 31, 2020 kyaw kyaw Han 0

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူသစ် ဖာနန်ဒက်စ်ဟာ ကြံခိုင်မှုအပြည့်ရှိနေလို့ မနက်ဖြန်(စနေနေ့)မှာ ဝုဗ်နဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာပါဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီပွဲမှာ ဖာနန်ဒက်စ်ပါနိုင်မလားလို့ သတင်းထောက်တွေကမေးမြန်းမှုကို အခုလိုဖြေကြားသွားခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကိုပြီးခဲ့တဲ့ကြာသပတေးနေ့က ၅ နှစ်ခွဲစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူဟာကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၄၆.၆ သန်းပေးရမှာဖြစ်ပြီးအောင်မြင်မှုအပေါ်မူတည်ကာ ပေါင် ၆၈ သန်းအထိပေးရမှာဖြစ်ပါတယ်။သူဟာမန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ ကိုဝတ်မယ်လို့လည်းသိရပါတယ်။ သူဟာ […]

ဘောလုံးကန်လို့ရတဲ့ပိုက်ဆံထက် ပိုများတဲ့ငွေတွေဝင်နေတဲ့ ဘောလုံးမင်းသား

January 31, 2020 Writer 0

ဆိုရှယ်မီဒီယာခေတ်မှာ ဘောလုံးသမားတွေလည်း ဘောလုံးချည်းပဲကန်မနေဘဲ လူမှုကွန်ရက်ကနေ ပိုက်ဆံဝင်အောင်လုပ်ဆောင်နေကြပါတယ်။ ဘောလုံးသမားတွေထဲမှာတော့ စီရော်နယ်ဒိုက လက်ရှိမှာ အင်စတာဂရမ်ကနေ ဝင်ငွေအများဆုံးသော အားကစားသမားဖြစ်ပါတယ်။ Follower သန်း 200 ပြည့်သွားပြီဖြစ်တဲ့ဒိုလေးဟာအရင်နှစ်ကထက် အခုနှစ်မှာ ဆိုရှယ်မီဒီယာကနေ ငွေတွေသောက်သောက်လဲရ တော့မှာဖြစ်ပါတယ်။ အသက် (၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အင်စတာဂရမ်ကနေရတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် […]

ယူနိုက်တက်ရောက် ဖာနန်ဒက်စ်နဲ့အခြားအပြောင်းအရွှေ့သတင်းများ

January 31, 2020 Writer 0

အပြောင်းအရွှေ့သတင်းတွေကိုတင်ဆက်ရမယ်ဆိုရင် ပရိသတ်တွေအမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ ဖာနန်ဒက်စ်တစ်ယောက်ကတော့ ယူနိုက်တက်ကိုရောက်ရှိလာခဲ့ပါပြီ။ ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို 5နှစ်ခွဲစာချုပ်နဲ့ 2025 ခုနှစ်အထိခေါ်ယူနိုင်ခွင့်၊ 1 နှစ်ထပ် တိုးခွင့်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဖာနန်ဒက်စ် ယူနိုက်တက်မှာဝတ်ဆင်မယ့် ကျောနံပါတ်ကတော့ 18 ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင် ဖာနန်ဒက်စ်ဟာ သူ့ရဲ့စပို့တင်းပရိသတ်တွေ ကိုမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ပါတယ်။ ဘရူနိုဟာ ယူနိုက်တက်အသင်းရဲ့ […]

သရဲနီတပ်သားသစ်လေး ဘရူနို ဖာနန်ဒက်စ်ရဲ့နှုတ်ဆက်စကား

January 30, 2020 Writer 0

နွေရာသီ ကတည်းက စောင့်မျှော် နေခဲ့ ရတဲ့ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဆောင်းရာသီ ဈေးကွက် ပိတ်သိမ်းဖို့ ၂ ရက် အလိုမှာမှ ယူနိုက်တက် ကစား သမား ဖြစ်လာခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဖာနန်ဒက်စ် […]

အဝေးကွင်းမှာ မန်စီးတီးကိုနိုင်ခဲ့တဲ့ယူနိုက်တက်ပွဲစဉ်က သတိပြုမိတဲ့အချက်တွေ

January 30, 2020 Writer 0

အီတီဟတ် ကွင်းမှာ မန်စီးတီး နဲ့ ယူနိုက်တက် အသင်း တို့ဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် ကစားခဲ့ ကြပြီး 0 – 1 ဆိုတဲ့ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ အဲဒီပွဲမှာ […]

အသင်းသစ်စပါးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ဘက်ဗင်း ပစ်မှတ်ထား

January 29, 2020 phyo 0

Photo Credit Photo Credit ပီအက်စ်ဗွီကနေ စပါးကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာတဲ့တောင်ပံကစားသမား စတီဗင်ဘက်ဗင်းက အသင်းသစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထား ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဘက်ဗင်းဟာ ပီအက်စ်ဗွီနဲ့အတူ ၆နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် စပါးအသင်းနဲ့ ၂၀၂၅ အထိရှိမယ့် ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာပါ။ […]

ကိုပါအီတာလီယာဆီမီးမှာ ရင်ဆိုင်တွေ့ကြမယ့် အီဘရာဟီမိုဗစ်နဲ့ စီရော်နယ်ဒို

January 29, 2020 Zayar Phyo Han 0

photo-gettyimages photo-gettyimages မနေ့ညက ကစားသွားတဲ့ ကိုပါအီတာလီယာကွာတားဖိုင်နယ်ဟာ မိနစ် ၁၂၀ စလုံး အလှည့်အပြောင်းတွေနဲ့ ပြဇာတ်ဆန်ခဲ့ပြီး နောက်ဆုံးမှာ အေစီလန်က အချိန်ပိုမိနစ် ၃၀ က အနိုင်ဂိုးတွေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ သာမန်ပွဲချိန် မိနစ် ၉၀ မှာ အေစီမီလန်ဟာ ၂-၁ နဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ရမလိုဖြစ်ခဲ့ပေမယ့် နာကျင်အချိန်ပို ၉၁ […]

ဖာနန်ဒက်စ်အတွက် ပေါင် ၄၇ သန်းနီးပါးနဲ့ သဘောတူညီမှုရသွားတဲ့ မန်ယူ

January 29, 2020 Zayar Phyo Han 0

photo-gettyimages photo-gettimages မန်ယူအသင်းဟာ စပို့တင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်အတွက် ပေါင် ၄၇ သန်းနဲ့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒါက ကနဦးပြောင်းရွှေ့ကြေးသာဖြစ်ပြီး စွမ်းဆောင်မှုအလိုက်ထပ်ဆောင်းပေးရမှာတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် အဲဒီပေါ်တူဂီသားအတွက် မန်ယူကုန်ကျမှာက ပေါင် ၆၇.၈ သန်းအထိ ရှိသွားနိုင်ပါတယ်။ မန်ယူနဲ့စပို့တင်းအသင်းတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်ခင်မှာ ဖာနန်ဒက်စ်အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုတွေ အကြိတ်အနယ်ပြုလုပ်နေကြတာပါ။ photo-PA Images ဖာနန်ဒက်စ်ရဲ့ကနဦးပြောင်းရွှေ့ကြေးအတိအကျက ပေါင် […]